Galaxy Buds2 ဖြင့် အကောင်းဆုံး အသံရရှိနိုင်မည့် နည်းလမ်းကောင်းများ

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 02.09.2021


Galaxy Buds2 ကိုသုံးနေစဉ် အသံအရည်အသွေး ညံ့ဖျင်းသည်ဟု ခံစားရလျှင်ဖြစ်စေ သေချာသော အကြောင်းအရင်းနှစ်ခုရှိနိုင်သည်။ သင်နားကြပ်ကိုမှားယွင်းစွာ တပ်ဆင်မိခြင်း သို့မဟုတ် နားကြပ်များတွင် ဖုန်မှုန့်များနှင့်အညစ်အကြေးများ ပိတ်နေခြင်းဖြစ်နိုင်သည်။ ထို့အပြင် အသံအရည်အသွေးသည် သက်တမ်းကုန်နေသော ဆော့ဖ်ဝဲလ်၊ ဘက်ထရီချို့ယွင်းခြင်း (သို့) အခြားအရာများကြောင့် ထိခိုက်နိုင်ပါသည်။

အောက်ပါအကြံပေးချက်များကိုလုပ်ဆောင်ပါ။


အောက်ပါညွှန်ကြားချက်များ မလုပ်ဆောင်မီ ဖုန်းတွင် နောက်ဆုံးဆော့ဖ်ဝဲလ်အက်ပ်ဒိတ် တင်ထားပေးရန်နှင့် အသုံးပြုရမည့် အက်ပ်များအား နောက်ဆုံးဗားရှင်းသို့ တင်ထားပေးရန်လိုအပ်ပါသည်။ ဖုန်း၏ ဆော့ဖ်ဝဲလ်အက်ပ်ဒိတ်အားတင်ရန် အောက်ပါအတိုင်းလုပ်ဆောင်ပါ။

အဆင့် ၁ ။ Setting သို့သွားပါ > Software update

အဆင့် ၂ ။ Download ကိုနှိပ်ပြီး Install ပါ

အဆင့် ၃ ။ ညွှန်ကြားသည်များအား ဆက်လက်လုပ်ဆောင်ပါ

 

 

စစ်ဆေးချက် ၁။ နားကြပ်ကို မှန်ကန်စွာတပ်ဆင်ပြီး သင့်နားနှင့် အံကိုက်အောင်သေချာညှိပါ။

 

 

နားကြပ်များသည် သင့်နား၌မှန်ကန်စွာ နေရာထားခြင်းမရှိလျှင် သို့မဟုတ် သင်နားကြပ်ကို သေချာစွာမတပ်ပါက အလုပ်မလုပ်ခြင်း သို့မဟုတ် အသံအရည်အသွေးညံ့ခြင်း တို့ဖြစ်နိုင်သည်။ ကျေးဇူးပြု၍ သင်၏နားကြပ်များပေါ်တွင် L နှင့် R များကိုသေချာစီစစ်ပါ။ သင့်ရဲ့နားကို အံကိုက်ဖြစ်အောင် သေချာညှိပြီးတပ်ရန် ၊ Galaxy Wearable app ရဲ့ Galaxy earbud fit test ကိုသုံးနိုင်ပါတယ်။ သေချာစွာတပ်ဆင်ထားသော နားကြပ်နှင့် မှန်မှန်ကန်ကန် အံကိုက်တပ်ဆင်ထားပါက သင့်အားအကောင်းဆုံးအသံနှင့် Active Noise Cancelling တို့အတွက် အကျိုးသက်ရောက်မှုများ ပေးပါလိမ့်မည်။ သင်မျှော်လင့်ထားသည့် အသံအရည်အသွေး မရရှိလျှင် သင်၏နားကြပ်ကိုချိန်ညှိပါ (သို့) နားကြပ်ဖူးကိုပြောင်းပါ။

 

earbuds wear properly

 

Samsung ၏ပံ့ပိုးမှုဖြင့် Galaxy Buds2 ကိုမည်သို့ မှန်ကန်စွာ မည်သို့အသုံးချပုံကို ‘How to properly use your Galaxy Buds2’ တွင်ပိုမိုလေ့လာနိုင်ပါသည်။

Galaxy Buds2 နှင့် ကြိုးမဲ့ကွန်ယက်အသုံးပြုကာ ချိတ်ဆက်ထားသော ပစ္စည်းများအား စစ်ဆေးပါ။ တစ်နေရာတည်းတွင် အခြားကြိုးမဲ့ကိရိယာများနှင့် စစ်ဆေးသောအခါ အသံအရည်အသွေးမကောင်းလျှင် သို့မဟုတ် အခြားနေရာသို့ရွှေ့သောအခါ ပြန်လည်ကောင်းမွန်သွားလျှင်  ချိတ်ဆက်ထားသော ကွန်ယက်ဝန်းကျင်တွင် ပြသနာရှိတာမျိုး ဖြစ်နိုင်သည်။ထိုသို့သော ပြဿနာများသည် အသံအရည်အသွေး (သို့) Bluetooth ၏ စွမ်းဆောင်ရည် အားနည်းခြင်းကို ဖြစ်စေနိုင်သည်။

