သင့်ဒေသနှင့် ဘာသာစကားကို ရွေးချယ်ပါ။
Support News

S Voice ဝန်ဆောင်မှု ရပ်ဆိုင်းကြောင်း ကြေညာချက်

ဖုန္း
Apr 29, 2020
တန်ဖိုးထားရပါသော ဖောက်သည်များ ခင်ဗျာ၊


S Voice ဝန်ဆောင်မှုကို အသုံးပြုခြင်းအတွက် ကျေးဇူးတင်ပါသည်။
ကုမ္ပဏီတွင်း လုပ်ငန်းဆောင်ရွက်ရေး မူဝါဒအရ S Voice ဝန်ဆောင်မှုအား ၂၀၂၀ခုနှစ် ဇွန်လ 1 ရက်နေ့မှစ၍ ဆက်လက် အသုံးပြု၍ မရနိုင်တော့ကြောင်းကို ကျေးဇူးပြု၍ မှတ်သားပေးပါ။

S Voice ဝန်ဆောင်မှု ဖျက်သိမ်းခြင်း (S Voice ကို သင်ဖွင့်ကြည့်ပါက အမှားများကို ကြုံတွေ့ရနိုင်ပါသည်)
◇ ရက်စွဲ- ဇွန်လ 1 ရက်နေ့၊ 2020
◇ သက်ရောက်မည့် မော်ဒယ်လ်များ- အောက်ပါ မော်ဒယ်လ်များ အပါအဝင် အပလီကေးရှင်း စခရင်ပေါ်တွင် S Voice သင်္ကေတပါရှိသည့် မော်ဒယ်လ်အားလုံး
     - စမတ်ဖုန်း- Galaxy A3၊ Galaxy A5၊ Galaxy A7၊ Galaxy A8၊ Galaxy A9၊ Galaxy Note FE၊ Galaxy Note5၊ Galaxy Note4၊ Galaxy Note3၊ Galaxy Note2၊ Galaxy S7၊ Galaxy S7 edge၊ Galaxy S6၊ Galaxy S6 edge၊ Galaxy S5၊ Galaxy S4၊ Galaxy S3၊ Gear S၊ Gear S2၊ စသည်ဖြင့်။
     - ဝတ်ဆင်နိုင်သောစက်များ- Galaxy Watch၊ Galaxy Watch Active၊ Gear S3၊ Gear Sport၊ စသည်ဖြင့်။
       ဝတ်ဆင်နိုင်သောစက်များတွင် S Voice ကို Bixby သို့ အဆင့်မြှင့်ပါ (Galaxy Watch၊ Galaxy Active တို့သည် နောက်ဆုံးပေါ် ဆော့ဖ်ဝဲနှင့်အတူ Bixby ကို ပံ့ပိုးပေးပါသည်။ S Voice ရပ်ဆိုင်းသွားလျှင် Bixby အဆင့်မြှင့်တင်မှုအား Gear S3၊ Gear Sport တွင် ပံ့ပိုးသွားပါမည်)။


လေးစားစွာဖြင့်


Samsung Myanmar Customer Service