အမြင်အာရုံ

အမြင်အာရုံ

စမတ်ဖုန်း/တက်ဘလက်

TalkBack
စခရင် ဖတ်ခြင်း လုပ်ဆောင်ချက်သည် အမြင်အာရုံချို့ယွင်းမှုရှိသော သုံးစွဲသူများကို ကူညီပေးသည်။ ၎င်းသည် စခရင်ရှိ အကြောင်းအရာများအကြောင်း သုံးစွဲသူများနားလည်စေရန် ကူညီပေးရာတွင် စကားပြောတုံ့ပြန်ချက်ကို ‌ပံ့ပိုးပေးသည်။ စခရင်ကို မကြည့်ဘဲ သင့်စက်ကို သုံးနိုင်သည်။
  • * ဖွင့်နည်း - ဆက်တင်များ > အသုံးပြုနိုင်မှု > TalkBack
  • * ရှိပြီးသား Voice Assistant နှင့် Google ၏ TalkBack ကို တစ်စုတစ်စည်းတည်း မျက်နှာပြင်ဖတ်သူ လုပ်ဆောင်ချက်တစ်ခုတွင် အသစ်ပေါင်းစပ်ထားပါသည်။ TalkBack လုပ်ဆောင်ချက်အသစ်သည် စခရင်ဖတ်သူတိုင်း၏ အားသာချက်များနှင့် အထောက်အထားများကို ပေါင်းစပ်ထားသည်။ သင်ကိုယ်တိုင် ခံစားကြည့်ပါ။ * Google TalkBalk နှင့်အတူ Voice Assistant ၏ လုပ်ဆောင်ချက်များ (One UI 3.0 နှင့် အထက်) ကို ဆက်လက်ပံ့ပိုးပေးပါမည်။
ပိုမိုလေ့လာရန်
မြင်ကွင်း မုဒ်
မြင်ကွင်းမုဒ်တွင် သင်သည် စခရင်၏ အလင်းအမှောင် ခြားနားမှုကို တိုးမြှင့်နိုင်သည် သို့မဟုတ် အကြောင်းအရာများကို ပိုကြီးအောင် ပြုလုပ်နိုင်သည်။ အလင်းအမှောင် မြင့်မားသော ဖောင့်များ၊ အလင်းအမှောင် မြင့်မားသော ကီးဘုတ်နှင့် စခရင် Zoom ကဲ့သို့သော အသုံးပြုနိုင်မှု လုပ်ဆောင်ချက်တစ်ခုစီကို ဖွင့်ရန် မလိုအပ်ပါ။ သင့်အတွက်သင့်လျော်သောမုဒ်ကို သင်ချက်ချင်းရွေးချယ်နိုင်သည်။
  • * အသုံးချနည်း - ဆက်တင်များ > အသုံးပြုနိုင်မှု > အမြင် မြှင့်တင်မှုများ > မြင်ကွင်း မုဒ်
  • * ဤလုပ်ဆောင်ချက်ကို One UI 4.0 နှင့်အထက်မှ ရရှိနိုင်ပါသည်။
အလင်းအမှောင် မြင့်မားသော အပြင်အဆင်
ပိုမိုလွယ်ကူစွာဖတ်ရှုနိုင်စေရန်နှင့် မြင်နိုင်စွမ်းပိုမိုမြင့်မားစေရန် မှောင်သောနောက်ခံတွင် အလင်းရောင်အကြောင်းအရာပါသည့် အပြင်အဆင်ကို အသုံးပြုပါ။ အထူးသဖြင့် သင့်ဖုန်းကို မှောင်သောပတ်ဝန်းကျင်တွင် သို့မဟုတ် အချိန်ကြာကြာအသုံးပြုသည့်အခါ မျက်လုံးပင်ပန်းနွမ်းနယ်မှုကို လျှော့ချပေးသည်။ Galaxy Themes များတွင် ရရှိနိုင်သော ခြားနားမှုမြင့်မားသော အပြင်အဆင်များ အမျိုးမျိုးရှိသည်။

* အသုံးချနည်း - ဆက်တင်များ > အသုံးပြုနိုင်မှု > အမြင် မြှင့်တင်မှုများ > အလင်းအမှောင် မြင့်မားသော အပြင်အဆင်

အလင်းအမှောင် မြင့်မားသော ဖောင့်များ
စာသားနှင့် နောက်ခံအကြား အလင်းအမှောင် ခြားနားမှုကို တိုးမြှင့်ရန် ဖောင့်များ၏ အရောင်နှင့် ပုံကြမ်းကို ချိန်ညှိပါ။

* အသုံးချနည်း - ဆက်တင်များ > အသုံးပြုနိုင်မှု > အမြင် မြှင့်တင်မှုများ > အလင်းအမှောင် မြင့်မားသော ဖောင့်များ

အလင်းအမှောင် မြင့်မားသော ကီးဘုတ်
အလင်းအမှောင် မြင့်မားသော ကီးဘုတ်ရွေးချယ်စရာအမျိုးမျိုးသည် Samsung ကီးဘုတ်၏အရွယ်အစားကို တိုးစေပြီး စာသားနှင့် နောက်ခံအကြား အလင်းအမှောင် ခြားနားမှုကို တိုးမြှင့်ရန်အတွက် ကီးများ၏အရောင်ကို ပြောင်းလဲပေးသည်။

* အသုံးချနည်း - ဆက်တင်များ > အသုံးပြုနိုင်မှု > အမြင် မြှင့်တင်မှုများ > အလင်းအမှောင် မြင့်မားသော ကီးဘုတ်

အလင်းကဲသော ခလုတ်များ
ထင်ရှားပေါ်လွင်စေရန် ခလုတ်များကို အရောင်များဖြင့် ပြပါ။

* အသုံးချနည်း - ဆက်တင်များ > အသုံးပြုနိုင်မှု > အမြင် မြှင့်တင်မှုများ > အလင်းကဲသော ခလုတ်များ

Relumino ဖော်ပြချက်
မှုန်ဝါးသော အမြင်အာရုံကြောင့် သင့်ဖန်သားပြင်ရှိ ဗီဒီယို သို့မဟုတ် ဓာတ်ပုံများတွင် အရာဝတ္ထုများကို မြင်ရန်အခက်အခဲရှိနေပါက၊ Relumino ဖော်ပြချက်ကို စမ်းကြည့်ပါ။ ၎င်းသည် အရာဝတ္ထုများနှင့် ၎င်းတို့၏ပတ်ဝန်းကျင်ကြား ပိုင်းခြားနိုင်သော နယ်နိမိတ်များကို ပေးဆောင်သည်။
  • * အသုံးချနည်း - ဆက်တင်များ > အသုံးပြုနိုင်မှု > အမြင် မြှင့်တင်မှုများ > Relumino ဖော်ပြချက်
  • * ဤလုပ်ဆောင်ချက်ကို One UI 6.1 မှ ရရှိနိုင်ပါသည်။
  • * လုပ်ဆောင်ချက်ကို ရရှိနိုင်မှုသည် မော်ဒယ်လ် သတ်မှတ်ချက်များပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်။
အရောင် ပြောင်းခြင်း
ပိုမိုကောင်းမွန်စွာမြင်နိုင်စေရန်အတွက် စခရင်၏ အရောင်များကို ပြောင်းပါ။