 

ကြိုးမဲ့ကွန်ယက်များအသုံးပြုခြင်းအတွက်သိကောင်းစရာများနှင့်ကြိုတင်ကာကွယ်မှုများ။

  • ၀န်ဆောင်မှုပေးသူ service provider ၏ ကွန်ယက်အဆင်မပြေမှုများကြောင့် ကြိုးမဲ့ကွန်ယက်ချိတ်ဆက်မှုများ အဆင်မပြေဖြစ်နိုင်သည်။ နားကြပ်များကို လျှပ်စစ်သံလိုက်လှိုင်းများနှင့် အဝေးတွင်ထားပါ။

  • သင်၏နားကြပ်ကို အခြားကိရိယာတစ်ခုနှင့် ချိတ်ဆက်သည့်အခါ ပိုမိုအဆင်ပြေချောမွေ့စေရန် ပစ္စည်းများကိုတစ်ခုနှင့်တစ်ခုအနီးကပ်ထားပါ။

  • သင်၏နားကြပ်နှင့်အခြား Bluetooth ပစ္စည်းသည် Bluetooth ဆက်သွယ်မှု အကွာအဝေး (၁၀ မီတာ) အတွင်းရှိရမည်။။ ချိတ်ဆက်နိုင်သော အကွာအဝေးသည် အသုံးပြုသည့် ပစ္စည်းပေါ်မူတည်ပြီး ကွာခြားနိုင်သည်။

  • လူ့ခန္ဓာကိုယ်များ၊ နံရံများ၊ အခန်းထောင့်များ (သို့) ခြံစည်းရိုးများအပါအ၀င် နားကြပ်များနှင့် ချိတ်ဆက်ထားသော ပစ္စည်းတစ်ခုနှင့် တစ်ခုကြားတွင် အတားအဆီးမရှိရန်ဂရုပြုရမည်။

  • ချိတ်ဆက်ထားသော ကိရိယာ၏ Bluetooth အင်တင်နာ ကိုမထိပါနှင့်။

  • Bluetooth တွင်အသုံးပြုထားသော ကြိမ်နှုန်းသည် စက်မှုဇုန်များ၊ သိပ္ပံကျောင်းများ၊ ဆေးဘက်ဆိုင်ရာနှင့် စွမ်းအားနိမ့်ထုတ်ကုန်များတွင် အသုံးပြုသော ကြိမ်နှုန်းများနှင့် တူညီသောကြောင့် ထိုပတ်ဝန်းကျင်မှာတွင် ချိတ်ဆက်ပါက အနှောင့်အယှက်များရှိနိုင်သည်။

  • လက်ရှိ ချိတ်ဆက်ထားသော ကြိုးမဲ့ကွန်ယက်ကို ဖြတ်တောက်လိုက်ပြီး အသစ်ပြန်လည် ချိတ်ဆက်ကြည့်လိုက်ပါ။

 

 

နားဖာချေး (သို့) ပြင်ပမှ အညစ်အကြေးများ စပီကာတွင် ရှိနေလျှင် အသံအတိုးအကျယ်သည် လက်ရှိ setting ထက်နိမ့်ခြင်း သို့မဟုတ် အသံအရည်အသွေး ကျဆင်းခြင်း တို့ရှိနိုင်သည်။ သန့်ရှင်းခြောက်သွေ့ နူးညံ့သော စုတ်တံ၊ ဝါဂွမ်းစများ (သို့) အခြားကိရိယာများဖြင့်ဖယ်ရှားပါ။ စပီကာကိုမသန့်ရှင်းမီ နားကြပ်ဖူးကို အရင်ဆုံးချွတ်ရန် လိုအပ်ပါသည်။

 
earbuds clean 1 earbuds clean 1

① Microphone hole

earbuds clean 2 earbuds clean 2

② Speaker

earbuds clean 3 earbuds clean 3

③ Air duct

  • Earbuds အသုံးပြုပြီးနောက် နားကြပ်ကိုသန့်ရှင်းရန် နူးညံ့ခြောက်သွေ့သော အဝတ်ကိုသုံးပါ။

  • နားကြပ်ကိုခြောက်အောင်ထားပါ။ အရည်များဖြင့် ထိတွေ့ခြင်း (သို့) နားကြပ်ထဲသို့ အရည်များ၀င်ခြင်းမှ ကာကွယ်ပါ။

  • စပီကာနှင့်လေပြွန်တွင် နားဖာချေး သို့မဟုတ် အညစ်အကြေးများမကပ်စေရန် နားကြပ်ကို ပုံမှန်သန့်ရှင်းပါ။

