Samsung Galaxy Note9 ၏ဘက်ထရီသက်တမ်းနှင့် သိုလှောင်မှုပမာဏမှာ အဘယ်နည်း

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 29.06.2022

သင်၏ Note9 ဖြင့်၊ ပိုကောင်းသည့် ဘက်ထရီအလုပ်ချိန်တာနှင့် ပိုများသည့် သိုလှောင်ခန်းပမာဏကို အကျိုးခံစားပါ။ 

ဘက်ထရီအလုပ်ချိန်တာ

4000 (Rated)ဘက်ထရီကို သင့်အတွက် နောက်ထပ် ဒီဇိုင်းစီစဉ်ထားသည်။ တစ်နေ့လုံးကြာခံသော ဘက်ထရီအားမျိုး သုံးနိုင်အောင် သေချာလုပ်ထားသဖြင့် ယခင်မော်ဒယ်များထက် ၂၁% ပိုမြင့်ပါသည်။


ဘက်ထရီဘူးများနှင့် ကေဘယ်ကြိုးများကို အမှတ်မထားဘဲ၊ မက်ဆေ့ချ်ပို့ရန်ဖြစ်စေ၊ ဂိမ်းကစားရန်ဖြစ်စေ သို့မဟုတ် လုပ်ဆောင်မှုအမျိုးမျိုးဖြစ်စေ Note9 ၏ လုပ်ဆောင်ပုံအများအပြားဖြင့် အစားထိုးသုံးရန် အာရုံစိုက်ပါ။

 

ဘက္ထရီ၏ ၂၄ နာရီ

သတိပြုရန်: ကိရိယာ ပျက်စီးခြင်းမှ တားဆီးရန်နှင့် ၎င်း၏စွမ်းဆောင်ရည်အပြည့်ကို အကျိုးခံစားရန်၊ Samsung-အတည်ပြုထားသည့် အားသွင်းကိရိယာများ၊ ဘက်ထရီများနှင့် ကေဘယ်ကြိုးများကိုသာ အသုံးပြုပါ။

S Pen ၏ ဘက်ထရီအလုပ်ချိန်တာ

Note 9 S Pen တွင် ဘက်ထရီ မရှိပါ၊ သို့သော် ဘက်စုံပေါင်းစု စူပါကပ်ပက်စီတာတစ်ခု ပါရှိပါသည်။


၎င်းကို ကိရိယာထဲ ထည့်သွင်းလိုက်သည်နှင့်ချက်ချင်း ကြိုးမဲ့စနစ်ဖြင့် စတင်အားသွင်းပြီး အားအပြည့်သွင်းရန် ၄၀ စက္ကန့်ခန့်သာ ကြာပါသည်။


အားအပြည့် သွင်းပြီးသောအခါ၊ အရန်သင့်သုံးနိုင်ချိန်မှာ ၃၀ မိနစ်ကြာပြီး ၎င်း၏ခလုတ်ကို ကြိမ်ရေ ၂၀၀ အသုံးပြုနိုင်ပါသည်။

သိုလှောင်ခန်းပမာဏ

မန်မိုရီ ဖျက်ရန် မလိုတော့ပါ သို့မဟုတ် နေရာလွတ်အတွက် စိုးရိမ်ရန် မလိုတော့ပါ။ ၁၂၈GB နှင့် ၆GB RAM မော်ဒယ် သို့မဟုတ် ပို၍ပင် အားကောင်းသော ၅၁၂GB နှင့် ၈GB RAM မော်ဒယ်ကို ရွေးသုံးရန် ဆုံးဖြတ်ခြင်းဖြင့် သင့်ကိရိယာထဲ သိမ်းဆည်းထားသည့် ဖိုင်နှင့်ဓာတ်ပုံ အားလုံးတို့ကို ဆက်သိမ်းထားရှိပါ။


ဗီဒီယိုများနှင့် ဒေါင်းလုတ်များအတွက် နောက်ထပ် နေရာလွတ် လိုအပ်လျှင်၊ Note9 ၏ သိုလှောင်ခန်းပမာဏကို microSD ကတ်မှတဆင့် တီရာဘိုက်၏တစ်ဝက် (၅၁၂GB) အထိ တိုးချဲ့နိုင်ပါသည်။

 

၁၂၈ GB နှင့် ၅၁၂ GB မော်ဒယ်

သတိပြုရန်: တကယ်ရှိသော သိုလှောင်ခန်းနေရာလွတ်သည် နိုင်ငံနှင့် မော်ဒယ်အလိုက် ခြားနားနိုင်ပါသည်။

Note9 ကို Note8 ဖြင့် နှိုင်းယှဉ်ပြပုံစံတွင် ပိုမိုလေ့လာပါ။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