Samsung Galaxy Buds နားကြပ်များ၏ ထိနှိပ်ထိန်းချုပ်မှုကို ဘယ်လိုအသုံးပြုရမလဲ

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 21.02.2023

မှတ်ချက် : အောက်ပါအချက်အလက်များသည် Galaxy Buds2 Pro ကိုအခြေခံထားပါသည်။ မော်ဒယ်အလိုက် လုပ်ဆောင်ချက်နှင့်အသုံးပြုနည်းများအတွက် မော်ဒယ်တခုချင်းစီ၏ အသုံးပြုသူလက်စွဲ ကို ကိုးကားပါ။

သီချင်းဖွင့်ရန် ပိတ်ရန် သို့မဟုတ် ဖုန်းကိုင်ရန် မကိုင်ရန်အတွက် နားကြပ်ကို ထိပါ။ ထိခြင်းဖြင့် လုပ်ဆောင်နိုင်သည့် အခြားလုပ်ဆောင်ချက်များကိုလည်း သတ်မှတ်ထားနိုင်ပါသည်။

galaxy buds နားကြပ်များ

① မိုက်ခရိုဖုန်း   ② အင်တာနာ/ထိချက်နေရာ   ③ မိုက်ခရိုဖုန်

  • တစ်ကြိမ်နှိပ်ခြင်း- သီချင်းများကို ဖွင့်ခြင်း သို့မဟုတ် ခေတ္တရပ်ခြင်းတို့ကို ဖွင့်ပြီး စာသားမှ စကားပြောခြင်း လုပ်ဆောင်ချက်ကို ပိတ်ရန်။
  • နှစ်ကြိမ်နှိပ်ခြင်း- နောက်လာမည့်သီချင်းဖွင့်ရန် ၊ဖုန်းဖြေဆိုရန် သို့မဟုတ် ခေါ်ဆိုမှုကို အဆုံးသတ်ရန်၊ ဆက်နေသော ခေါ်ဆိုမှုကို ကိုင်ထားခြင်း သို့မဟုတ် ခေါ်ဆိုမှုအသစ်တစ်ခု လက်ခံရရှိခြင်း၊ သို့မဟုတ် ခေတ္တဆိုင်းငံ့ထားသည့် ခေါ်ဆိုမှုနှင့် အသစ်လက်ခံရရှိသည့် ခေါ်ဆိုမှုကြားတွင် ရွှေ့ပြောင်းနိုင်ခြင်း။ (မူလတွင် ပိတ်ထားပါသည်)
  • သုံးကြိမ်နှိပ်ခြင်း- နားကြပ်ကို သုံးစက္ကန့်အတွင်း သုံးကြိမ်ထိခြင်းဖြင့် ယခင်သီချင်းကို ဖွင့်နိုင်သည်။ (သီချင်းစတင်ပြီးနောက် နားကြပ်ကို သုံးကြိမ်ထိပါက၊ သင်သည် လက်ရှိဖွင့်နေသည့် သီချင်းကို ပြန်လည်ဖွင့်နိုင်ပါသည်။) (မူလတွင် ပိတ်ထားပါသည်)
  • ထိ၍နှိပ်ထားပါ သင့် Galaxy Buds တွင် လုပ်ဆောင်ချက်ကြိုတင်သတ်မှတ်ခြင်း သို့မဟုတ် ​ခေါ်ဆိုမှုငြင်းပယ်ခြင်းတို့လုပ်နိုင်သည်။ (မူရင်းဆက်တင်- ဆူညံသံထိန်းချုပ်မုဒ်)

Touch ထိန်းချုပ်မှုများ သတ်မှတ်ခြင်း

သင်၏ Galaxy Wearable အက်ပ်ရှိ Touch ထိန်းချုပ်မှုများ ဆက်တင်ကို စစ်ဆေးပါ။

အဆင့် ၁။ Galaxy Wearable အက်ပ်သို့ဝင်၍ Galaxy Buds ကိုရွေးပါ။

အဆင့် ၂။ Touch ထိန်းချုပ်မှုများ ကိုနှိပ်ပြီး ခလုတ်ကို ပြောင်းလိုက်ပါ။

galaxy buds ထိနှိပ်ထိန်းချုပ်မှုများ

အဆင့် ၃။ လုပ်ဆောင်ချက်အားလုံးကိုဖွင့်ပါ။

galaxy buds ထိနှိပ်ထိန်းချုပ်မှုများစာရင်း

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