* အသုံးချနည်း - ဆက်တင်များ > အသုံးပြုနိုင်မှု > အမြင် မြှင့်တင်မှုများ > အရောင် ပြောင်းခြင်း

အရောင် ပြုပြင်ခြင်း
မျက်နှာပြင်ပေါ်ရှိ အချို့သောအရောင်များကို ပိုင်းခြားရန် ခက်ခဲပါက၊ ၎င်းတို့ကို ပိုမိုကောင်းမွန်စွာ ခွဲခြားနိုင်စေရန်အတွက် အရောင်ပြင်ဆင်မှုကို အသုံးပြုပါ။ ၎င်းသည် သင့်အတွက် အသင့်တော်ဆုံးဖြစ်သော အရောင်ပေါင်းစပ်မှုကို ချိန်ညှိနိုင်ပြီး သတ်မှတ်နိုင်စေမည်ဖြစ်သည်။
  • * အသုံးချနည်း - ဆက်တင်များ > အသုံးပြုနိုင်မှု > အမြင် မြှင့်တင်မှုများ > အရောင် ပြုပြင်ခြင်း
အရောင်စစ်ကိရိယာ
လူအချို့သည် အဖြူရောင်နောက်ခံတွင် စာဖတ်ခြင်းက ၎င်းတို့အား ဖတ်နေသည့် ဆောင်းပါး သို့မဟုတ် မက်ဆေ့ချ်မှ သွေဖည်သွားစေ၍ ဖတ်ရခက်စေသည်ဟု ခံစားကြရပါသည်။ သင့်တွင် ဤပြဿနာမျိုး ရှိပါက၊ အရောင်စစ်ထုတ်မှုလုပ်ဆောင်ချက်က သင့်အား ကူညီနိုင်ပါသည်။ သင်၏စခရင်၏အရောင်ကိုပြောင်းလဲခြင်းသည် စာဖတ်နှုန်းနှင့် သက်သောင့်သက်သာဖြစ်မှုကို တိုးလာစေသည်ဟု ပြသထားသည်။
  • * အသုံးချနည်း - ဆက်တင်များ > အသုံးပြုနိုင်မှု > အမြင် မြှင့်တင်မှုများ > အရောင်စစ်ကိရိယာ
  • * လုပ်ဆောင်ချက်ကို ရရှိနိုင်မှုသည် မော်ဒယ်လ် သတ်မှတ်ချက်များပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်။
ရုပ်လုံးကြွများကို လျှော့ချခြင်း
စာမျက်နှာများအကြား သို့မဟုတ် အပလီကေးရှင်းများအသုံးပြုမှုမှတစ်ဆင့် ဖြစ်ပေါ်လာသော လှုပ်ရှားမှုသက်ရောက်မှုများကို လျှော့ချခြင်း သို့မဟုတ် ဖယ်ရှားခြင်းဖြင့် မျက်စိပင်ပန်းနွမ်းနယ်မှုကို လျှော့ချပါ။

* အသုံးချနည်း - ဆက်တင်များ > အသုံးပြုနိုင်မှု > အမြင် မြှင့်တင်မှုများ > ရုပ်လုံးကြွများကို လျှော့ချခြင်း

ဖောက်ထွင်းမြင်ရမှုနှင့် မှုန်ဝါးမှုကို လျှော့ချခြင်း
၎င်းတို့ကို ပို၍ မြင်နိုင်အောင်ပြုလုပ်ရန် ဒိုင်ယာလော့ခ်များနှင့် မီနူးများတွင် ပွင့်လင်းမြင်သာဖြစ်မှုနှင့် မှုန်ဝါးမှုကို လျှော့ချပါ။
  • * အသုံးချနည်း - ဆက်တင်များ > အသုံးပြုနိုင်မှု > အမြင် မြှင့်တင်မှုများ > ဖောက်ထွင်းမြင်ရမှုနှင့် မှုန်ဝါးမှုကို လျှော့ချခြင်း
  • * ဤလုပ်ဆောင်ချက်ကို One UI 4.0 မှ ရရှိနိုင်ပါမည်။
အပိုမှိန်ခြင်း
တောက်ပမှုအနိမ့်ဆုံး ချိန်ညှိချက်တွင်ပင် သင့်စခရင်သည် အလွန်လင်းနေလျှင် အမှောင်ထဲတွင် ပို၍သက်သောင့်သက်သာ စာဖတ်ရန်အတွက် အပိုမှုန်ဝါးမှုကို ဖွင့်ပါ။
  • * အသုံးချနည်း - ဆက်တင်များ > အသုံးပြုနိုင်မှု > အမြင် မြှင့်တင်မှုများ > အပို မှိန်ခြင်း
  • * ဤလုပ်ဆောင်ချက်ကို One UI 4.0 မှ ရရှိနိုင်ပါမည်။
  • * လုပ်ဆောင်ချက်ကို ရရှိနိုင်မှုသည် မော်ဒယ်လ် သတ်မှတ်ချက်များပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်။
ပုံကြီးချဲ့ခြင်း
သင်သည် သင့်ရဲ့စခရင်တစ်ခုလုံး သို့မဟုတ် ရွေးချယ်ထားသော အစိတ်အပိုင်းကို ပုံကြီးချဲ့ နိုင်သည်။ ရှော့ကပ်ကိုအသုံးပြု၍ ချဲ့ထွင်ခြင်းလုပ်ဆောင်ချက်ကို အမြန်အသုံးပြုပါ။ စခရင်တစ်ခုလုံးချဲ့ခြင်းနှင့် စခရင် အစိတ်အပိုင်းချဲ့ခြင်းမုဒ်များကြား အလွယ်တကူပြောင်းနိုင်သည်။

* အသုံးချနည်း - ဆက်တင်များ > အသုံးပြုနိုင်မှု > အမြင် မြှင့်တင်မှုများ > ပုံကြီးချဲ့ခြင်း

အကျယ်ချဲ့ကိရိယာ
အကျယ်ချဲ့ ဝစ်ဂျက်သည် သင့်ပတ်ဝန်းကျင်ရှိ အရာများကို အလွယ်တကူ ဇူးမ်ချဲ့ရန် ကူညီပေးပါသည်။ ၎င်းတွင် စာသားနှင့် ပုံများကို ပိုမိုရှင်းလင်းစွာကြည့်ရှုနိုင်ရန်အတွက် အရောင်စစ်ထုတ်ခြင်း၊ တောက်ပမှုနှင့် အလင်းအမှောင် ထိန်းချုပ်ခြင်းများလည်း ပါဝင်သည်။ ဝစ်ဂျက်မီနူးမှ အကျယ်ချဲ့ ဝစ်ဂျက်ကို ပင်မစခရင်တွင် ထည့်သွင်းနိုင်သည်။

