အရင်းအမြစ် ပြန်လည်အသုံးချမှု

အရင်းအမြစ် ပြန်လည်အသုံးချမှု

ထိန်းသိမ်းစောင့်ရှောက်ပါ၊
ပိုမိုကြာရှည်စွာ
သုံးပါ၊ ပြန်သုံးပါ

ထိန်းသိမ်းစောင့်ရှောက်ပါ၊ ပိုမိုကြာရှည်စွာ
သုံးပါ၊ ပြန်သုံးပါ

စက်မှုတော်လှန်ရေး ကတည်းက၊ စီးပွားရေး တိုးတက်မှုသည် သဘာဝသယံဇာတ အရင်းအမြစ်များကို ထုတ်ယူအသုံးချခြင်းနှင့် ဒွန်တွဲလျက်ရှိပါသည်။ ထိုကဲ့သို့သော သယံဇာတများ ကုန်ခမ်းခြင်းနှင့် ပတ်ဝန်းကျင် ပျက်စီးယိုယွင်းခြင်းမှ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများအကြောင်းကို ကျွမ်းကျင်သူများက သတိပေးထားပါသည်။
Samsung Electronics သည် ထိုသတိပေးချက်များကို သတိပြုမိကာ တုံ့ပြန်စီမံချက်အများအပြားကို အကောင်အထည်ဖော်ထားပါသည်။ ရှောင်လွှဲမရသော စွန့်ပစ်ပစ္စည်းကို လျှော့ချရန်၊ ကျွန်ုပ်တို့၏ ထုတ်ကုန်များ သက်တမ်းကို တိုးချဲ့ရန်နှင့် သက်တမ်းကုန်သော ထုတ်ကုန်များမှ ကုန်ကြမ်းများကို ထပ်သုံးရန် နည်းလမ်းများကို ရှာဖွေဖို့ အရင်းအမြစ်များကို လုံလောက်စွာ အသုံးပြုပြီး နည်းပညာ ဆန်းသစ်တီထွင်မှုများကို ဖန်တီးပါသည်။ ကျွန်ုပ်တို့သည် ပိုမိုနည်းပါးသောအရင်းအမြစ်များဖြင့် ပိုမိုကောင်းမွန်သော ထုတ်ကုန်များ ပြုလုပ်ကာ အီလက်ထရောနစ် စွန့်ပစ်ပစ္စည်းကို အသုံးပြုနိုင်သော အရင်းအမြစ်များအဖြစ်သို့ ပြောင်းလဲရန် ဆက်လက်၍ ကျွန်ုပ်တို့ အားထုတ်ကြိုးပမ်းသွားပါမည်။

ကျွန်ုပ်တို့က ပြန်လည်အသုံးချ စီးပွားရေး ဖြစ်လာရန် ကြိုးပမ်းဆောင်ရွက်ပါသည်

အကျပ်အတည်းအတွင်း ပတ်ဝန်းကျင်ကို ကာကွယ်ရန်နှင့် အရင်းအမြစ်များကို ပိုမိုထိရောက်စွာအသုံးပြုရန်၊ Samsung Electronics သည် ပြန်လည်အသုံးချ စီးပွားရေးစနစ်ကို အာရုံစိုက်သည့် ကြိုးပမ်းမှုများတွင် ပါဝင်လျက်ရှိပါသည်။ အရင်းအမြစ်များကို တစ်ကြိမ်သာသုံး၍ စွန့်ပစ်လေ့ရှိသော သမားရိုးကျအလေ့အထကို ကျော်လွန်ပြီး၊ Samsung သည် ထုတ်ကုန်များ၏ သက်တမ်းကြာရှည်စွာ ဆက်လက်အသုံးပြုနိုင်ကြောင်း၊ ထုတ်ကုန်သက်တမ်း ကုန်ဆုံးပြီးနောက် ပြန်လည်ရယူခြင်း၊ ပြန်လည်အသုံးပြုခြင်းနှင့် ပြန်အသုံးချခြင်းဖြင့် အရင်းအမြစ်များကို သက်တမ်းအဆုံးတွင် အကောင်းဆုံး အသုံးချကြောင်း သေချာစေရန် လုပ်ဆောင်နေပါသည်။

အရင်းအမြစ် ပြန်လည်ရယူရန်နှင့် စွန့်ပစ်ခြင်းမလုပ်မိစေရန် အသုံးပြုသည့် ပစ္စည်း အမျိုးအစားကို အနည်းဆုံးအထိ လျှော့ချပြီး စုစည်းမှုနည်းလမ်းကို အကောင်းဆုံးဖြစ်အောင် ပြုလုပ်ခြင်းဖြင့်၊ ကျွန်ုပ်တို့သည် အရင်းအမြစ်များကို အသုံးပြုမှု အနည်းဆုံးဖြစ်စေမည့် ထုတ်လုပ်မှုနည်းလမ်းများကို တီထွင်ထားပါသည်။ သက်တမ်းကုန်ဆုံးသွားသော ကုန်ပစ္စည်းများကို စုဆောင်းခြင်းဖြင့် ကျွန်ုပ်တို့သည် အဖိုးတန်ပစ္စည်းများကို ပြန်လည်ထုတ်ယူပါသည်။ ဤပြန်လည်အသုံးချ စီးပွားရေးစနစ်ဖြင့်၊ Samsung သည် ထုတ်လုပ်မှုအတွက် လိုအပ်သော သဘာဝအရင်းအမြစ်ပမာဏကို လျှော့ချပေးကာ အမှိုက်မီးရှို့ခြင်းနှင့် မူလထုတ်ယူခြင်းမှ ဖန်လုံအိမ်ဓာတ်ငွေ့နှင့် ညစ်ညမ်းမှုများကို လျှော့ချပြီး၊ အမှိုက်ပုံများကြောင့် ဖြစ်ပွားသော မြေဆီလွှာနှင့် မြေအောက်ရေများ ညစ်ညမ်းမှုမဖြစ်အောင် တားဆီးလျက်ရှိပါသည်။ မဖြန်ချီမီ တင်းကျပ်သော ယုံကြည်စိတ်ချရမှု စမ်းသပ်မှုများအဆင့်ဆင့်ဖြင့် ကျွန်ုပ်တို့၏ထုတ်ကုန်များ၏ ကြာရှည်ခံမှုကို အားကောင်းစေခြင်းဖြင့်သော်လည်းကောင်း စဉ်ဆက်မပြတ် ဆော့ဖ်ဝဲအပ်ဒိတ်များ အပါအဝင် ကျွန်ုပ်တို့၏ ကမ္ဘာလုံးဆိုင်ရာ ဝန်ဆောင်မှုတည်နေရာများမှတစ်ဆင့် အဆင်ပြေသော ပြုပြင်ဝန်ဆောင်မှုများကို ပံ့ပိုးပေးခြင်းဖြင့်သော်လည်းကောင်း၊ Samsung သည် အရင်းအမြစ်များကို ထိန်းသိမ်းပေးကာ တစ်ဖက်တွင်လည်း ပြန်လည်အသုံးချ စီးပွားရေးတွင် အထောက်အကူဖြစ်စေရန်အတွက် ကျွန်ုပ်တို့၏ထုတ်ကုန်များ၏ သက်တမ်းကို တိုးချဲ့လျက်ရှိပါသည်။

