Samsung earbuds များတွင် အသံအရည်အသွေး နိမ့်ကျ သို့မဟုတ် ကျဆင်းနေခြင်း

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 21.02.2023

သင့် Galaxy Buds ၏ တစ်ဖက် သို့မဟုတ် နှစ်ဖက်လုံးမှ အသံတိုးနေ သို့မဟုတ် အရည်အသွေးနိမ့်နေခြင်းတို့ ကြုံရပါက ထိုသို့ဖြစ်ရသည့်အကြောင်းရင်းများစွာရှိပါသည်။ သင်သည် နားကြပ်များကိုမှားယွင်းစွာဝတ်ဆင်ထားခြင်း သို့မဟုတ် နားကြပ်များတွင် ဖုန် သို့မဟုတ် အညစ်အကြေးများစုနေခြင်းတို့ကြောင့်ဖြစ်နိုင်သည်။ ထို့အပြင် အသံအရည်အသွေးသည် ဟောင်းနေသည့်ဆော့ဖ်ဝဲ ၊ ဘက်ထရီအားနည်းခြင်းနှင့် အခြားအကြောင်းရင်းများစွာကြောင့် သက်ရောက်မှုရှိနိုင်ပါသည်။

မိုက်ခရိုဖုန်းအပေါက် ၊ စပီကာနှင့် လေထွက်ပေါက်ကို သန့်ရှင်းပါ

လက်ရှိသတ်မှတ်ချက်တွင် ရှိသင့်သည်ထက် အသံတိုးနေပါက မိုက်ခရိုဖုန်း ၊ စပီကာနှင့် လေထွက်ပေါက်ကိုသန့်ရှင်းပါ။ စပီကာသန့်ရှင်းရေးမပြုလုပ်မီ နားကြပ်အောက်ခြေအကုပ်မှနေ၍ နားကြပ်ခေါင်းကိုဖြုတ်ပါ။ သန့်ရှင်းခြောက်သွေ့ပြီး နူးညံ့သော ဘရပ်ရှ်၊ ဂွမ်းစများ သို့မဟုတ် အခြားကိရိယာတစ်ခုဖြင့် နားဖာချေး သို့မဟုတ် အမှုန်အမွှားများကို ဖယ်ရှားပါ။

မိုက်ခရိုဖုန်းအပေါက်သန့်ရှင်းခြင်း မိုက်ခရိုဖုန်းအပေါက်သန့်ရှင်းခြင်း

မိုက်ခရိုဖုန်းအပေါက်

စပီကာသန့်ရှင်းခြင်း စပီကာသန့်ရှင်းခြင်း

စပီကယ

လေထွက်ပေါက်သန့်ရှင်းခြင်း လေထွက်ပေါက်သန့်ရှင်းခြင်း

လေထွက်ပေါက်

မှတ်ချက် : နားဖာချေးသို့မဟုတ် ဖုန်များကိုရှင်းထုတ်ရန်အတွက် အားအလွန်အကျွံသုံးခြင်း သို့မဟုတ် ချွန်ထက်သည့်အရာများသုံးခြင်းမပြုပါနှင့်။ မိုက်ခရိုဖုန်းအပေါက် ၊ စပီကာနှင့် လေထွက်ပေါက်တို့ ထိခိုက်ပျက်စီးနိုင်ပါသည်။

နားကြပ်များကို နားအတွင်းသို့ထည့်သည့်အချိန်တွင် နားကြပ်ထိပ်ခေါင်းများသည် သက်တောင့်သက်သာနေရာကျသွားသည်အထိ အပေါ်သို့မျက်နှာမူနေရန် သေချာလုပ်ဆောင်ပါ။ ထို့နောက် အံဝင်ခွင်ကျဖြစ်စေရန် နားကြပ်ကို ဘယ်ညာလှည့်ပါ။

နားကြပ်တစ်ဖက်စီ၏ ဦးတည်ရာကိုစစ်ဆေးပါ

သင့်နားကြပ်များကို မှန်ကန်စွာဝတ်ဆင်ထားကြောင်း အတည်ပြုပါ။ သင့်နားကြပ်မော်ဒယ်အလိုက် လမ်းညွှန်ကွဲပြားပါလိမ့်မည်။ မိုက်ခရိုဖုန်းပိတ်နေပါက တုံ့ပြန်ချက်ပေါ်လာပါလိမ့်မည်။

အသံချဲ့ ခလုတ်ကိုသုံး၍ ချိတ်ဆက်ထားသည့်ဖုန်းမှအသံကို ချဲ့နိုင်ပါသည်။ အသံအမြင့်ဆုံးသို့သတ်မှတ်ထားသော်လည်း အသံထွက်လာသည့်အချိန်တိုးနေပါက ဖုန်းနှင့် နားကြပ်တို့တွင် မတူသည့် အသံထိန်းချုပ်မှုရှိနေခြင်းကြောင့်ဖြစ်နိုင်ပါသည်။