* အသုံးချနည်း - ဆက်တင်များ > အသုံးပြုနိုင်မှု > အမြင် မြှင့်တင်မှုများ > အကျယ်ချဲ့ကိရိယာ

ကာဆာအထူ
ပိုမိုကောင်းမွန်သော အမြင်ဖြင့် မှတ်သားနိုင်စေရန် စာသားကာဆာ၏ အထူကို သင် သတ်မှတ်နိုင်သည်။

* အသုံးချနည်း - ဆက်တင်များ > အသုံးပြုနိုင်မှု > အမြင် မြှင့်တင်မှုများ > ကာဆာအထူ

ညွှန်ပြချက် အရွယ်အစားနှင့် အရောင်
မျက်နှာပြင်ပေါ်တွင် ပြသထားသည့် မောက်စ်ညွှန်ပြချက် သို့မဟုတ် ထိတွေ့မှု၏ အရွယ်အစား သို့မဟုတ် အရောင်ကို ချိန်ညှိနိုင်သည်။

* အသုံးချနည်း - ဆက်တင်များ > အသုံးပြုနိုင်မှု > အမြင် မြှင့်တင်မှုများ > ညွှန်ပြချက် အရွယ်အစားနှင့် အရောင်

ဖောင့်အရွယ်အစားနှင့် စတိုင်လ်
သင့်စခရင်ပေါ်တွင် စာသားရှင်းလင်းမှုနှင့် မြင်နိုင်စွမ်း တိုးလာစေရန်အတွက် ဖောင့်၏အရွယ်အစားနှင့် စတိုင်လ်ကို ပြောင်းလဲနိုင်သည်။

* အသုံးချနည်း - ဆက်တင်များ > အသုံးပြုနိုင်မှု > အမြင် မြှင့်တင်မှုများ > ဖောင့်အရွယ်အစားနှင့် စတိုင်လ်

စခရင် Zoom
စခရင် Zoomကို ပြောင်းပါ။ ၎င်းသည် သင့်စခရင်တွင် များ၏ အရွယ်အစားကို ချိန်ညှိပေးလိမ့်မည်။

* အသုံးချနည်း - ဆက်တင်များ > အသုံးပြုနိုင်မှု > အမြင် မြှင့်တင်မှုများ > စခရင် Zoom

လုပ်ဆောင်ရန် အချိန်
လုပ်ဆောင်ရန် တောင်းဆိုသည့် မက်ဆေ့ချ်များကို ပြသရန် မည်မျှကြာမည်ကို သင်ရွေးချယ်နိုင်သော်လည်း၊ ယာယီ စခရင်တွင်း သတိပေးချက်များ သို့မဟုတ် အသံအတိုးအကျယ် ထိန်းချုပ်မှုကဲ့သို့သော အရာကို ယာယီသာ မြင်တွေ့နိုင်သည်။ သင်လိုအပ်သောအရာကို လက်လွတ်မသွားစေရန် ၎င်းက ကူညီပေးပါသည်။

* အသုံးချနည်း- ဆက်တင်များ > အသုံးပြုနိုင်မှု > အဆင့်မြင့် ဆက်တင်များ > လုပ်ဆောင်ရန်‌ အချိန်

ကီးဘုတ်ထည့်သွင်းမှုကို အသံထွက်ပြောခြင်း
သင်သည် Samsung Keyboard ကို အသုံးပြု၍ သင်ရိုက်ထည့်လိုက်သော စာသားကို အသံထွက်ဖတ်နိုင်သည်။ ကီးဘုတ်ထည့်သွင်းမှုကို အသံထွက်ပြောခြင်းသည် သင့်စိတ်ကြိုက်အပေါ်မူတည်၍ စာလုံးများ၊ စကားလုံးများ သို့မဟုတ် နှစ်မျိုးလုံးတွင် စာရိုက်သည့်တုံ့ပြန်ချက်ကို ပေးပါသည်။

* အသုံးချနည်း - ဆက်တင်များ > အသုံးပြုနိုင်မှု > အမြင် မြှင့်တင်မှုများ > ကီးဘုတ်ထည့်သွင်းမှုကို ဖတ်ခြင်း

အော်ဒီယို ဖော်ပြချက်
အော်ဒီယိုဖော်ပြချက်' ပါရှိသော ဗီဒီယိုကို သင်ကြည့်ရှုသည့်အခါ အလိုအလျောက်ဖွင့်ရန် 'အော်ဒီယိုဖော်ပြချက်' လုပ်ဆောင်ချက်ကို နားထောင်ရန် သင်သတ်မှတ်နိုင်သည်။

* အသုံးချနည်း - ဆက်တင်များ > အသုံးပြုနိုင်မှု > အမြင် မြှင့်တင်မှုများ > အသံဖော်ပြချက်

အသုံးပြုနိုင်မှု အတွက် Bixby Vision
သင့်ပတ်ဝန်းကျင်က ကမ္ဘာကြီးကို နားလည်သဘောပေါက်အောင် ကူညီပေးလျက် Bixby Vision သည် မြင်သောအရာများကို နှုတ်ဖြင့် ပုံဖော်ပေးသည်။
  • * အသုံးချနည်း - ဆက်တင်များ > အသုံးပြုနိုင်မှု > အမြင် မြှင့်တင်မှုများ > အသုံးပြုနိုင်မှုအတွက် Bixby Vision
  • * ပြကွက်ဖော်ပြမုဒ်ကို လက်ရှိတွင် အင်္ဂလိပ် (ယူအက်စ်)၊ ပြင်သစ်၊ ဂျာမဏီ၊ အီတလီ၊ ကိုရီးယား၊ မန်ဒရင်းတရုတ်၊ ပေါ်တူဂီ၊ ရုရှား နှင့် စပိန် (စပိန်) ဘာသာတို့ဖြင့် ပံ့ပိုးပါသည်။
  • *အရာဝတ္တု သတ်မှတ်သူ မုဒ်သည် ဘာသာပြန်လုပ်ဆောင်ချက်တွင် ပံ့ပိုးထားသော ဘာသာစကားများနှင့် တူညီသည့် ဘာသာစကား 17 ခုကို ပံ့ပိုးပေးသည်။
အသံ အညွှန်း
အညွှန်းများ တွဲထားခြင်းဖြင့် ဆင်တူသော ပုံသဏ္ဍာန်ရှိသည့် အရာများကို ခွဲခြားရန် NFC တဂ်များကို အသုံးပြုနိုင်သည်။ NFC တဂ်တစခုတွင် အသံသွင်းပြီး အသံဖမ်းယူမှုကို လုပ်ဆောင်နိုင်သည်။ သင့်ဖုန်းကို NFC တက်ဂ်အနီးတွင်ထားသည့်အခါ အသံသွင်းထားသည်ကို ပြန်ဖွင့်သည်။

* အသုံးချနည်း - ဆက်တင်များ > အသုံးပြုနိုင်မှု > အမြင် မြှင့်တင်မှုများ > အသံအညွှန်းတပ်ခြင်း