စက်ဝန်းပုံစီးပွားရေးမူများနှင့် စီမံလည်ပတ် စနစ်များ

ပြန်လည်အသုံးချ စီးပွားရေး စည်းမျဉ်းများ

  • 01

    ထုတ်ကုန် ဒီဇီုင်းဆွဲသည့်
    လုပ်ငန်းစဉ်မှစပြီး အရင်းအမြစ်
    ပြန်လည် အသုံးပြုနိုင်စွမ်းကို ထည့်သွင်းစဉ်းစားသည့်
    ပစ္စည်းများကို ထည့်သွင်းပြီး
    ပိုတာရှည်ခံသော durability ထုတ်ကုန်အသုံးပြုမှု
    ဖြစ်စေရန် တာရှည်ခံမှုကို တိုးမြှင့်ပါသည်။

  • 02

    ထုတ်လုပ်ရေးအတွင်း ရေအသုံးပြုမှုကို
    လျှော့ချပြီး ပစ္စည်းအစအနများကို
    ပြန်အသုံးချခြင်းဖြင့်
    စွန့်ပစ်ပစ္စည်းကို လျှော့ချပါသည်။

  • 03

    ထုပ်ပိုးမှု အရွယ်အစားကို
    လျှော့ချကာ ထောက်ပံ့ပို့ဆောင်ရေး
    စွမ်းရည်ကို မြှင့်တင်ခြင်းဖြင့်
    ဖြန့်ဝေမှုအတွင်း နည်းပါးသော
    အရင်းအမြစ်များကို
    သုံးပါသည်။

  • 04

    ကျွမ်းကျင်ပိုင်နိုင်သော ပြုပြင်ထိန်းသိမ်းရေး
    ဝန်ဆောင်မှုများ၏ ကွန်ရက်တစ်ခု
    ပံ့ပိုးပေးခြင်းဖြင့် ထုတ်ကုန်များကို ပိုမိုကြာရှည်စွာ အသုံးပြုနိုင်စေရန် သုံးစွဲသူများကို ထောက်ပံ့ပေးပါသည်။

  • 05

    ကျွန်ုပ်တို့သည် ထုတ်ကုန်များ သက်တမ်းကုန်ဆုံးချိန်တွင်
    စုဆောင်းပြီး
    ပြန်အသုံးချနိုင်စေသည့် စနစ်တကျ
    ပြန်လည်အသုံးချရေး
    မူဘောင်ကို ချမှတ်ပါသည်။

