ဆမ်ဆောင်း တီဗွီအား Reset ပြုလုပ်ခြင်း နည်းလမ်းများ
Factory Reset ပြုလုပ်ခြင်းဖြင့် Settings များသည် နဂိုမူလ စက်ရုံမှထုတ်လုပ်သည့် အနေထားသို့ ပြန်လည်ရောက်ရှိမည်ဖြစ်သည်။ ထို Settings များတွင် ပုံရုပ်များနှင့် အသံ Setting များ၊ Channel menu setting (သိမ်းထားသော channel များပါဝင်သည်)၊ နာရီနှင့် အချိန်သတ်မှတ်ထားသည်များနှင့် သင်ပြုပြင်ပြောင်းလဲထားသည့် အခြားသော Settings များ ပါဝင်ပါသည်။ ထို့ပြင် သင်သည် သင်၏တီဗီအား ပညာရှင်ပီသစွာချိန်ညှိခဲ့လျှင် စံကိုက်ညီဝန်ဆောင်မှု menu ကတဆင့် မပြုပြင်ခဲ့သော သင်စံကိုက်ညှိထားသည့် setting များ ဆုံးရှုံးမည်ဖြစ်သည်။
သင်၏ တီဗွီရှိ Settings များမှ တစ်ခု (ဥပမာ ရုပ်ပုံများ သို့မဟုတ် အသံ) အား ရိုးရှင်းစွာ အသစ်ပြုပြင်ပြောင်းလဲလိုပါလျင် သင်၏ တီဗွီမှ အသုံးပြုသူလမ်းညွှန်အား မှီငြမ်း၍ setting တစ်ခုချင်းစီအား ချိန်ညှိနိုင်ပါသည်။ Factory Reset သည် သင်၏ Network Setting များကို မထိခိုက်စေနိုင်ပါ။ Network Setting အား ပြောင်းလဲလိုပါက သီးခြားလုပ်ဆောင်ရမည်ဖြစ်သည်။ သင်၏ တီဗွီမော်ဒယ်လ်အလိုက်မြင်တွေ့ရမည့် မျက်နှာပြင်အသိပေးချက်များမတူညီနိုင်သော်လည်း လုပ်ဆောင်မှု အဆင့်ပုံစံတူသည်။
ခုနှစ်နှင့် မော်ဒယ်လ်အလိုက် လုပ်ဆောင်ရမည့် အဆင့်များအား အောက်ပါ ဇယားတွင်ဖော်ပြထားပါသည်။ သက်ဆိုင်ရာမော်ဒယ်လ်အလိုက် အဆင့်ဆင့် လုပ်ဆောင်မှု အသေးစိတ်ကို အောက်တွင် ကြည့်ရှုနိုင်ပါသည်။
YEAR |
MENU PATH |
---|---|
2011 (D Series) |
MENU > System > Plug & Play > (Initial setup) |
2012 (E Series) |
MENU > Support > Self Diagnosis |
2013 (F Series) |
Screen Menu > Support > Self Diagnosis > Reset |
2014 (H Series) |
Support > Self Diagnosis > Reset |
2015 (J Series) |
Menu/123 > Menu > Support > Self Diagnosis > Reset |
2016 (K Series) |
Home > Settings > Support > Self Diagnosis > Reset |
2017 (M Series) |
Home> Settings > Support > Self Diagnosis > Reset |
2018 (N Series) |
Home> Settings > Support > Self Diagnosis > Reset |
မှတ်ချက်။
Application သို့မဟုတ် Smart Features နှင့်သက်ဆိုင်သည့် ပြဿနာများအား ဖြေရှင်းရန် Smart Hub အားအသုံးပြုရန် အကြံပြုလိုပါသည်။ Network နှင့် သက်ဆိုင်သည့် ပြဿနာများအတွက်မူ Main Menu အောက်မှ Network options တွင် ၀င်ရောက်ချိန်ညှိပါ။

Application သို့မဟုတ် Smart Features နှင့်သက်ဆိုင်သည့် ပြဿနာများအား ဖြေရှင်းရန်
Smart Hub အားအသုံးပြုရန် အကြံပြုလိုပါသည်။ Network နှင့် သက်ဆိုင်သည့် ပြဿနာများအတွက်မူ
Main Menu အောက်မှ Network options တွင် ၀င်ရောက်ချိန်ညှိပါ။
မှတ်ချက်။
Application သို့မဟုတ် Smart Features နှင့်သက်ဆိုင်သည့် ပြဿနာများအား ဖြေရှင်းရန် Smart Hub အားအသုံးပြုရန် အကြံပြုလိုပါသည်။ Network နှင့် သက်ဆိုင်သည့် ပြဿနာများအတွက်မူ Main Menu အောက်မှ Network options တွင် ၀င်ရောက်ချိန်ညှိပါ။
သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ
ကျေးဇူးပြု၍ မေးခွန်းအားလုံးဖြေဆိုပါ။