သင့် Galaxy ဖုန်းတွင် မိုဘိုင်းဒေတာ ဖွင့်နည်း သို့မဟုတ် ပိတ်နည်း

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 12.12.2021

မိုဘိုင်းဒေတာသည် မိုဘိုင်းကွန်ရက်ဝန်ဆောင်မှုပေးသူမှ ပံ့ပိုးပေးသော အင်တာနက်ချိတ်ဆက်မှုတစ်ခုဖြစ်သည်။ ဒေတာကောက်ခံမှုများကိုချွေတာရန် လိုအပ်ချိန်တွင် သို့မဟုတ် Wi-Fi ကွန်ရက်ရရှိနိုင်သည့်နေရာတွင် အလိုအလျောက်ပြောင်းရန် လိုအပ်ချိန်တွင် မိုဘိုင်းဒေတာကို ဖွင့်ခြင်းပိတ်ခြင်းတို့ပြုလုပ်ရန် သင်သတ်မှတ်နိုင်သည်။  မိုဘိုင်းဒေတာ အဖွင့်အပိတ်လုပ်နည်းကို လေ့လာရန် အောက်ပါလမ်းညွှန်ချက်ကို လိုက်နာပါ။

အောက်ပါအကြံ ပြု ချက်များကို မစမ်းသပ်မီ သင့်ဖုန်း၏ဆော့ဝဲ အပါအဝင် သက်ဆိုင်သောအက်ပ်များကို နောက်ဆုံးဗားရှင်း အပ်ဒိတ်လုပ်ထားပါ။ သင့်မိုဘိုင်းဖုန်းဆော့ဝဲကို အပ်ဒိတ်လုပ်ရန် ဤအဆင့်များကိုလိုက်နာပါ။

အဆင့် ၁။ Settings > Software update သို့သွားပါ။ 

အဆင့် ၂။ Download လုပ်ပြီး Install ကိုနှိပ်ပါ။

အဆင့် ၃။ မျက်နှာပြင်ပေါ်ရှိညွှန်ကြားချက်များကို လိုက်နာပေးပါ။

မိုဘိုင်းဒေတာကို ဖွင့်ပါ သို့မဟုတ် ပိတ်ပါ။

သင့်တွင် မိုဘိုင်းဒေတာအစီအစဉ်နှင့် ဆင်းမ်ကတ်တစ်ခု ထည့်သွင်းထားပါက၊ မိုဘိုင်းဒေတာကို ပုံမှန်အတိုင်း ဖွင့်သုံးနိုင်မည်ဖြစ်သည်။ မိုဘိုင်းဒေတာဖွင့်ထားခြင်းရှိမရှိ စစ်ဆေးရန် အောက်ပါအဆင့်များကို လိုက်နာပါ သို့မဟုတ် ၎င်းကို ပိတ်ရန်။

အဆင့် ၁။  Settings အက်ပ်ကိုဖွင့်ပါ၊ ထို့နောက် Connections ကို ရွေးချယ်ပါ။

အဆင့် ၂။ Data Usage ကို နှိပ်ပါ။

အဆင့် ၃။  Mobile data ကို ဖွင့်ထားကြောင်း သေချာပါစေ။ မိုဘိုင်းဒေတာကို ပိတ်လိုပါက ပိတ်ရန် ခလုတ်ကို နှိပ်ပါ။

mobile data enable or disable

တစ်နည်းအားဖြင့် သင်သည် Quick panel မှတစ်ဆင့် မိုဘိုင်းဒေတာကို ဖွင့်နိုင် သို့မဟုတ် ပိတ်နိုင်သည်။ Quick Panel ကိုဖွင့်ရန် ဖုန်းမျက်နှာပြင်၏ထိပ်မှ အောက်သို့ပွတ်ဆွဲပါ၊ ထို့နောက် ဤအင်္ဂါရပ်ကို အသက်သွင်းရန် သို့မဟုတ် ပိတ်ရန် Mobile data ပုံစံကွက်ကို နှိပ်ပါ။

မှတ်ချက်။ မိုဘိုင်းဒေတာဝန်ဆောင်မှုများသည် ထပ်လောင်းကျသင့်ငွေများ ပေးဆောင်နိုင်ပါသည်။ ဒေတာအသုံးပြုမှု မည်မျှရရှိနိုင်သည်ကို သိရှိရန် သင့်ကွန်ရက်ဝန်ဆောင်မှုပေးသူကို ဆက်သွယ်ရန် အကြံပြုအပ်ပါသည်။.

Data saver ကို ဘယ်လိုဖွင့်ရမလဲ

Data Saver သည် အက်ပ်များအား နောက်ခံတွင် ဒေတာအသုံးပြုခြင်းကို တားဆီးခြင်းဖြင့် ဒေတာအသုံးပြုမှုကို လျှော့ချပေးသည်။ Data saver ကိုဖွင့်ရန် အောက်ပါအဆင့်များကို လိုက်နာပါ။

အဆင့် ၁။ Settings အက်ပ်ကိုဖွင့်ပြီး Connections ကိုနှိပ်ပါ။

အဆင့် ၂။ Data usage ကိုရွေးချယ်ပါ။

အဆင့် ၃။ Data saver ကိုနှိပ်ပါ။

အဆင့် ၄။ Turn on now ဘေးရှိခလုတ်ကိုနှိပ်ပြီး Data saver ကိုဖွင့်ပါ။

Data saver ကို အသုံးပြုထားသော်လည်း သင့်မိုဘိုင်းဒေတာကို ဆက်လက်အသုံးပြုလိုသည့်အက်ပ်များကို သီးသန့်သင်ရွေးချယ်နိုင်သည်။ အက်ပ်များအား ခွင့်ပြုချက်ပေးရန် Allow app while Data saver on ကို နှိပ်ပါ၊ ထို့နောက် အက်ပ်များဘေးရှိ ခလုတ်ကို နှိပ်ပါ။

 

တစ်နည်းအားဖြင့် သင်သည် ဤရွေးချယ်စရာများကို Settings > Apps > select the app > Mobile data > Allow app while Data saver on တွင်ဝင်ရောက်လုပ်ဆောင်နိုင်သည်။

မှတ်ချက်။ ပြထားသောပုံများနှင့် မီနူးများသည် ဖုန်းမော်ဒယ်နှင့် ဆော့ဖ်ဝဲလ်ဗားရှင်းတို့အပေါ်မူတည်ပြီး ကွာခြားသွားနိုင်သည်။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