စက်ဝန်းစီးပွားရေး ဖွဲ့စည်းပုံ

သုံးစွဲသူ
အသုံးပြုမှု
  • ‧ တိုက်ရိုက်မဟုတ်သော GHG ထုတ်လွှတ်မှုများကို လျှော့ချရန် စွမ်းအင်အကျိုးများသော ထုတ်ကုန်များ အသုံးပြုသည်
  • ‧ ထုတ်ကုန်စွမ်းဆောင်ရည်ကို တိုးမြင့်စေကာ၊ ဖဲမ်ဝဲကို အဆင့်မြှင့်ပေးပြီး ထုတ်ကုန်အာမခံချက်ကို တိုးမြှင့်ပေးသည်
ပြုပြင်မှုနှင့် ပြန်အသုံးပြုမှု
  • ‧ ကမ္ဘာအနှံ့တွင် ဝန်ဆောင်မှုစင်တာများကို အဆက်မပြတ် ဖြန့်ကျက်လျှက်ရှိသည်
  • ‧ အဝေးမှလုပ်ဆောင်သော ကျွမ်းကျင် ခွဲခြမ်းစိတ်ဖြာရေး ဝန်ဆောင်မှုကို ဖြည့်ဆည်းပေးခြင်းဖြင့် ထုတ်ကုန်သက်တမ်းကို တိုးမြင့်စေသည်
Samsung
Electronics
တိုးတက်တီထွင်မှု
  • ‧ စွမ်းအင်နှင့် အရင်းအမြစ် သုံးစွဲမှုနည်းပါးသောထုတ်ကုန်များကို စီစဉ်ပါသည်
  • ‧ အပိုင်းများအဖြစ် ဖြုတ်နိုင်အောင်နှင့် ပြန်အသုံးပြုနိုင်အောင် လုပ်ဆောင်ရန် လွယ်ကူသော ထုတ်ကုန်များအဖြစ် ဒီဇိုင်းဆွဲထာပါးသည်
  • ‧ ထုတ်ကုန်၏ သက်တမ်းပိုတိုးလာသောဒီဇိုင်း
  • ‧ ပြဿနာရှိပစ္စည်းများ ပါဝင်ခြင်းမရှိသော ပစ္စည်းများနှင့် အစိတ်အပိုင်းများကို ဝယ်ယူပါသည်
  • ‧ ပြန်လည်အသုံးပြုနိုင်အောင် လုပ်ဆောင်နိုင်သည့် ပစ္စည်းများကဲ့သို့သော၊ ရေရှည်တည်တံ့နိုင်သည့်အရင်းအမြစ်များ အသုံးပြုမှုကို ကျယ်ပြန့်စေပါသည်
  • ‧ အသိအမှတ်ပြုထားသော"Eco Partners" နှင့်အတူ လုပ်ငန်းလုပ်ဆောင်ပါသည်
ထုတ်လုပ်ရေး
  • ‧ လုပ်ငန်းခွင်နေရာများတွင် အသစ်ပြန်ဖြစ်နိုင်သောစွမ်းအင် အသုံးပြုမှု ကျယ်ပြန့်စေသည်
  • ‧ ရေသုံးစွဲမှုကို လျော့နည်းစေကာ ပြန်အသုံးချမှုကို မြင့်တက်စေပါသည်
  • ‧ လုပ်ငန်းခွင်နေရာရှိ စွန့်ပစ်ပစ္စည်းများကို အရင်းအမြစ်များထဲတွင် ပြန်လည်အသုံးပြုသည်
  • ‧ လုပ်ငန်းခွင်နေရာများတွင် ဓာတုဆိုင်ရာအခြားနည်းလမ်းများကို သုံးသည်
ဖြန့်ဝေမှု
  • ‧ အရင်းအမြစ် ပြန်လည်အသုံးပြုမှုကို ထည့်သွင်းစဉ်းစားထားသည့် ထုပ်ပိုးပစ္စည်းများကို အသုံးပြုသည်
  • ‧ ကျစ်လစ်ပြီး ပေါ့ပါးသောထုပ်ပိုးမှု
  • ‧ ထောက်ပံ့ပို့ဆောင်မှုများကို အကောင်းဆုံးဖြစ်စေခြင်းဖြင့် GHG ထုတ်လွှတ်မှုများနှင့် လောင်စာအသုံးပြုမှုကို လျှော့ချပါသည်
ပြန်အသုံးပြုနိုင်ရန်လုပ်
ဆောင်သည့်ကုမ္ပဏီ
ပြန်လည်ရယူကာ ပြန်အသုံးပြုနိုင်ရန်လုပ်ဆောင်ခြင်
  • ‧ နိုင်ငံတိုင်းတွင် ပြန်လည်ရယူမှု ပရိုဂရမ်များကို လုပ်ဆောင်သည်
  • ‧ စွန့်ပစ်ထုတ်ကုန်ပစ္စည်းများထံမှ ပစ္စည်းများကို ရွေးယူကာ ပြန်အသုံးပြုသည်
  • ‧ အမှိုက်ရင်းမြစ်များအတွက် ဟာကွက်မရှိသော ပြန်အသုံးပြုနိုင်ရန် လုပ်ဆောင်သည့်စနစ်ကို လုပ်ဆောင်သည်

အထပ်ထပ် ပြန်သုံးနိုင်သော ထုတ်ကုန်များကို တီထွင်သည်

ပြန်လည်အသုံးပြုထားပြီး အသစ်ပြန်ဖြစ်သော ကုန်ပစ္စည်းများပါသည့် ထုတ်ကုန်များ

Samsung Electronics သည် အရင်းအမြစ်များကို ထိရောက်စွာ အသုံးပြုခြင်းနှင့် ကာလရှည် သုံးစွဲမှုကို ထည့်သွင်းစဉ်းစားသည့် ထုတ်ကုန် ဖွံ့ဖြိုးတိုးတက်ရေး၏ အရေးကြီးပုံကို အပြည့်အဝ နားလည်ပါသည်။ ၎င်းအချက်ကို မှတ်သားထားရင်း၊ ပတ်ဝန်းကျင်ဆိုင်ရာ သတိပြုသော ကုန်ပစ္စည်းများ အသုံးပြုမှုကို တိုးချဲ့ကာ၊ အသုံးပြုထားပြီးဖြစ်သည့် အရင်းအမြစ်များကို ပြန်လည်ရယူပြီး ပြန်လည်အသုံးပြုရန် ကြိုးပမ်းပါသည်။

အရင်းအမြစ် ပြန်လည်အသုံးပြုမှုကို ထည့်သွင်းစဉ်းစားထားသည့် ထုပ်ပိုးပစ္စည်းများ

Samsung Electronics သည် ကုန်ချောပစ္စည်းများတွင် ရိုးရိုးထုပ်ပိုးစက္ကူကို ရေရှည်တည်တံ့သော သစ်တောအသိအမှတ်ပြုစက္ကူနှင့် 100% ပြန်လည် ဆယ်တင်ထားသော စက္ကူဖြင့် 2020 တွင် အပြီးအပြတ်အစားထိုးထားပါသည်။ ကျွန်ုပ်တို့သည် ပလတ်စတစ်ထုပ်ပိုးပစ္စည်းများအားလုံးကို ပြန်လည် ဆယ်တင်ထားသော သို့မဟုတ် ဇီဝ ကုန်ပစ္စည်းများအဖြစ်သို့ ပြောင်းလဲရန် စီစဉ်ထားပါသည်။

ထုတ်ကုန် သက်တမ်းကို တိုးမြှင့်ရန် ကြိုးပမ်းနေပါသည်

ထုတ်ကုန် ဖော်ဆောင်ရာတွင် Samsung Electronics သည် ဝယ်ယူသူများအနေဖြင့် ထုတ်ကုန်များကို ကြာနိုင်သမျှ အကြာဆုံး အသုံးပြုနိုင်စေရန် အခြေအနေအမျိုးမျိုးအောက်တွင် တာရှည်ခံမှု စမ်းသပ်ခြင်းများ ပြုလုပ်ပြီး ပြုပြင်မှုများတွင် အလွယ်တကူ တစ်စစီဖြုတ်ရန်နှင့် ပြန်လည်အသုံးပြုရန် ထုတ်ကုန်များကို ဖန်တီးခြင်းဖြင့် ထုတ်ကုန် သက်တမ်းကို ထပ်တိုးရန် ကြိုးပမ်းပါသည်။

