သင့်ဒေသနှင့် ဘာသာစကားကို ရွေးချယ်ပါ။
Support Alert

ဖုန်းအားသွင်းရာတွင် သတိပြုရမည့်အချက်များ

ဖုန္း
Aug 23, 2017
လူကြီးမင်း၏ Smartphone ကိုအားသွင်းရာတွင် တရားဝင်အသိအမှတ်ပြုထားခြင်းမရှိသည့် အပိုပစ္စည်းများ (ဥပမာ - အားသွင်းကိရိယာ၊ ကြိုးမဲ့အားသွင်းကိရိယာ၊ ကေဘယ်လ်ကြိုးများနှင့်USB-C Adaptor စသည်တို့)ကို အသုံးပြုခြင်းကြောင့် ဖုန်းပျက်စီးခြင်းများဖြစ်ပေါ်စေနိုင်ကြောင်း သတိပြုစေလိုပါသည်။
Samsungမှထုတ်လုပ်သော အပိုပစ္စည်းများ (သို့) သက်ဆိုင်ရာမှ အရည်အသွေးပြည့်မှီကြောင်း တရားဝင်အသိအမှတ်ပြုလက်မှတ်များရရှိထားသော အပိုပစ္စည်းများကိုသာ အသုံးပြုရန် အထူးအသိပေးအကြံပြုလိုပါသည်။ ကြိုးမဲ့အားသွင်းကိရိယာများကို အသုံးပြုရာတွင် ဖုန်းနှင့် ကြိုးမဲ့အားသွင်းကိရိယာအကြားတွင် မည်သည့်သတ္ထု/သံလိုက်ပစ္စည်းမဆို (ဥပမာ - အကြွေစေ့များ၊ သံလိုက်စနစ်သုံးကဒ်များ)ရောက်ရှိနေပါက အားသွင်းစွမ်းရည်လျော့ကျသွားစေခြင်း (သို့) လျှပ်စစ်အားအလွန်အကျွံစီးဝင်ခြင်းများကို ဖြစ်စေနိုင်ကြောင်း သတိပြုစေလိုပါသည်။
ကြိုးဖြင့်အသုံးပြုရသော အားသွင်းကိရိယာများကို အသုံးပြုရာတွင်လည်း ချိတ်ဆက်ထားသောနေရာများနှင့် မီးပလပ်ပေါက်နေရာများတွင် အခြားအရာဝတ္ထုများ ကပ်ငြိရောက်ရှိနေပါက အားမဝင်ခြင်း (သို့) အပူလွန်ကဲလာခြင်းများဖြစ်ပေါ်နိုင်သောကြောင့် စစ်ဆေးအသုံးပြုပေးသင့်ပါသည်။