အသုံးပြုနိုင်မှု ရှော့ကတ်များ
အသုံးပြုနိုင်မှု ရှော့ကတ်များသည် သင့်အား အသုံးပြုနိုင်မှု လုပ်ဆောင်ချက်များကို ပိုမိုမြန်ဆန်လွယ်ကူစွာ ဝင်ရောက် အသုံးပြုနိုင်စေပါသည်။
  • အသုံးပြုနိုင်မှု ခလုတ်/ လက်ဟန်ကို သုံးပါ
  • ဘေးဘက်နှင့် အသံချဲ့ရန် ခလုတ်များကို အမြန်နှိပ်ပါ
  • အသံအတိုးအချဲ့ခလုတ်ကို နှိပ်ပြီး ဖိထားပါ

* အသုံးချနည်း- ဆက်တင်များ > အသုံးပြုနိုင်မှု > စကားပြောအကူအညီ > အသုံးပြုနိုင်မှု ‌ရှော့ကတ်များ

သင့်အတွက် အကြံပြုထားသည်
အခြားသော ပုဂ္ဂိုလ်ရေးသီးသန့် ဆက်တင်များကို မပြောင်းလဲဘဲ ထိန်းသိမ်းထားစဉ်တွင် မူရင်း အသုံးပြုနိုင်မှု ဆက်တင်များသို့ ပြန်လည်သတ်မှတ်ပါ။

* ရှာရန်နေရာ - ဆက်တင်များ > သုံးစွဲနိုင်မှု > သင့်အတွက် အကြံပြုထားသည်

အသုံးပြုနိုင်မှု ဆက်တင်များကို ပြန်လည်သတ်မှတ်ပါ
အခြားဆက်တင်များကို ပြန်လည်သတ်မှတ်ရန်မလိုဘဲ အသုံးပြုနိုင်မှု ဆက်တင်များကို မူရင်းဆက်တင်များသို့ ပြန်လည်သတ်မှတ်ပါ။

* အသုံးချနည်း- ဆက်တင်များ > အထွေထွေစီမံခန့်ခွဲမှု > ပြန်လည်သတ်မှတ် > ဝင်ရောက်နိုင်မှုဆက်တင်များကို ပြန်လည်သတ်မှတ်ပါ

Watch

TalkBack
စခရင် ဖတ်ခြင်း လုပ်ဆောင်ချက်သည် အမြင်အာရုံချို့ယွင်းမှုရှိသော သုံးစွဲသူများကို ကူညီပေးသည်။ ၎င်းသည် စခရင်ရှိ အကြောင်းအရာများအကြောင်း သုံးစွဲသူများနားလည်စေရန် ကူညီပေးရာတွင် စကားပြောတုံ့ပြန်ချက်ကို ‌ပံ့ပိုးပေးပါတယ်။ စခရင်ကို မကြည့်ဘဲ သင့်စက်ကို သုံးနိုင်သည်။
  • * အသုံးချနည်း- ဆက်တင်များ > အသုံးပြုနိုင်မှု > TalkBack
အလင်းအမှောင် မြင့်မားသော ဖောင့်များ
စာသားနှင့် နောက်ခံအကြား အလင်းအမှောင် ခြားနားမှုကို တိုးမြှင့်ရန် ဖောင့်များ၏ အရောင်နှင့် ပုံကြမ်းကို ချိန်ညှိပါ။
  • * အသုံးချနည်း - ဆက်တင်များ > အသုံးပြုနိုင်မှု > မြင်နိုင်စွမ်း မြှင့်တင်မှုများ > အလင်းအမှောင် မြင့်မားသော ဖောင့်များ
  • * ဤလုပ်ဆောင်ချက်ကို One UI Watch 4.5 မှ ရရှိနိုင်ပါသည်။
အရောင် ပြုပြင်ခြင်း
မျက်နှာပြင်ပေါ်ရှိ အချို့သောအရောင်များကို ပိုင်းခြားရန် ခက်ခဲပါက၊ ၎င်းတို့ကို ပိုမိုကောင်းမွန်စွာ ခွဲခြားနိုင်စေရန်အတွက် အရောင်ပြင်ဆင်မှုကို အသုံးပြုပါ။ ၎င်းသည် သင့်အတွက် အသင့်တော်ဆုံးဖြစ်သော အရောင်ပေါင်းစပ်မှုကို ချိန်ညှိနိုင်ပြီး သတ်မှတ်နိုင်စေမည်ဖြစ်သည်။
  • * အသုံးချနည်း - ဆက်တင်များ > အသုံးပြုနိုင်မှု > မြင်နိုင်စွမ်း မြှင့်တင်မှုများ > အရောင် ပြုပြင်ခြင်း
  • * ဤလုပ်ဆောင်ချက်ကို One UI Watch 4.5 မှ ရရှိနိုင်ပါသည်။
အရောင် ပြောင်းခြင်း
ပိုမိုကောင်းမွန်စွာမြင်နိုင်စေရန်အတွက် စခရင်၏ အရောင်များကို ပြောင်းပါ။

* အသုံးချနည်း- ဆက်တင်များ > အသုံးပြုနိုင်မှု > မြင်နိုင်စွမ်း မြှင့်တင်မှုများ > အရောင် ပြောင်းခြင်း

အရောင်စစ်ကိရိယာ
လူအချို့သည် အဖြူရောင်နောက်ခံတွင် စာဖတ်ခြင်းက ၎င်းတို့အား ဖတ်နေသည့် ဆောင်းပါး သို့မဟုတ် မက်ဆေ့ချ်မှ သွေဖည်သွားစေ၍ ဖတ်ရခက်စေသည်ဟု ခံစားကြရပါသည်။ သင့်တွင် ဤပြဿနာမျိုး ရှိပါက၊ အရောင်စစ်ထုတ်မှုလုပ်ဆောင်ချက်က သင့်အား ကူညီနိုင်ပါသည်။ သင်၏စခရင်၏အရောင်ကိုပြောင်းလဲခြင်းသည် စာဖတ်နှုန်းနှင့် သက်သောင့်သက်သာဖြစ်မှုကို တိုးလာစေသည်ဟု ပြသထားသည်။

* အသုံးချနည်း- ဆက်တင်များ > အသုံးပြုနိုင်မှု > မြင်နိုင်စွမ်း မြှင့်တင်မှုများ > အရောင်စစ်ကိရိယာ