ပိုမြင့်မားသော တာရှည်ခံမှု

တာရှည်ခံမှုကို တိုးမြှင့်ရန် ပေးအပ်မြှုပ်နှံထားရင်း Samsung Electronics သည် ကြံ့ခိုင်မှု၊ ပြုတ်ကျဒဏ်ခံနိုင်မှုနှင့် သက်တမ်းကို အထောက်အထားပြရန် အခြေအနေအမျိုးမျိုးအောက်တွင် စမ်းသပ်မှုများ လုပ်ဆောင်ပါသည်။ ကျွန်ုပ်တို့၏ ထုတ်ကုန်များအား ဖန်တီးမှုအဆင့်မှစ၍ နိုင်ငံတကာ စံနှုန်းများ ပြည့်မီစေရန် ဒီဇိုင်းထွင်ထားရုံသာမကဘဲ အမျိုးမျိုးသော ရေစိုဒဏ်ခံနိုင်ရေး စမ်းသပ်မှုများဖြင့် မျက်နှာပြင်အမျိုးမျိုးနှင့် ရှုထောင့်မျိုးစုံမှ ပစ်ချ၍ စမ်းသပ်မှုများ အပါအဝင် Samsung Electronics အတွက် အထူးသီးသန့်ဖြစ်သည့် အမျိုးမျိုးသော ကန့်သတ် စမ်းသပ်မှုများလည်း လုပ်ဆောင်ပါသည်။

ပိုကောင်းသော ပြုပြင်နိုင်မှု

ပြုပြင်နိုင်မှုသည် ထုတ်ကုန်တစ်ခု ထုတ်လုပ်ချိန်တွင် ထည့်သွင်းစဉ်းစားရသည့် အလွန်အရေးကြီးသော အပိုင်းဖြစ်ပါသည်။ Samsung Electronics သည် အပိုင်းများအဖြစ် ဖြုတ်ရလွယ်ပြီး ပြုပြင်ရန် စရိတ်စကမကြီးသော ထုတ်ကုန်များနှင့် ပြန်အသုံးချရန် လွယ်ကူသည့် အစိတ်အပိုင်းများကို ဖန်တီးထုတ်လုပ်ရန် သုတေသန ဆက်လုပ်လျက်ရှိပါသည်။ ပြင်သစ်နိုင်ငံသည် ပြည်တွင်း၌ရောင်းချသော အီလက်ထရွန်နစ်ပစ္စည်းကို 2021 ဇန်နဝါရီမှစ၍ ‘ပြုပြင်နိုင်မှု အညွှန်းကိန်း (Indice de réparabilité)’ ကို လိုက်နာရန် ပြဌာန်းခဲ့ပြီး Samsung၏ မိုဘိုင်းဖုန်းမျိုးစုံနှင့် ရှေ့ဘက်မှ အဝတ်ထည့်သော အဝတ်လျှော်စက်များသည် အမြင့်ဆုံးအဆင့် (အစိမ်းရင့်) ကို ရရှိခဲ့သည်။ Samsung Electronics သည် ဝယ်ယူသူများထံ ပြုပြင်ရေး လက်စွဲများကဲ့သို့ နောက်ထပ် အချက်အလက်များပေးရန်နှင့် ကုန်ကြမ်းအချက်အလက်များနှင့် အပိုပစ္စည်းများကို စရိတ်သက်သာစွာဖြင့် စဉ်ဆက်မပြတ် ပံ့ပိုးပေးရန် အမြဲ ကြိုးပမ်းနေပါသည်။

ဝယ်ယူသူ ဝန်ဆောင်မှု

Samsung Electronics သည် ကျိုးပဲ့သော အပိုင်းများကို အစားထိုးရန်နှင့် ပြုပြင်မှုများကို အတတ်နိုင်ဆုံး လျှော့ချရန် ကြိုးပမ်းအားထုတ်ပါသည်။ ထုတ်ကုန်၏ အသုံးပြုနေစဉ်တစ်လျှောက် ဖြစ်ပေါ်သည့် ချို့ယွင်းမှုအမျိုးမျိုးအတွက် အမြန်ပြစ်ချက်ရှာမှုများနှင့် ပြုပြင်မှုများ ပံ့ပိုးပေးသည့် စက်ပြင်ဆရာများ ရှိသောကြောင့် ထုတ်ကုန်များ၏ သက်တမ်းကို တိုးမြှင့်နိုင်ပါသည်။ ထို့အပြင်၊ Samsung Care ပြုပြင်စင်တာများ တိုးချဲ့ခြင်းဖြင့် တိကျသော ပြစ်ချက်ရှာဖွေမှုများနှင့် စက်ပြင်ဝန်ဆောင်မှုများကို ပိုမြန်ဆန်စွာ ဆောင်ရွက်ပေးရန် အားထုတ်ကြိုးပမ်းနေပါသည်။

