ကြိုးနားကြပ်တွင် အသံမလာပါကဘာလုပ်ရမလဲ
သင်သည် ကြိုးနားကြပ်ကို သင့် Galaxy ဖုန်းမှချိတ်ဆက်ထားသော်လည်းအသံမကြားရပါက သင့်နားကြပ်မကောင်းတော့ခြင်း သို့မဟုတ် သင့်ဖုန်း၏နားကြပ်ပေါက်ပြဿနာဖြစ်နေခြင်းကြောင့်ဖြစ်နိုင်ပါသည်။ သင့်ပြဿနာကိုအဖြေရှာရန် အောက်ပါလမ်းညွှန်ကိုဖတ်ပါ။
အောက်ဖော်ပြပါ အကြံပြုချက်များအတိုင်း မလုပ်ဆောင်မီ သင့်ကိရိယာ၏ ဆော့ဖ်ဝဲလ်နှင့် သက်ဆိုင်ရာ အက်ပလီကေးရှင်းများအား နောက်ဆုံးဗားရှင်းသို့ အဆင့်မြှင့်ထားကြောင်း သေချာစွာလုပ်ဆောင်ပါ။ သင့်မိုဘိုင်းဖုန်းဆော့ဖ်ဝဲလ်အားအပ်ဒိတ်လုပ်ရန် အောက်ပါအချက်များအတိုင်းလုပ်ဆောင်ပါ။
အဆင့် ၁။ Settings > Software update သို့သွားပါ။
အဆင့်၂။ Download and install ကိုနှိပျပါ။
အဆင့် ၃။ ပေါ်လာသည့်လမ်းညွှန်ချက်များအတိုင်း လုပ်ဆောင်ပါ။
နားကြပ်အတွက် အခြေခံပြဿနာအဖြေရှာခြင်းကိုလုပ်ဆောင်ပါ။
သင့်ကြိုးနားကြပ်တွင် ပြင်ပထိခိုက်မှုရှိမရှိစစ်ဆေးပါ။ နားကြပ်ခေါင်းကွေးနေ သို့မဟုတ် ကျိုးနေခြင်း ၊ သို့မဟုတ် ကြိုးပျက်စီးနေခြင်း ၀ါယာများစုတ်နေခြင်းတို့ဖြစ်နေပါက သင့်နားကြပ်မှအသံမကြားရနိုင်ပါ။
- ပြင်ပပျက်စီးမှုမတွေ့ရသော်လည်း နားကြပ်များပျက်စီးနေနိုင်ပါသည်။ သင့်တွင် နားကြပ်ချိတ်ဆက်နိုင်မည့်အခြားဖုန်းရှိပါက ၄င်းတို့နှင့်စမ်းကြည့်ပါ။
- နားကြပ်ကို ဖုန်း၏အသံနားကြပ်ပေါက်ထဲ အပြည့်အဝထည့်ထားခြင်းရှိမရှိ စစ်ဆေးပါ။ အပြည့်အဝမထည့်ထားပါက နားကြပ်ကိုအသိအမှတ်ပြုမည်မဟုတ်ဘဲ အသံသည်လည်းဖုန်းစပီကာမှသာ ပွင့်လာပါလိမ့်မည်။
ဖုန်းရှိ တွဲဖက်အသုံးအဆောင်များသည် နားကြပ်ပေါက်အပြည့်မသွင်းနိုင်အောင် တားဆီးထားနိုင်ပါသည်။ သင့်ဖုန်းကာဗာ သို့မဟုတ် ကပ်ခွာများကိုနားကြပ်မတပ်ခင်ဖြုတ်ထားကြည့်ပါ။
အလုပ်ဖြစ်မဖြစ်စစ်ဆေးရန် ဖုန်းဘေးရှိအသံခလုတ်ကိုနှိပ်ကြည့်ပါ။
သင့်တွင်နားကြပ်အပိုရှိပါက အလုပ်လုပ်မလုပ်သိရအောင် ဖုန်းနှင့်ချိတ်ကြည့်ပါ။ ပြဿနာဖြစ်နေသေးပါက ဖုန်းရှိနားကြပ်ပေါက်ပျက်စီးမှုရှိမရှိကို ဓာတ်မီးဖြင့်စစ်ဆေးပါ။ ပင်များကွေးနေပါက ၀န်ဆောင်မှုရယူရန်လိုအပ်ပါသည်။ ၀န်ဆောင်မှုရက်ချိန်းရယူရန် ၀န်ဆောင်မှုစင်တာ ကိုသွားရောက်ပါ။
မှတ်ချက် -
- ဖုန်းမော်ဒယ်လိုက် အသံခလုတ်နှင့်နားကြပ်ပေါက်တည်နေရာများ ကွဲပြားနိုင်ပါသည်။
Sound mode တွင် Ringtone နှင့် Notification အသံများသည် နားကြပ်နှင့်စပီကာ ၂ ခုစလုံးမှ လာပါသည်။ သင်သည် အသံကိုနားကြပ်တခုတည်းမှသာ လာစေချင်ပါက သင့် Sound mode ကို အောက်ပါအဆင့်များအတိုင်းလိုပ်ဆောင်၍ ပြောင်းလဲနိုင်ပါသည်။
Sound mode ဘယ်လိုပြောင်းမလဲ
- Vibrate: အသိပေးစာရသည့်အခါ ဖုန်းတုန်ခါလာခြင်း သင့်ဖုန်းတွင် သီချင်းသို့မဟုတ်ဗီဒီယိုမှအသံများကိုလည်း ဖွင့်နိုင်ပါသည်။
- Mute: အသိပေးစာရသည့်အခါ အသံ သို့မဟုတ် တုန်ခါမှုမပြုခြင်း သင့်ဖုန်းတွင် သီချင်းသို့မဟုတ်ဗီဒီယိုမှအသံများကိုလည်း ဖွင့်နိုင်ပါသည်။
မှတ်ချက်- ဖုန်း စခရင်ရှော့များနှင့် မီနူးများသည် ဖုန်းမော်ဒယ်နှင့်ဆော့ဖ်ဝဲလ်ဗားရှင်းပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်။
သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ
ကျေးဇူးပြု၍ မေးခွန်းအားလုံးဖြေဆိုပါ။