သင့်ရဲ့ Galaxy ဖုန်း Power ဖွင့်လို့အဆင်မပြေရင် ဘယ်လိုလုပ်ရမလဲ

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 21.09.2021

သင်၏ Galaxy ဖုန်းပွင့်မလာပါက ပြန်လည်ပြုပြင်ရန်မပို့မီ စစ်ဆေးရမည့်အချက်အချို့ရှိပါသည်။ တစ်ခါတစ်ရံမှာ ဖုန်းကိုသေချာစွာ အားမသွင်းမိတာမျိုးဖြစ်နိုင်ပါသည်။ သင့်ဖုန်းနှင့် ပတ်သက်၍ ပြဿနာရှိမရှိအတည်ပြုရန် အောက်ပါအချက်များနှင့် စစ်ဆေးနိုင်ပါသည်။

တစ်အချက်။ ဖုန်းကိုမဖွင့်ခင် ဘက်ထရီကို လုံလောက်စွာအားသွင်းပါ

သင်၏ဘက်ထရီ လုံးဝအားကုန်သွားပါက အားသွင်းစက်နှင့် ဘက်ထရီအားသွင်းနေစဉ်တွင် စက်ကိုချက်ချင်းဖွင့်နိုင်မည်မဟုတ်ပါ။

ဖုန်းကိုချက်ချင်းပြန်မဖွင့်ခင် အားသွင်းပြီးနောက် မိနစ်အနည်းငယ်စောင့်ဆိုင်းပါ။

discharged battery power on

မှတ်ချက်။

  • ဖုန်းကိုပြန်ဖွင့်ရန် လိုအပ်သောအားသွင်းချိန်သည် ဖုန်း၏မော်ဒယ် အလိုက်ကွဲပြားနိုင်သည်။
  • PC တစ်ခုတွင် USB ကြိုးနှင့်ချိတ်ဆက်ပြီး အားသွင်းရင်း ဖုန်းသို့မဟုတ်တက်ဘလက်ကိုတစ်ချိန်တည်း အသုံးပြုခြင်းသည် အားသွင်းရန်လုံလောက်သောစွမ်းအားကိုမပေးနိုင် ပါ။ အဘယ့်ကြောင့်ဆိုသော် အားသွင်းရန် ပိုမိုကြာရှည်သွားနိုင်သည်။ စက်ပိတ်ပြီးအားသွင်းလျှင် ပိုမိုမြန်ဆန်နိုင်သည်။

ဗို့အား၊ အားသွင်းမြန်စနစ်နှင့် အားသွင်းတုံးရဲ့ပလပ်အမျိုးအစားတို့သည် ဖုန်းနှင့်သင့်လျော်မှုမရှိလျှင် ဖုန်းကိုဆိုးရွားစွာပျက်ဆီးစေနိုင်သည်။ Samsung မှ အသိအမှတ်ပြုထားသော မူရင်းအားသွင်းတုံးကိုသာ အသုံးပြုရန် အကြံပြုချင်ပါသည်။

Samsung Mobile Accessories page တွင် အားသွင်းတုံးများနှင့် ကြိုးမဲ့အားသွင်းစက်များကို စိတ်တိုင်းကျဝင်ရောက်ကြည့်ရှုဝယ်ယူနိုင်ပါသည်။

 

ဖုန်း၊ အားသွင်းတုံးနှင့် USB ကြိုးတို့တွင် ထိခိုက်ပျက်ဆီးခြင်းရှိမရှိကိုစစ်ဆေးပါ။ ပျက်ဆီးမှုရှိနေလျှင် အားသွင်းစနစ်ကို ကြားဝင်နှောင့်ယှက်နိုင်ပါသည်။ အောက်ပါအချက်များအားစစ်ဆေးပြီး ပျက်ဆီးမှုတစ်စုံတစ်ရာရှိနေခဲ့ပါက အကူအညီရယူရန်အတွက် book an appointment at a Samsung service centre သို့ဝင်ရောက်နိုင်သည်။

  • ဖုန်းအားသွင်းပေါက်နှင့်ကြိုးများကို ဖုန်များကပ်ငြိနေခြင်းနှင့် ပျက်ဆီးနေခြင်းများရှိမရှိ စစ်ဆေးပါ။
  • သင်၏ဖုန်းသည် ရေဝင်ခြင်း၊ အပူလွန်ကဲခြင်း၊ ဖောင်းပွခြင်း သို့မဟုတ် ပျက်စီးခြင်းမရှိကြောင်း သေချာအောင်စစ်ဆေးပါ။
  • အားသွင်းကြိုးအား တုန်ခါခြင်းမရှိဘဲ အားသွင်းပေါက်၌ ခိုင်မြဲအောင်တပ်ဆင်ထားရမည်။

ဖုန်းကို Restart ပြုလုပ်ရန် ၇ စက္ကန့်ထက်ပိုပြီး Side ခလုတ်နှင့် Volume Down ခလုတ်တို့ကို တစ်ပြိုင်နက်ဖိထားပါ။

ဖုန်းသည်ပြန်လည်ပွင့်လာမည့်အစား Maintenance Boot Mode သို့ ၀င်သောအခါ Normal Boot ကိုရွေးရန် volume up နှင့် down ခလုတ်များကိုသုံး၍ ရွေးချယ်ပြီး side key ကိုနှိပ်ကာ အတည်ပြုပါ။ သင့်ဖုန်းသည်ပုံမှန်အတိုင်း ပြန်လည်စတင်လာလိမ့်မည်။

forced power on

မှတ်ချက်။ မှန်ကန်စွာလုပ်ဆောင်ပါက ချက်ချင်း Restart ပြုလုပ်ခြင်းသည် ဖုန်းထဲက မည်သည့်အချက်အလက်ကိုမှ ပျက်စေမည်မဟုတ်ပါ။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