Galaxy Buds ၏ မိုက်ခရိုဖုန်း အလုပ်မလုပ်တော့ပါက ဘာလုပ်ရမလဲ။

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 11.01.2023

Galaxy Buds မိုက်ခရိုဖုန်းဖြင့် အသံသွင်းပြီး အသံဖိုင်ကိုနားထောင်ကြည့်ပါ။ အသံသွင်းထားသည့်အသံကို မကြားရပါက အောက်ပါပြဿနာအဖြေရှာနည်း အကြံပြုချက်များအတိုင်း လိုက်ပါလုပ်ဆောင်ပါ။

သင့်နားကြပ်များအား သန့်ရှင်းပါ။

မိုက်ခရိုဖုန်းအပေါက် ပိတ်နေပါက အသံကောင်းစွာသွင်းနိုင်မည်မဟုတ်ပါ။ အညစ်အကြေးများ စုပုံသွားခြင်းမဖြစ်စေရန် မိုက်ခရိုဖုန်းအပေါက် ၊ စပီကာနှင့် လေထွက်ပေါက်ကို ပုံမှန်သန့်ရှင်းပါ။ သန့်ရှင်းခြောက်သွေ့၍နူးညံ့သည့် ဘရက်ရှ် သို့မဟုတ် ဂွမ်းစဖြင့် နားဖာချေး သို့မဟုတ် အခြားအကြွင်းအကျန်များကို ဖယ်ရှားပါ။

  • နားကြပ်များအသုံးပြုပြီးပါက ၎င်းတို့ကို နူးညံ့ခြောက်သွေ့သောအဝတ်ဖြင့် သုတ်ပါ။

  • နားကြပ်များကို ခြောက်သွေ့အောင်ထားပါ။ နားကြပ်များ စိုသွားခြင်း သို့မဟုတ် နားကြပ်ထဲအရည်ဝင်သွားခြင်းမျိုးမဖြစ်စေရန် ဂရုစိုက်ပါ။

  • အညစ်အကြေးများ စုပုံသွားခြင်းမဖြစ်စေရန် မိုက်ခရိုဖုန်းအပေါက် ၊ စပီကာနှင့် လေထွက်ပေါက်ကို ပုံမှန်သန့်ရှင်းပါ။

     

Galaxy buds မိုက်ခရိုဖုန်းသန့်ရှင်းခြင်

မှတ်ချက် : ပြင်ပအရာ၀ထ္ထုများဖယ်ရှားရာတွင် ဓား စသဖြင့် ထက်သည့်အရာများမသုံးရန်နှင့် အားအလွန်အကျွံမသုံးရပါ။ ထိုသို့လုပ်ဆောင်မိပါက မိုက်ခရိုဖုန်းအပေါက် ၊ စပီကာနှင့် လေထွက်ပေါက်တို့ ထိခိုက်ပျက်စီးနိုင်ပါသည်။

နားကြပ်အား ပြန်စပါ။

နားကြပ်များကိုလည်း ပြန်စကြည့်နိုင်ပါသည်။ ဦးတည်ရာကိုစစ်ဆေးပြီးသည့်နောက်တွင် နားကြပ်များအား အားသွင်းထားသည့်အားသွင်းဗူးထဲရှိ ၎င်းတို့နှင့်သက်ဆိုင်ရာ အံခွက်ထဲသို့ထည့်၍ အဖုံးပိတ်ပြီးနောက် ၇ စက္ကန့်ကျော်ပါက ထုတ်ပေးပါ။

မှတ်ချက် : အားသွင်းဗူး၏ ဘက်ထရီအဆင့်သည်နည်းနေပါက ပထမဦးစွာ အားသွင်းဗူးကို အားသွင်းတုံးနှင့်ချိတ်ဆက်ပါ။

သင့် Galaxy Buds များအား ပြန်သတ်မှတ်ပါ။

နားကြပ်များကို ပြန်သတ်မှတ်ခြင်းဖြင့်လည်း မိုက်ခရိုဖုန်းပြဿနာ ပြေလည်သွားနိုင်ပါသည်။ Galaxy Wearable အက်ပ် > နားကြပ်သတ်မှတ်ချက်များ > ပြန်လည်သတ်မှတ်ပါ ကိုနှိပ်၍ စက်ရုံပြန်သတ်မှတ်မှုလုပ်ဆောင်ချက်ကို အပြီးသတ်ရန် စခရင်တွင်ပေါ်လာသည့် လမ်းညွှန်များအတိုင်း ဆက်လက်လုပ်ဆောင်ပါ။

မှတ်ချက် : သင့်နားကြပ်တွင် မိုက်ခရိုဖုန်းလုပ်ဆောင်ချက်နှင့်ပတ်သက်၍ ပြဿနာကြုံနေရသေးပါက ကျေးဇူးပြု၍ Samsung ဝန်ဆောင်မှုစင်တာသို့ သွားရောက်ပါ။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