ရုပ်လုံးကြွများကို လျှော့ချခြင်း
စာမျက်နှာများအကြား သို့မဟုတ် အပလီကေးရှင်းများအသုံးပြုမှုမှတစ်ဆင့် ဖြစ်ပေါ်လာသော လှုပ်ရှားမှုသက်ရောက်မှုများကို လျှော့ချခြင်း သို့မဟုတ် ဖယ်ရှားခြင်းဖြင့် မျက်စိပင်ပန်းနွမ်းနယ်မှုကို လျှော့ချပါ။
  • * အသုံးချနည်း - ဆက်တင်များ > အသုံးပြုနိုင်မှု > မြင်နိုင်စွမ်း မြှင့်တင်မှုများ > ရုပ်လုံးကြွများကို ဖယ်ရှားခြင်း
  • * ဤလုပ်ဆောင်ချက်ကို One UI Watch 4.5 မှ ရရှိနိုင်ပါသည်။
ဖောက်ထွင်းမြင်ရမှုနှင့် မှုန်ဝါးမှုကို လျှော့ချခြင်း
၎င်းတို့ကို ပို၍ မြင်နိုင်အောင်ပြုလုပ်ရန် ဒိုင်ယာလော့ခ်များနှင့် မီနူးများတွင် ပွင့်လင်းမြင်သာဖြစ်မှုနှင့် မှုန်ဝါးမှုကို လျှော့ချပါ။
  • * အသုံးချနည်း - ဆက်တင်များ > အသုံးပြုနိုင်မှု > မြင်နိုင်စွမ်းမြှင့်တင်မှုများ > ဖောက်ထွင်းမြင်ရမှုနှင့် မှုန်ဝါးမှုကို လျှော့ချခြင်း
  • * ဤလုပ်ဆောင်ချက်ကို One UI Watch 4.5 မှ ရရှိနိုင်ပါသည်။
ပုံကြီးချဲ့ခြင်း
စခရင်ပေါ်ရှိ အကြောင်းအရာကို ချဲ့ သို့မဟုတ် ချုံ့ကြည့်ရန် လက်တစ်ချောင်းတည်းဖြင့် စခရင်ကို သုံးချက်ထိပါ။

* အသုံးချနည်း- ဆက်တင်များ > အသုံးပြုနိုင်မှု > မြင်နိုင်စွမ်း မြှင့်တင်မှုများ > ပုံကြီးချဲ့ခြင်း

ဖောင့် အထူ
သင့်နာရီပေါ်ရှိ စာသားရှင်းလင်းမှုနှင့် မြင်နိုင်စွမ်း တိုးမြင့်လာစေရန်အတွက် ဖောင့်ကို အထူဖောင့် အဖြစ်ပြောင်းနိုင်သည်။
  • * အသုံးချနည်း- ဆက်တင်များ > အသုံးပြုနိုင်မှု > မြင်နိုင်စွမ်း မြှင့်တင်မှုများ > ဖောင့် အထူ
  • * ဤလုပ်ဆောင်ချက်ကို One UI Watch 4.5 နှင့် အထက်မှစ၍ ပံ့ပိုးပေးပါမည်။
ဖောင့်အရွယ်အစား
သင့်နာရီပေါ်ရှိ စာသားရှင်းလင်းမှုနှင့် မြင်နိုင်စွမ်း တိုးလာစေရန်အတွက် ဖောင့်အရွယ်အစားကို ပြောင်းနိုင်သည်။

* အသုံးချနည်း- ဆက်တင်များ > အသုံးပြုနိုင်မှု > မြင်နိုင်စွမ်း မြှင့်တင်မှုများ > ဖောင့်အရွယ်အစား

လက်ပတ်နာရီ တုန်ခါခြင်း
လက်ရှိအချိန်အား တုန်ခါမှုများအဖြစ် ရယူပါ။ နာရီ မျက်နှာပြင်ပုံစံကို လက်နှစ်ချောင်းဖြင့် တစ်ချက်ထိလိုက်ပါက နာရီကို ဖော်ပြမည်ပြီး လက်နှစ်ချောင်းဖြင့် နှစ်ချက်-ထိလိုက်ပါက မိနစ်ကို ဖော်ပြမည်ဖြစ်ပါသည်။

* အသုံးချနည်း- ဆက်တင်များ > အသုံးပြုနိုင်မှု > အဆင့်မြင့် > တုန်ခါမှု လက်ပတ်နာရီ

လုပ်ဆောင်ရန် အချိန်
လုပ်ဆောင်ရန် တောင်းဆိုသည့် မက်ဆေ့ချ်များကို ပြသရန် မည်မျှကြာမည်ကို သင်ရွေးချယ်နိုင်သော်လည်း၊ ယာယီ စခရင်တွင်း သတိပေးချက်များ သို့မဟုတ် အသံအတိုးအကျယ် ထိန်းချုပ်မှုကဲ့သို့သော အရာကို ယာယီသာ မြင်တွေ့နိုင်သည်။ သင်လိုအပ်သောအရာကို လက်လွတ်မသွားစေရန် ၎င်းက ကူညီပေးပါသည်။
  • * အသုံးချနည်း - ဆက်တင်များ > အသုံးပြုနိုင်မှု > အဆင့်မြင့် ဆက်တင်များ > လုပ်ဆောင်ရန်‌ အချိန်
  • * ဤလုပ်ဆောင်ချက်ကို One UI Watch 4.5 မှ ရရှိနိုင်ပါသည်။
အသုံးပြုနိုင်မှု ရှော့ကတ်များ
အသုံးပြုနိုင်မှု ရှော့ကတ်များသည် သင့်အား အသုံးပြုနိုင်မှု လုပ်ဆောင်ချက်များကို ပိုမိုမြန်ဆန်လွယ်ကူစွာ ဝင်ရောက် အသုံးပြုနိုင်စေပါသည်။
  • လက်ချောင်း 2 ချောင်းဖြင့် သုံးချက်တို့ပါ
  • ပင်မ ခလုတ်ကို နှစ်ချက်နှိပ်ပါ
  • * အသုံးချနည်း- ဆက်တင်များ > အသုံးပြုနိုင်မှု > စကားပြောအကူအညီ > အသုံးပြုနိုင်မှု ‌ရှော့ကတ်များ