အသုံးပြုနှင့်ပြီးဖြစ်သော ရင်းမြစ်များကို ပြန်လည်ရယူအသုံးပြုပါသည်

တစ်ကြိမ်သုံးပြီးသည့်နောက် ရင်းမြစ်များကို စွန့်ပစ်သည့် ယခင် ရင်းမြစ် သုံးစွဲမှု စက်ဝန်းမှ ခွဲထွက်ရင်း၊ အသုံးပြုနှင့်ပြီးသားဖြစ်သော ရင်းမြစ်များကို ပြန်ဖော်ဆောင်ပြီး ပြန်အသုံးချသည့် ဟာကွက်မရှိသော ပြန်အသုံးပြုနိုင်ခြင်းကို ထည့်စဉ်းစားသည့် လုပ်ဆောင်မှုမျိုးစုံကို ကြိုးပမ်းလုပ်ဆောင်နေပါသည်။ သို့ဖြစ်ပါ၍ ကျွန်ုပ်တို့၏ ပင်မ ထုတ်ကုန်များပါ ကုန်ကြမ်းပစ္စည်းများကို ပြန်စိစစ်ပြီး ပြန်အသုံးပြုရုံသာမကဘဲ အစိုင်အခဲ မြေပုံတွေကို ရှင်းလင်းရန် စွန့်ပစ်ပစ္စည်း ကုစားရေး နည်းပညာများကို ဖော်ဆောင်ခြင်းနှင့် ကွဲထုတ်ရေး နည်းပညာ အသုံးချမှုကို တိုးချဲ့ခြင်းဖြင့် ဟာကွက်မရှိသော ပြန်အသုံးပြုနိုင်ရန် လုပ်ဆောင်သည့်စနစ် လူ့အဖွဲ့အစည်းကို ဖော်ဆောင်ရန် ကြိုးပမ်းပါသည်။

ဥပမာအားဖြင့်၊ ကျွန်ုပ်တို့သည် ကိုရီးယားရှိ Samsung Electronics မှတည်ထောင်ပြီး လည်ပတ်သော Asan ပြန်လည်အသုံးပြုခြင်း စင်တာမှ ဦးဆောင်သည့် အဓိကအရင်းအမြစ်များအတွက် ပြန်လည်အသုံးပြုခြင်းလုပ်ငန်းကို လုပ်ဆောင်ပါသည်။

Asan ပြန်လည်အသုံးပြုခြင်း စင်တာကို 1998 ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါသည်။ စင်တာတွင်၊ အဓိကသတ္တုများ (သံ၊ ကြေးနီ၊ အလူမီနီယံ၊စသည်ဖြင့်။) နှင့် ပလတ်စတစ်များကို ပြန်လည်အသုံးပြုရန်အတွက် စွန့်ပစ်ထားသော ရေခဲသေတ္တာများ၊ အဝတ်လျှော်စက်များနှင့် လေအေးပေးစက်များမှ ခွဲထုတ်ပါသည်။

ထူးခြားသည်မှာ၊ ပလတ်စတစ် အပိုင်းအစများကို ပြန်လည်အသုံးပြုသော ပလတ်စတစ် ထုတ်လုပ်သူများထံ ပံ့ပိုးပေးခြင်းဖြင့် ကျွန်ုပ်တို့သည် စွန့်ပစ်ပလတ်စတစ်အတွက် အထပ်ထပ် ပြန်လည်အသုံးပြုခြင်းအစီအစဉ်ကို ချမှတ်ခဲ့ပြီး၊ Samsung Electronics ၏ ထုတ်ကုန်များ တပ်ဆင်သည့် အစိတ်အပိုင်းများတွင် အဆိုပါပစ္စည်းများကို ပြန်အသုံးချရန် ၎င်းတို့နှင့် ပူးပေါင်းတီထွင်ထားသော နည်းပညာရှိပါသည်။
ထို့အပြင်၊ Samsung Electronics သည် သက်တမ်းကုန်ဆုံးသွားသော ဆဲလ်ဖုန်းများကို ပြန်လည်ရယူရန် ကမ်ပိန်းအမျိုးမျိုးကို ပြုလုပ်ထားပါသည်။ စုဆောင်းထားသည့် ဆဲလ်ဖုန်းများကို ပင်မကိုယ်ထည်နှင့် ဘက်ထရီအဖြစ် ခွဲထုတ်ထားကာ အဓိက အရင်းအမြစ်များကို ထုတ်ယူပြီး ပြန်လည်အသုံးပြုပါသည်။ အထူးသဖြင့် လစ်သီယမ်နှင့် ကိုဘော့ကဲ့သို့သော ရှားပါးသတ္တုများ ပါဝင်သော ဘက်ထရီများကို ပြန်လည်အသုံးပြုသော ကုမ္ပဏီများထံ ပေးပို့ကာ ပင်မသတ္တုအရင်းအမြစ်များကို ထုတ်ယူပြီး ဘက်ထရီအသစ်များ၏ အရင်းအမြစ်အဖြစ် အသုံးပြုပါသည်။

Asan ပြန်လည်အသုံးပြုခြင်း စင်တာတွင် စွန့်ပစ်ပလတ်စတစ်များကို ထပ်ခါထပ်ခါ ပြန်လည်သုံးစွဲခြင်းလုပ်ငန်းစဉ်

အပိုပစ္စည်းများ ထုတ်လုပ်မှု
/အစွန်းထွက်နေမှု

ရေခဲသေတ္တာ

သုံးစွဲသူများက အသုံးပြုကာ
စွန့်ပစ်ထားသည်

Asan ပြန်လည်အသုံးပြုခြင်း
စင်တာ

ကုန်ပစ္စည်းများအလိုက်
စဉ်ထားသောပလတ်စတစ်

ကုန်ကြမ်းပစ္စည်း
ပြန်လည်ထုတ်လုပ်ခြင်း
လုပ်ငန်းစဉ်

ကျွန်ုပ်တို့သည် ဒေသန္တရ ပြန်လည်အသုံးပြုခြင်းအစီအစဉ်များနှင့် အဖွဲ့အစည်းနှင့်အတူပူးပေါင်း၍ အီလက်ထရွန်နစ် စွန့်ပစ်ပစ္စည်းကို ပြန်လည်ထုတ်ယူပြီး ပြန်လည်အသုံးပြုကြပါသည်။