 

 

မှတ်ချက်။ နားဖာချေး (သို့) အညစ်အကြေးများကို ဖယ်ရှားနေစဉ် အလွန်ထက်သော အရာကိုမသုံးပါနှင့်။ မိုက်ခရိုဖုန်းအပေါက်၊ စပီကာနှင့် လေဝင်ပေါက်များ ပျက်စီးနိုင်သည်။

ချိတ်ဆက်ထားသော ပစ္စည်း၏ အသံအတိုးအကျယ်ပေါ်မူတည်ပြီး အသံအတိုးအကျယ် သို့မဟုတ် ဆူညံသံများကို တွေ့ကြုံရနိုင်သည်။ ဤအရာကိုရှောင်ရှားရန် ချိတ်ဆက်ထားသောပစ္စည်း၏ အသံကို သင့်လျော်စွာချိန်ညှိပါ။ အသံအတိုးအကျယ် နှစ်ခုလုံးအတွက် setting options များကိုချိန်ညှိပေးပါ။

 

မိုဘိုင်းဖုန်းပေါ်တွင် တင်သွင်းထားသော Galaxy Wearable အက်ပ်၊ မိုဘိုင်းဖုန်းနှင့် Galaxy Buds2 ဆော့ဝဲအားလုံး နောက်ဆုံးဗားရှင်းသို့ အပ်ဒိတ်လုပ်ထားရန် လိုအပ်ပါသည်။ အကောင်းဆုံး အတွေ့အကြုံရရှိစေရန် Galaxy Wearable app အပါအ၀င် software အစိတ်အပိုင်း တစ်ခုချင်းစီကို နောက်ဆုံးဗားရှင်းသို့ အပ်ဒိတ်လုပ်ရန် အကြံပြုပါသည်။

 

မိုဘိုင်းဖုန်းပေါ်တွင် တင်သွင်းထားသော Galaxy Wearable အက်ပ်၊ မိုဘိုင်းဖုန်းနှင့် Galaxy Buds2 ဆော့ဝဲအားလုံး နောက်ဆုံးဗားရှင်းသို့ အပ်ဒိတ်လုပ်ထားရန် လိုအပ်ပါသည်။ အကောင်းဆုံး အတွေ့အကြုံရရှိစေရန် Galaxy Wearable app အပါအ၀င် software အစိတ်အပိုင်း တစ်ခုချင်းစီကို နောက်ဆုံးဗားရှင်းသို့ အပ်ဒိတ်လုပ်ရန် အကြံပြုပါသည်။

earbuds update step

မှတ်ရန်:

  • Galaxy Buds2 ကို ထောက်ပံ့ပေးသော ပစ္စည်းများ၊ ရရှိနိုင်သည့်ဆက်စပ်ပစ္စည်းများနှင့် ပြထားသော ပုံများသည် နေရာဒေသပေါ် မူတည်၍ ကွဲပြားနိုင်သည်။

  • ထောက်ပံ့ပစ္စည်းများသည် Galaxy Buds2 အတွက်သာ ဒီဇိုင်းထုတ်ထားပြီး အခြားကိရိယာများနှင့် မကိုက်ညီပါ။

  • အသွင်အပြင်နှင့် အသေးစိတ် အချက်အလက်များသည် ကြိုတင်အသိပေးခြင်းမရှိဘဲ ပြောင်းလဲနိုင်သည်။

  • Samsung ဝက်ဘ်ဆိုက်မှအပိုပစ္စည်းများ၀ယ်ယူနိုင်သည်။ မ၀ယ်ယူမီ သင်၏ စက်ပစ္စည်းနှင့် ကိုက်ညီမှုရှိရန် လိုအပ်ပါသည်။

  • Samsung မှ အတည်ပြုထားသော ဆက်စပ်ပစ္စည်းများကို သာသုံးပါ။ ခွင့်ပြုချက် မရရှိသော အပိုပစ္စည်းများ အသုံးပြုခြင်းသည် အာမခံချက်မပါသောကြောင့် စွမ်းဆောင်ရည် ပြသနာများနှင့် ချို့ယွင်းချက်များ ဖြစ်စေနိုင်သည်။

  • ထုတ်လုပ်သည့် ကုမ္ပဏီများပေါ် မူတည်၍ အပိုပစ္စည်းများ အားလုံး ရရှိနိုင်သည်။ ရရှိနိုင်သည့် ဆက်စပ်ပစ္စည်းများ အကြောင်း ပိုမိုသိရှိလိုပါက Samsung ၀က်ဘ်ဆိုက်ကိုကြည့်ပါ။

မှတ်ချက်။ ပြထားသောပုံများသည် ဖုန်းမော်ဒယ်နှင့် ဆော့ဖ်ဝဲလ်ဗားရှင်းပေါ်မူတည်ပြီး ကွဲပြားနိုင်သည်။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