TV

အသံ လမ်းညွှန်
အသံလမ်းညွှန်သည် သင့်စခရင်ပေါ်တွင်ပြသထားသည့်အရာများအကြောင်း အသံဖော်ပြချက်တစ်ခုပေးရန် Smart TV များကို ဖွင့်ပေးသည်။ ၎င်းသည် မျက်မမြင်အသုံးပြုသူများ သို့မဟုတ် စခရင်ကိုမြင်ရခက်နေသူများအနေဖြင့် အင်တာနက်နှင့် အသံတုံ့ပြန်ချက်ဖြင့် ရှာဖွေခြင်းကဲ့သို့သော အခြေခံ TV လုပ်ဆောင်ချက်များနှင့် စမတ်ဝန်ဆောင်မှုအမျိုးမျိုးကို အသုံးပြုရန် ကူညီပေးသည်။ အသံလမ်းညွှန်ဖြင့်ဆိုလျှင် လက်ရှိချန်နယ်နှင့် အသံအတိုးအကျယ်၊ လက်ရှိနှင့် အနာဂတ်ထုတ်လွှင့်မှုများနှင့် ကြည့်ရှုမှုအချိန်ဇယားအကြောင်း အချက်အလက်များကို ကြားနိုင်သည်။
  • အသံအတိုးအကျယ်/အမြန်နှုန်း/အနိမ့်အမြင့်ကို ချိန်ညှိခြင်း
  • အသံလမ်းညွှန်ကို အသုံးပြုနေစဉ် TV နောက်ခံ အသံအတိုးအကျယ်ကို ချိန်ညှိပါ
  • * သတ်မှတ်နည်း- ပင်မ > မီနူး > ဆက်တင်များ > ဆက်တင်များအားလုံး > အထွေထွေနှင့် ကိုယ်ရေးလုံခြုံမှု > အသုံးပြုနိုင်မှု > အသံလမ်းညွှန်ကို နှိပ်ပါ
  • * သတ်မှတ်နည်း- အသုံးပြုနိုင်မှု ရှော့ကပ်များ> အသံလမ်းညွှန်သို့ ဝင်ရောက်ရန် အသံအတိုးအကျယ်ခလုတ်ကို ဖိ၍ နှိပ်ကိုင်ထားပါ။
အော်ဒီယို ဖော်ပြချက်
အသံဖော်ပြချက်သည် မျက်မမြင်အသုံးပြုသူများ သို့မဟုတ် စခရင်ကိုမြင်ရခက်ခဲသူများအတွက် အမေရိကန်ရုပ်မြင်သံကြားအစီအစဉ်များစွာက ပံ့ပိုးပေးသည့် ဝန်ဆောင်မှုတစ်ခုဖြစ်သည်။ သင်ပိုမိုနားလည်လွယ်စေရန် ဇာတ်ဝင်ခန်းအား နှုတ်ဖြင့်ဖော်ပြချက်ကို ပံ့ပိုးပေးသည့် နောက်ထပ်အသံတစ်ပုဒ်ကို ထုတ်လွှင့်သည်။ ဇာတ်ဝင်ခန်း ပြောင်းလဲမှုများ၊ ဇာတ်ကောင်အမူအရာများ၊ ဟန်ပန်များနှင့် ဝတ်စုံများနှင့် အခြားအရာများနှင့်အတူ ကွက်ကွက်ကွင်းကွင်း ဖော်ပြသော အတွေ့အကြုံကို ခံစားလိုက်ပါ။
  • * သတ်မှတ်နည်း- ပင်မ > မီနူး > ဆက်တင်များ > ဆက်တင်များအားလုံး > အထွေထွေနှင့် ကိုယ်ရေးလုံခြုံမှု > အသုံးပြုနိုင်မှု > အော်ဒီယို ဖော်ပြချက်ကို နှိပ်ပါ
  • * သင်လက်ရှိကြည့်ရှုနေသည့် ထုတ်လွှင့်မှုက ပံ့ပိုးပေးမှသာ အသံဖော်ပြချက်ကို ရရှိနိုင်သည်။
ဂရပ်ဖစ် ချုံ့ချဲ့
စခရင်ကို အမြင်အာရုံအားနည်း၍ ကောင်းစွာမမြင်နိုင်ပါက၊ ပိုကြီးသော ရုပ်ပုံ သို့မဟုတ် စာသားကို မြင်နိုင်ရန် စခရင်ကို ချဲ့နိုင်သည်။ စခရင်ကို 200% အထိ စိတ်ကြိုက်ချဲ့နိုင်သည်သို့မဟုတ် ချဲ့မည့် ဧရိယာ၏ အနေအထားကို ချိန်ညှိနိုင်သည်။
  • ချုံ့ချဲ့မှုအဆင့်ကို ချိန်ညှိခြင်း
  • ချဲ့ရန် ရွှေ့မည့် ဧရိယာကို ချိန်ညှိပါ

* သတ်မှတ်နည်း- ပင်မ > မီနူး > ဆက်တင်များ > ဆက်တင်များအားလုံး > အထွေထွေနှင့် ကိုယ်ရေးလုံခြုံမှု > အသုံးပြုနိုင်မှု > ဂရပ်ဖစ် ချုံ့ချဲ့ကို နှိပ်ပါ

အလင်းအမှောင်များ
မှောင်သောနောက်ခံတွင် အရောင်ဖျော့သော စာသားများသည် အရောင်ခွဲခြား၍ မသိမြင်သူ သို့မဟုတ် အမြင်အာရုံအားနည်းသူများအား ဖန်သားပြင်စာသားကို ပိုမိုရှင်းလင်းစွာမြင်နိုင်စေပါသည်။ မြင်နိုင်စွမ်း တိုးမြင့်လာစေရန်နှင့် မျက်စိညောင်းညာမှုကို လျှော့ချရန်အတွက် ပင်မဝန်ဆောင်မှုစခရင်၏ နောက်ခံအရောင်ကို အနက်ရောင်နှင့် စာသားအရောင်ကို အဖြူရောင် သို့မဟုတ် အဝါရောင်သို့ ပြောင်းလဲနိုင်သည်။ ထို့အပြင်၊ စာသားပိုမိုရှင်းလင်းပြတ်သားစေရန်အတွက် ဖောက်ထွင်းမြင်ရသော TV မီနူးစခရင်ကိုအလင်းအမှောင်အဖြစ် အလိုအလျောက်ပြောင်းလဲပေးပါသည်။

* သတ်မှတ်နည်း- ပင်မ > မီနူး > ဆက်တင်များ > ဆက်တင်များအားလုံး > အထွေထွေနှင့် ကိုယ်ရေးလုံခြုံမှု > အသုံးပြုနိုင်မှု > အလင်းအမှောင်များကို နှိပ်ပါ

အကြီးချဲ့ရန်
အကြီးချဲ့ထားသော လုပ်ဆောင်ချက်သည် အမြင်အာရုံချို့တဲ့သူများကို ကူညီရန်အတွက် မီနူးများနှင့် စာသားများကို ပိုကြီးစေသည်။ ချန်နယ်အချက်အလက်၊ Smart hub၊ ဆက်တင်များ၊ ပေါ့ပ်အပ်များနှင့် အခြားအရာများကဲ့သို့သော ဝန်ဆောင်မှု စခရင်များရှိ ကြီးမားသောစာသားနှင့် အသေးစိတ်ကဏ္ဍများကို သင်ကြည့်ရှုနိုင်ပါသည်။

* သတ်မှတ်နည်း- ပင်မ > မီနူး > ဆက်တင်များ > ဆက်တင်များအားလုံး > အထွေထွေနှင့် ကိုယ်ရေးလုံခြုံမှု > အသုံးပြုနိုင်မှု > အကြီးချဲ့ရန်ကို နှိပ်ပါ

အဖြူအမည်း
သင်သည် အရောင်များကို မှတ်မိရန် အခက်အခဲရှိပါက သို့မဟုတ် မျက်လုံးအား ပြင်းထန်ပါက၊ အဖြူအမည်းကို အသုံးပြု၍ စခရင်၏အရောင်ကို အဖြူရောင်နှင့် အနက်ရောင်သို့ ပြောင်းလဲနိုင်သည်။ အရောင်ကြောင့် ဖြစ်ပေါ်လာသော မှုန်ဝါးသော ဘောင်များကြည်လင် ပြတ်သားစေရန်နှင့် သင့်မျက်လုံး ကျိန်းမနေဘဲမျက်လုံးများကို ဖြေလျှော့ရန် အနက်ရောင်နှင့် အဖြူမုဒ်ကို သင်သုံးနိုင်သည်။