Samsung Electronics သည် သုံးစွဲသူများအနေဖြင့် စွန့်ပစ်ထုတ်ကုန်များကို အဆင်ပြေစွာ စွန့်ပစ်နိုင်စေရန် ဒေသအလိုက် စိတ်ကြိုက်ပြုလုပ်ထားသော စုဆောင်းသည့် ဝန်ဆောင်မှုများကို ပံ့ပိုးပေးပါသည်။
မည်သည့် အီလက်ထရွန်နစ် စွန့်ပစ်ပစ္စည်းမဆို အမှတ်တံဆိပ် မခွဲခြားဘဲ စုဆောင်းပါသည်။
စုဆောင်းထားသော အီလက်ထရွန်နစ် စွန့်ပစ်ပစ္စည်းများကို ပြန်လည်အသုံးပြုသည့် စက်ရုံများတွင် သတ္တုနှင့် ပလတ်စတစ်အတွက် အရင်းအမြစ်အဖြစ် ပြန်အသုံးချရန် ခွဲထုတ်ခြင်းနှင့် ကြိတ်ခွဲခြင်း အပါအဝင် ကြိုတင်လုပ်ဆောင်ခြင်းမှတဆင့် လုပ်ဆောင်ပါသည်။
ကျွန်ုပ်တို့သည် ပြန်လည်အသုံးပြုခြင်း ဝန်ဆောင်မှု မိတ်ဖက်များအတွက် ဌာနတွင်း လိုအပ်ချက်များကိုလည်း လုပ်ဆောင်ပြီး (' WEEE စီမံခန့်ခွဲခြင်း အတွက်Samsung လိုအပ်ချက်များ’)
၎င်းသည် EHSဆိုင်ရာ ဥပဒေများနှင့် စည်းမျဉ်းများ၊ ကုန်စည်ပေးသွင်းသူ စီမံခန့်ခွဲမှု၊ တရားမဝင် စွန့်ပစ်ပစ္စည်းများ တင်ပို့ခြင်းကို တားမြစ်ခြင်း စသည်ဖြင့် သတ်မှတ်ပေးပါသည်။
ဒေသအလိုက် Samsung Electronics ၏ အသေးစိတ် ပြန်လည်အသုံးပြုခြင်းအစီအစဉ်များကို အောက်တွင်ကြည့်ရှုနိုင်ပါသည်-

ဒေသဆိုင်ရာ ပြန်လည်အသုံးချရေး အစီအစဉ်များ

ကျွန်ုပ်တို့သည် အလုပ်ခွင်အားလုံးတွင် အမှိုက်ပစ်ရာ၌ စွန့်ပစ်ပစ္စည်း လုံးဝကင်းစင်သွားရန် ကြိုးပမ်းဆောင်ရွက်ပါသည်။

Samsung Electronics သည် လုပ်ငန်းဆိုက်များမှ စွန့်ပစ်ပစ္စည်းများကို လျှော့ချရန်အပြင် စွန့်ပစ်ပစ္စည်းမှ ပြန်လည်အသုံးပြုမှုနှုန်းကို တိုးမြှင့်ရန် လှုပ်ရှားမှုများကို လုပ်ဆောင်ပါသည်။
ဤအချက်ဖြင့်၊ ကျွန်ုပ်တို့သည် 2021 ခုနှစ်တွင် စွန့်ပစ်ပစ္စည်း ပြန်လည်အသုံးပြုမှုနှုန်း 96% ကို ရရှိခဲ့ပါသည်။ ထို့အပြင် ကျွန်ုပ်တို့၏ တစ်ပိုင်းလျှပ်ကူးပစ္စည်း လုပ်ငန်းခွင်များသည် လုပ်ငန်းနယ်ပယ်၌ ပထမဆုံးအကြိမ် အမှိုက်ပစ်ရာတွင် စွန့်ပစ်ပစ္စည်း လုံးဝကင်းစင်သွားရန် အကောင်အထည်ဖော်ခြင်းကို အောင်မြင်ခဲ့ပါသည်။

ကျွန်ုပ်တို့၏ အမှိုက်ပစ်ရာတွင် စွန့်ပစ်ပစ္စည်း လုံးဝကင်းစင်သွားရန် စတင်လုပ်ဆောင်ချက်များကို ပြင်ပအဖွဲ့အစည်းတစ်ခုမှတစ်ဆင့် တရားဝင်စစ်ဆေးပြီးဖြစ်ပါသည်။ မကြာမီကာလအတွင်းတွင် ကျွန်ုပ်တို့၏ ကမ္ဘာ့စီးပွားရေးလုပ်ငန်းခွင်များ အားလုံးသည် အမှိုက်ပစ်ရာတွင် စွန့်ပစ်ပစ္စည်း လုံးဝကင်းစင်ခြင်းအသိအမှတ်ပြုလက်မှတ်ရရှိရန်နှင့် အသိအမှတ်ပြုလက်မှတ်အဆင့်ကို အဆင့်မြှင့်တင်ရန် ကြိုးပမ်းသွားပါမည်။