အသံချိန်ညှိခြင်း

နားကြပ်များ၏ အသံအတိုးအကျယ်ကို ၎င်းတို့ဘာသာချိန်ညှိရန်အတွက် သင်သည် touchpad ညွှန်ကြားချက်များကို စနစ်ထည့်သွင်းရန် လိုအပ်ပါသည်။

နားကြပ်၏ဘက်ထရီ နည်းနေပါက နားကြပ်များကိုအားသွင်းရန်လိုနိုင်ပါသည်။ ဘက်ထရီအဆင့်ကို Galaxy Wearable အက်ပ်တွင် စစ်ဆေးနိုင်ပါသည်။

တခြားနည်းလမ်းအနေဖြင့် သင်သည် နားကြပ်များကို ဗူးအတွင်းသို့ထည့်၍ ဘက်ထရီသက်တမ်းကို စစ်ဆေးနိုင်ပါသည်။ နားကြပ်မော်ဒယ်အလိုက် အားသွင်းဗူးအချက်ပြမီးသည် ဗူး၏ အရှေ့ဘက် နှင့် အနောက်ဘက် တို့တွင် ရှိပါလိမ့်မည်။

ဝန်းကျင်အသံမုဒ်သည် ဖုန်းခေါ်ဆိုနေစဉ်အတွင်း နောက်ခံတွင် အသံများကြားနိုင်စေပါသည်။ စကားပြောနေစဉ်တွင် နောက်ခံဆူညံသံများစွာကို သင်ကြားနိုင်သည်။ ၎င်းကိုကာကွယ်ရန် ဝန်းကျင်အသံမုဒ်ကို ပိတ်သင့်သည်။

သို့သော် သင့်တွင် Galaxy Buds Live သို့မဟုတ် Galaxy Buds Pro ရှိပါက၊ နောက်ခံဆူညံသံများ ဖြတ်သွားခြင်းမှ ကာကွယ်နိုင်စေမည့် Active noise cancelling ကိုဖွင့်ထားသင့်သည်။

Galaxy Buds Live တွင် ဝန်းကျင်အသံမုဒ် မရှိပါ။

သင်သုံးနေသည့်အက်ပ်တွင် ဟန်ချက်ညီသည့်သတ်မှတ်ချက်ရှိပါက သင်သည် နားကြပ်များအကြားတွင် အသံဟန်ချက်ညီစေရန် ချိန်ညှိနိုင်ပါသည်။

၁။ ချိတ်ဆက်ထားသည့်ဖုန်းမှ Galaxy Wearable အက်ပ်ကိုဖွင့်ပါ။

၂။ နားကြပ် သတ်မှတ်ချက်များ ကိုနှိပ်ပါ။

၃။ သုံးခွင့်ရမှု ကိုနှိပ်ပါ။

၄။ နားကြပ်နှစ်ခုအကြားအသံညီမျှသွားသည်အထိ ချိန်ညှိမှုဘားကို ဘယ်/ညာရွှေ့ပါ။

အသံ သတ်မှတ်ချက်များ

၁။ ဖုန်းကိုပြန်စရန်အတွက် ပါဝါ ခလုတ်နှင့် အသံတိုး ခလုတ်ကို ဖိနှိပ်ထားပေးပါ။ ပါဝါပိတ်ပါ ကိုနှိပ်၍ ပါဝါပိတ်ပါ ကိုထပ်နှိပ်ပါ။ ဖုန်းလုံး၀ပိတ်သွားသည့်နောက်တွင် ပြန်စရန် ပါဝါ ကိုထပ်နှိပ်ပါ။

ဖြစ်နိုင်ပါက သင့်နားကြပ်များကိုပါပြန်စပါ။ နားကြပ်များပြန်စရန်အတွက် အားသွင်းဗူးအတွင်း ၎င်းတို့နေရာအသီးသီးသို့ နားကြပ်များကိုထည့်၍ အားသွင်းဗူးအဖုံးပိတ်ပြီးနောက် အနည်းဆုံး ၇ စက္ကန့်ကြာပြီးသည့်နောက်တွင် ပြန်ထုတ်ပါ။

ထိုသို့အလုပ်မဖြစ်ပါက နားကြပ်များကို အလုံးစုံပြန်သတ်မှန်ရန်ကြိုးစားကြည့်နိုင်ပါသည်။ သင့်မိုဘိုင်းကိရိယာပေါ်ရှိ Galaxy Wearable အက်ပ်ကိုဖွင့်၍ နားကြပ်သတ်မှတ်ချက်များ > ပြန်လည့်သတ်မှတ်ပါ ကိုနှိပ်ပါ။

Galaxy Wearable အက်ပ်မှတဆင့် ဆော့ဖ်ဝဲအပ်ဒိတ်များကို စစ်ဆေးနိုင်ပါသည်။

မိုဘိုင်းကိရိယာမှ Galaxy Wearable အက်ပ်ကိုဖွင့်၍ နားကြပ်သတ်မှတ်ချက်များ > နားကြပ်ဆော့ဖ်ဝဲအပ်ဒိတ် > ဒေါင်းလုဒ်ပြီးထည့်သွင်းမည် ကိုနှိပ်ပါ။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