* သတ်မှတ်နည်း- ပင်မ > မီနူး > ဆက်တင်များ > ဆက်တင်များအားလုံး > အထွေထွေနှင့် ကိုယ်ရေးလုံခြုံမှု > အသုံးပြုနိုင်မှု > အဖြူအမည်းကို နှိပ်ပါ

အရောင် ပြောင်းခြင်း
သင်သည် အလင်းစူးသည့်ဒဏ်ကို မခံနိုင်ပါက သို့မဟုတ် မျက်စိမှုန်ပါက၊ အရောင်ပြောင်းခြင်းက အမြင်အာရုံကို တိုးစေပြီး၊ အလင်းပြန်မှုကို လျှော့ချကာ မျက်လုံးစူးမှုကို လျှော့ချရန် ကူညီပေးသည်။

* သတ်မှတ်နည်း- ပင်မ > မီနူး > ဆက်တင်များ > ဆက်တင်များအားလုံး > အထွေထွေနှင့် ကိုယ်ရေးလုံခြုံမှု > အသုံးပြုနိုင်မှု > အရောင်ပြောင်းခြင်းကို နှိပ်ပါ

SeeColors
SamsungQLED TV များအားလုံးတွင်ရရှိနိုင်သော SeeColors အက်ပ်သည် အရောင်အမြင်အာရုံချို့တဲ့သူများအား ၎င်းတို့၏မျက်လုံးများနှင့်အညီ မျက်နှာပြင်အရောင်ကို ချိန်ညှိရန် ကူညီပေးသည်။ အရောင်ခွဲခြား၍ မသိမြင်မှုဆိုင်ရာ တည်ရှိမှုနှင့် အတိုင်းအတာကို စစ်ဆေးနိုင်ပြီး လက္ခဏာခွဲခြားမှုအပေါ် အခြေခံ၍ သင့်မျက်လုံးများက မှတ်မိနိုင်သော အရောင်များ၏ ရောင်စဉ်တန်းအလိုက် စခရင်အရောင်ကို ချိန်ညှိပေးသည်။
  • * သတ်မှတ်နည်း- ပင်မ > မီနူး > အက်ပ်များ > လူနေမှုပုံစံ > အရောင်များကိုကြည့်ပါ သို့မဟုတ် ပင်မ > မီနူး > အက်ပ်များ > ရှာဖွေမှု > 'SeeColors' ရိုက်ထည့်ပါကို နှိပ်ပါ
  • * SeeColors အက်ပ်ကို အက်ပ်များ (Samsung Smart TV အက်ပ်စတိုး) တွင် ဒေါင်းလုဒ်လုပ်နိုင်ပါသည်။
အဝေးထိန်းချုပ်ကိရိယာ လေ့လာရန်
အဝေးထိန်းချုပ်ကိရိယာကို လေ့လာခြင်းသည် လေ့လာခြင်းသည် မျက်မမြင်အသုံးပြုသူများ သို့မဟုတ် အမြင်အာရုံအားနည်းသော အသုံးပြုသူများအား အဝေးထိန်းချုပ်ကိရိယာရှိ ခလုတ်များ၏ တည်နေရာနှင့် လုပ်ဆောင်ချက်ကို လျင်မြန်စွာ လေ့လာနိုင်စေပါသည်။ ခလုတ်တစ်ခုစီကိုနှိပ်ပြီးနောက် TV သည် သင့်အား ခလုတ်တစ်ခုစီတိုင်းလုပ်ဆောင်သည်ကို ပြောပြလိမ့်မည်။

* သတ်မှတ်နည်း- ပင်မ > မီနူး > ဆက်တင်များ > ဆက်တင်များအားလုံး > အထွေထွေနှင့် ကိုယ်ရေးလုံခြုံမှု > အသုံးပြုနိုင်မှု > အဝေးထိန်းချုပ်ကိရိယာ လေ့လာရန်ကို နှိပ်ပါ

မီနူးစခရင် လေ့လာခြင်း
မီနူးစခရင် လေ့လာခြင်းသည် မျက်စိမမြင် သို့မဟုတ် အမြင်အာရုံနည်းသော အသုံးပြုသူများအား TV လုပ်ဆောင်ချက်အမျိုးမျိုးကို လေ့လာနိုင်စေပါသည်။ ၎င်းသည် အဝေးထိန်းချုပ်ကိရိယာကို အသုံးပြုနည်း၊ အသုံးပြုနိုင်မှု မီနူး၊ TV အသံလမ်းညွှန်မှု၊ ထုတ်လွှင့်မှုလမ်းညွှန်မှု၊ ကြည့်ရှုမှုအချိန်ဇယားနှင့် အခြားအရာများကို e-manual အသံဖြင့် ရှင်းလင်းချက်ပေးပါသည်။

* သတ်မှတ်နည်း- ပင်မ > မီနူး > ဆက်တင်များ > ဆက်တင်များအားလုံး > အထွေထွေနှင့် ကိုယ်ရေးလုံခြုံမှု > အသုံးပြုနိုင်မှု > မီနူးစခရင် လေ့လာခြင်းကို နှိပ်ပါ

မီးဖိုချောင်/ဧည့်ခန်း လူသုံးပစ္စည်းများ

အိမ်သုံးပစ္စည်းများနှင့် ဝန်ဆောင်မှုများအတွက် SmartThings TalkBack
SmartThings Talkback စခရင်ဖြင့် အိမ်သုံးပစ္စည်းများကို သင်ထိန်းချုပ်နိုင်သည်။ ၎င်းသည် အမြင်အာရုံချို့တဲ့သော အသုံးပြုသူများအား ကူညီပေးသည့် လုပ်ဆောင်ချက်တစ်ခုဖြစ်သည်။ Talkback သည် စခရင်ပေါ်ရှိ အကြောင်းအရာများကို နားလည်ရန် အသံတုံ့ပြန်ချက်ပေးပြီး ဖိုကယ်ချထားသော အကြောင်းအရာများကို အသံထွက်ဖတ်သည်။ စခရင်ကို တို့ခြင်း သို့မဟုတ် ပွတ်ဆွဲခြင်းဖြင့် ဖိုကယ်အားထိန်းချုပ်နိုင်သည်။ အမြင်အာရုံချို့တဲ့သူများအတွက် လက်တွေ့အသုံးပြုမှုကို စိစစ်ပြီးဖြစ်သည်။
  • စခရင်ပေါ်ရှိ အရာကို ကြားနိုင်ခြင်း
  • Focus ချထားသည့်အရာကို လုပ်ဆောင်ပါတယ်
  • Focus ကို အခြားတစ်ခုသို့ ရွှေ့ပေးပါတယ်
  • စာရင်းကို အပေါ် သို့မဟုတ် အောက်သို့ လှိမ့်ရွှေ့ရန်
  • စခရင်ပေါ်ရှိ ပထမဆုံး သို့မဟုတ် နောက်ဆုံးသို့ Focus အကွက်ကို ရွှေ့ရန်
  • * မိုဘိုင်းပေါ်တွင် သတ်မှတ်နည်း- ဆက်တင် > အသုံးပြုနိုင်မှု > TalkBack
  • * အသံထောက်ပံ့ပေးသူ၏ လုပ်ဆောင်ချက်များကို SmartThings မှတစ်ဆင့် One UI 3.0 မှ Google TalkBack နှင့်အတူ ဆက်တိုက်ထောက်ပံ့ပေးလိမ့်မည်။