စွန့်ပစ်ပစ္စည်းသန့်စင်ရေး လုပ်ငန်းစဉ်

အဖိုးတန်သော ရေရင်းမြစ်များကို ထိန်းသိမ်းပြီး ပြန်သုံးပါ

ရေရင်းမြစ် စီမံခန့်ခွဲရေးသည် ပတ်ဝန်းကျင်ကို ကာကွယ်ရာတွင် ပထမအဆင့် ဖြစ်ပါသည်။

ရေအရင်းအမြစ် စီမံခန့်ခွဲမှုသည် ကျွန်ုပ်တို့၏ လုပ်ငန်းခွင်နေရာများတစ်ဝိုက်ရှိ ပတ်ဝန်းကျင်ကို ကာကွယ်ခြင်း၏ တစ်သားတည်ဖြစ်သော အစိတ်အပိုင်းဖြစ်ကာ၊ တစ်ချိန်တည်းတွင်၊ ထုတ်ကုန်ထုတ်လုပ်မှုလုပ်ငန်းစဉ်၏ ပဓာနကျသောအစိတ်အပိုင်းလည်း ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ရေအရင်းအမြစ်များကို စီမံခန့်ခွဲရာတွင် 3Rs – လျှော့ချပါ၊ ပြန်သုံးပါ၊ ပြန်လည်အသုံးပြုနိုင်အောင် လုပ်ဆောင်ပါ – ပေါ်၌ အာရုံစိုက်ထားပါသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ လုပ်ငန်းခွင်နေရာများကို အကောင်းဆုံးဖြစ်အောင်လုပ်ဆောင်ခြင်း၊ ဗားအဟောင်းများကို အစားထိုးခြင်းနှင့် ဆောင်ရွက်မှုစံနှုန်းများကို တိုးတက်စေခြင်းကဲ့သို့သော လျှော့ချသည့်အားထုတ်ကြိုးပမ်းမှုများဖြင့် နေ့စဉ်နေ့တိုင်းတွင် စွန့်ပစ်ရေ ပြန်အသုံးပြုမှုနှုန်းကို အမြင့်ဆုံးဖြစ်အောင် လုပ်ဆောင်နေပါသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ထုတ်လုပ်သည့်လုပ်ငန်းစဉ်များကို တိုးတက်စေခြင်းနှင့် ပြန်လည်သုံးစွဲခြင်းစနစ်များကို ဖွဲ့စည်းခြင်းကဲ့သို့သော ဖွဲ့စည်းပုံဆိုင်ရာ တိုးတက်စေမှုတို့ကိုလည်း လုပ်ဆောင်ပါသည်။ ကျွန်ုပ်တို့သည် ရေလိုအပ်မှုများပြားသောဒေသများတွင် တည်ရှိသည့် ကျွန်ုပ်တို့၏ လုပ်ငန်းခွင်နေရာများတွင် ရေနှင့်ဆိုင်သည့်အန္တရာယ်များကို အကန့်ခွဲခြားကာ သီးခြားအန္တရာယ်အခြေပြု နည်းဗျူဟာများဖြင့် တုံ့ပြန်ရန် CDP ၏ ရေဆိုင်ရာလမ်းညွှန်ချက်ကိုလည်း အသုံးပြုပါသည်။

Our water resource policies

ကျွန်ုပ်တို့၏ သဘောတရားခံယူချက်

ကျွန်ုပ်တို့သည် ရေရှည်တည့်တံ့နိုင်သော လူမှုအသိုင်းအဝိုင်းနှင့် ကော်ပိုရိတ် စီမံခန့်ခွဲမှုတွင် ရေ၏ အရေးကြီးပုံကို သိရှိသဘောပေါက်ကာ ရေအရင်းအမြစ်များကို ကာကွယ်ရမည့် ကမ္ဘာတစ်ဝှမ်း ကော်ပိုရိတ်နိုင်ငံသားတစ်ဦးအနေဖြင့် ကျွန်ုပ်တို့၏တာဝန်ကို ဖြည့်ဆည်းဆောင်ရွက်ပါသည်။

အရေးယူလုပ်ဆောင်မှုဆိုင်ရာ လမ်းညွှန်ချက်များ
  • လုပ်ငန်း စီမံခန့်ခွဲမှုတွင် ရေအရင်းအမြစ်ဆိုင်ရာ ပြဿနာများကို လျော့ကျစေသည်

    နည်းပညာအသစ်များကို ဆက်လက်စူးစမ်းလေ့လာကာ မိတ်ဆက်ပေးနေစဉ်တွင် ပြဿနာများကိုလည်း လျှော့ချရန်၊ ရေအရင်းအမြစ်များ ထုတ်လုပ်မှုကဲ့သို့သော ကျွန်ုပ်တို့၏ လုပ်ငန်းလုပ်ဆောင်ချက်များ၏ သက်ရောက်မှုကို အကဲဖြတ်ပါသည်

  • ကျွန်ုပ်တို့၏ ကော်ပိုရိတ်အစဉ်အလာ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ရေအရင်းအမြစ်များ၏ အရေးကြီးပုံကို သိရှိသဘောပေါက်သည်

    ကျွန်ုပ်တို့၏ ကော်ပိုရိတ်အစဉ်အလာ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ထိန်းသိမ်းထားရှိမှုနှင့် အကျိုးပြုနိုင်မှုကို ဖွဲ့စည်းထားသည်၊ ရေအရင်းအမြစ်စီမံခန့်ခွဲမှုအတွက် ၎င်းတို့၏ တာဝန်ကိုနားလည်ကာ၊ ထိပ်တန်းဦးစားပေးအနေဖြင့် ဒေသတွင်း အဖွဲ့အစည်းများနှင့် ပတ်ဝန်းကျင်ပေါ်တွင် ကျွန်ုပ်တို့၏ ဆောင်ရွက်ချက်များ၏ သက်ရောက်မှုကို စဉ်းစားရန် ဝန်ထမ်းများကို ကူညီပေးပါသည်

  • ရေအရင်းအမြစ်များ ကာကွယ်ရာတွင် ပြင်ပမူဝါဒများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သည်။

    ရေအရင်းအမြစ်များနှင့်ဆိုင်သော လမ်းညွှန်ချက်များပေါ်တွင် အခြေခံကာ၊ ရေအရင်းအမြစ်များကို ကာကွယ်ခြင်းနှင့် ထိန်းသိမ်းခြင်းထံ ရည်ရွယ်သည့် မူဝါဒများကို ဖော်ဆောင်ချမှတ်ရန် ဒေသတွင်းနှင့် ဗဟို အစိုးရများနှင့်သာမက နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပါ တက်ကြွစွာ ပူးပေါင်းလုပ်ဆောင်သည်

  • ကျွန်ုပ်တို့၏ ရေအရင်းအမြစ်ဆိုင်ရာ မူဝါဒများနှင့် လုပ်ဆောင်ချက်များကို ဖွင့်ဟပြောပြသည်