အဝတ်လျှော်စက်/အခြောက်ခံစက်

မျက်မမြင်စာနဲ့ စတစ်ကာများ
မျက်မမြင်စာနဲ့ ထိတွေ့နိုင်တဲ့အမှတ်များကို ကီးခလုတ်များတွင် ထည့်သွင်းထားပြီး အမြင်အာရုံချို့တဲ့သော သုံးစွဲသူများအတွက် ၎င်းတို့ကို ရှာရလွယ်ကူစေပါတယ်။ မျက်မမြင်စာ စတစ်ကာများကို အသုံးပြုရန်အတွက် တောင်းဆိုပါက အခမဲ့ပေးဆောင်ထားပြီး ၎င်းသည် Samsung စက်ပစ္စည်းများနှင့် တွဲသုံးရန် အကောင်းဆုံး ဖြစ်ပါသည်။

* လက်ရှိတွင်၊ 2019 ခုနှစ်မှစတင်၍ ထွက်ရှိလာသည့် အဝတ်လျှော်စက်နှင့် အခြောက်ခံစက်မော်ဒယ်များအတွက် တောင်းဆိုချက်အရ မျက်မမြင်စာ စတစ်ကာများကို ပံ့ပိုးပေးထားပါသည်။

ပိုမိုကောင်းမွန်သော မြင်နိုင်စွမ်းပါသည့် ထိန်းချုပ်အကန့်
တောက်ပသော LCD စခရင်ဖြင့်ဆိုလျှင် မှောင်သောပတ်ဝန်းကျင်တွင်ပင် အဝတ်လျှော်စက်နှင့် အခြောက်ခံစက်ကို အသုံးပြုနိုင်သည်။ အ၀တ်လျှော်စက်များနှင့် အခြောက်ခံစက်များ၏ ထိန်းချုပ် အကန့်ပေါ်ရှိ အမှတ်အသားများနှင့် အညွှန်းများအစား မှောင်မိုက်သောပတ်ဝန်းကျင်တွင်ပင် မြင်နိုင်စွမ်းရှိစေရန် အကြီးချဲ့ထားသောစာသားပါရှိသည့် LCD ထိန်းချုပ် အကန့်ကို အသုံးပြုထားသည်။

* ဤလုပ်ဆောင်ချက်ကို LCD ပါရှိသော အဝတ်လျှော်စက်/အခြောက်ခံသည့် မော်ဒယ်များတွင် ထည့်သွင်းထားပါသည်။

အသုံးပြုနိုင်သော အသံ UX
အသုံးပြုသူများသည် အဝတ်လျှော်စက်နှင့် လေမှုတ်စက်၏ လုပ်ဆောင်ချက်များကို အသံနှင့် လေသံတို့ဖြင့် ခွဲခြားနိုင်သည်။ ဥပမာ၊ အသုံးပြုသူသည် အဝတ်လျှော်စက်/အခြောက်ခံစက်၏ လက်ကိုင်ခလုတ်ကို လှည့်ပါက၊ ပုံမှန် အကျော့ရေသို့ ရောက်ရှိသည့်အခါတိုင်း လေသံကို ဖွင့်ပေးသည်။ ထို့အပြင်၊ အသုံးပြုသူသည် အဝတ်လျှော်စက်၏ ရေအပူချိန်ကို တိုးလိုက်သည့်အခါ အသံစကေးတက်သွားသည်။

ရေခဲသေတ္တာ

အသုံးပြုနိုင်သော အသံ UX
အသုံးပြုသူများသည် ရေခဲသေတ္တာ၏ အပူချိန်ကို လေသံဖြင့် ခွဲခြားနိုင်သည်။ ဥပမာ အသုံးပြုသူသည် အပူချိန်ကို တိုးလိုက်သည့်အခါ အသံစကေးတက်သွားသည်။
စာသားမှ စကားပြောအဖြစ် ပြောင်းရန်
Family Hub သည် လူတိုင်းအတွက် Smart Recipe နှင့် Atelier (Art Collection) အက်ပ်များတွင် စာသားမှစကားပြောခြင်းလုပ်ဆောင်ချက်များကို ကမ်းလှမ်းထားပါသည်။ သင့်လက်နှင့် မျက်လုံးများ အလုပ်ရှုပ်နေချိန်တွင် သင်အကြိုက်ဆုံး ဟင်းချက်နည်းများနှင့် အနုပညာစုဆောင်းမှုများ၏ အသံဖော်ပြချက်များကို ဖတ်ပြီး နားထောင်ပါ။ ဤလုပ်ဆောင်ချက်သည် အမြင်အာရုံချို့တဲ့သော သုံးစွဲသူများအား အကြောင်းအရာဖော်ပြချက်များကို နားထောင်ရန် ကူညီပေးနိုင်ပါသည်။

* ၎င်းသည် Family Hub ရေခဲသေတ္တာရှိ Smart Recipe နှင့် Atelier Apps တွင်အလုပ်လုပ်သည်။ လက်ရှိတွင်၊ Atelier App သည် ကိုရီးယား၊ အမေရိကန် ပြည်ထောင်စုနှင့် လက်တင်အမေရိက/ကာရေဘီယံတို့တွင် အလုပ်လုပ်သည်။

ပန်းကန်ဆေးစက်/Induction Hob

အသုံးပြုနိုင်သော အသံ UX
အသုံးပြုသူများသည် ပန်းကန်ဆေးစက်နှင့် induction hob ၏ လုပ်ဆောင်ချက်များကို အသံနှင့် လေသံဖြင့် ခွဲခြားနိုင်သည်။ ဥပမာ၊ အသုံးပြုသူသည် ပန်းကန်ဆေးစက် မုဒ်ကို ရွေးချယ်ပါက၊ ဘယ်ဘက်စွန်းမုဒ်ကို ရွေးချယ်သည့်အခါတိုင်း လေသံကို ဖွင့်ပေးသည်။ ထို့အပြင်၊ အသုံးပြုသူသည် induction hob ၏ ပါဝါအဆင့်ကို တိုးမြှင့်သောအခါ၊ အသံစကေးတက်သွားသည်။

အသုံးပြုနိုင်မှု ဝယ်ယူသူ အထောက်အကူ

သင့်လက်လှမ်းမီနိုင်သော အတွေ့အကြုံကို ပိုမိုကောင်းမွန်အောင် ကူညီပေးရန် ကျွန်ုပ်တို့ ဤနေရာတွင်ရှိပါသည်။