    ဒေသတွင်းအဖွဲ့အစည်းများ အပါအဝင် ကျွန်ုပ်တို့၏ ရှယ်ယာရှင်များထံ ဖွင့်ဟဖော်ပြသော ရေအရင်းအမြစ်များ အသုံးပြုမှုနှင့်စပ်လျဉ်းသော ကော်ပိုရိတ် မူဝါဒများနှင့် လုပ်ဆောင်ချက်များသည် ရှင်းလင်းကာ ပွင့်လင်းမြင်သာမှုရှိကြောင်း သေချာစေပါသည်

ရေအရင်းအမြစ်ဆိုင်ရာ ပြဿနာ ဆန်းစစ်လေ့လာခြင်းနှင့် တန်ပြန်လုပ်ဆောင်ရေး နည်းဗျူဟာများ

ရုပ်ပိုင်းဆိုင်ရာ ပြဿနာများ

  • မိုးခေါင်ခြင်း
    • ကုန်ထုတ်လုပ်သည့် စက်ကိရိယာများနှင့် ရေပြန်အသုံးချသည့် စက်ရုံများလည်ပတ်ရန် လိုအပ်သည့် ပျမ်းမျှအားဖြင့် တစ်ရက်စာရှိသော ရေပမာဏကို ထိန်းထားနိုင်သော ရေသိုလှောင်ကန် တည်ဆောက်ခြင်း
    • * သက်ဆိုင်ရာ ဒေသများ- မက္ကဆီကို၊ အိန္ဒိယ၊ စသည်ဖြင့်။
  • ရေကြီးခြင်း
    • အနီးနားရှိ မြစ်ရေကြီးခြင်းမှ အလုပ်ခွင်ရေမြုပ်ခြင်းမဖြစ်အောင် တားဆီးရန် ဆည်မြောင်းများ တည်ဆောက်ခြင်း၊ ရေဘေးအန္တရာယ် ကာကွယ်ရေး ပစ္စည်းများကို ပုံမှန်စစ်ဆေးခြင်းနှင့်အတူ သဘာဝဘေးအန္တရာယ် အာမခံလျော်ကြေးအား နှစ်အလိုက် သက်တမ်းတိုးခြင်း၊ အရေးပေါ်တုံ့ပြန်ရေးစနစ် ချမှတ်ပြီး ပုံမှန်လေ့ကျင့်မှုများ ပြုလုပ်ခြင်း
    • * သက်ဆိုင်ရာဒေသ- အင်ဒိုနီးရှား၊ စသည်ဖြင့်။
  • ရေအရည်အသွေး ကျဆင်းလာခြင်း
    • ကုမ္ပဏီတွင်းသုံး ရေအရည်အသွေး စူးစမ်းလေ့လာမှုကို ပို၍မကြာခဏ ပြုလုပ်ပြီး ရေသန့်စင်သည့် ပံ့ပိုးလုပ်ဆောင်မှုများ၏ စွမ်းဆောင်ရည်ကို ပိုမိုမြှင့်တင်ခြင်း
    • * သက်ဆိုင်ရာဒေသများ- ဘရာဇီး၊ အီဂျစ်၊ အိန္ဒိယ၊ စသည်ဖြင့်။
  • ဂေဟစနစ် ကြံ့ခိုင်မှု
    • ဒေသဆိုင်ရာ အစိုးရများနှင့် ပူးပေါင်း၍ ပုံမှန် သန့်စင်ရေးလုပ်ရှားမှုများ ဆောင်ရွက်ခြင်းနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ထုပ်ဝန်ပိုး လျှော့ချရေး ကြိုးပမ်းမှုများ တိုးချဲ့ဆောင်ရွက်ခြင်း
    • * သက်ဆိုင်ရာဒေသများ- ဗီယက်နမ်၊ အမေရိကန်၊ ပိုလန်၊ စသည်ဖြင့်။

စည်းမျဥ်းစည်းကမ်းနှင့် ဂုဏ်သိက္ခာဆိုင်ရာ ပြဿနာများ

  • မူဝါဒများနှင့် ဥပဒေများ
    • စဉ်ဆက်မပြတ် စောင့်ကြည့်လေ့လာခြင်းနှင့် ဒေသန္တရ ပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒများနှင့် စည်းမျဉ်းများနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း
    • နိုင်ငံတစ်ခုစီ၏ ခွင့်ပြုထားသော ထုတ်လွှတ်မှုစံနှုန်းများထက် ပိုမိုတင်းကျပ်သော စံနှုန်းများဖြင့် စီမံခန့်ခွဲခြင်း
  • အခြေခံမူဘောင်နှင့် ရင်းနှီးမြှုပ်နှံမှု
    • လုပ်ငန်းခွင်များ၌ စွန့်ပစ်ရေများကို ကုမ္ပဏီတွင်း သန့်စင်ခြင်းအပြင် စက်မှုဇုန်အတွင်းရှိ နောက်ဆုံးသန့်စင်ခြင်း ပံ့ပိုးလုပ်ဆောင်မှုတွင် သန့်စင်ခြင်း
    • လုပ်ငန်းခွင်များမှထွက်သော ရေအရည်အသွေးကို တိုင်းတာခြင်းနှင့် စီမံခန့်ခွဲခြင်း၊ သန့်ရှင်းသောရေအရင်းအမြစ်များရရှိရန် စက်ရုံများတွင် ရင်းနှီးမြှုပ်နှံမှု အဆက်မပြတ် တိုးချဲ့ခြင်း
  • အစိုးရနှင့် အုပ်ချုပ်ရေး
    • ဒေသခံအစိုးရများ၊ အဖွဲ့အစည်းများနှင့် တက်ကြွစွာ ဆက်သွယ်‌ပြောဆိုခြင်း၊ ပတ်ဝန်းကျင် ကာကွယ်ရေး လှုပ်ရှားမှုများကို လုပ်ဆောင်ခြင်း
    • ပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားမှုများကို စတင်လုပ်ဆောင်ခြင်း