Galaxy Z Flip ကိရိယာကိုအသုံးပြုရာတွင် ကြိုတင်ပြင်ဆင်မှုပြုပါ

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 22.09.2020

Galaxy Z Flip သည် အလွန်တရာပါးလွှာသည့် ဖန်သားပေါ်အခြေပြုထားသော ကွေးခေါက်နိုင်သည့် အဆုံးမဲ့မျက်နှာပြင်ရှိသော ပထမဆုံး စမာ့တ်ဖုန်းဖြစ်ပါသည်။    

ကိရိယာကို ကွေးခေါက်နိုင်သည့် ဖန်သားဝတ္တု အသုံးပြုကာ ထုတ်လုပ်ထားသည့်အတွက် အထူးသတိပြုစရာအချို့ နှင့် ကိရိယာအနေဖြင့် အကောင်းဆုံး ဆောင်ရွက်နိုင်စေရန် ထိန်းသိမ်းစောင့်ရှောက်မှု လိုအပ်ပါသည်။ 

အောက်တွင် အထူးဖော်ပြထားသည့် အရေးကြီးအကြံပြုချက်များကိုသင်လိုက်နာပါက သင်၏ ခေါက်နိုင်သောကိရိယာကို ကြည့်ကောင်းပြီး လုပ်ဆောင်မှု အဆင့်မြင့်သည့် ကိရိယာအဖြစ် ထိန်းသိမ်းထားနိုင်ပါသည်။

မျက်နှာပြင်ကို မာသော သို့မဟုတ် ချွန်ထက်သော အရာဝတ္တု နှင့် မဖိပါနှင့်။

ပင်မမျက်နှာပြင်ပေါ်တွင် ဖိအားမပေးရန် သို့မဟုတ် စခရင် သို့မဟုတ်ရှေ့ဖက် ကင်မရာမှန်ဘီလူးကို ဘောပင် သို့မဟုတ် လက်သည်း ကဲ့သို့သော မာပြီး ချွန်ထက်သော အရာဝတ္တုများနှင့် မဖိရန်တိုက်တွန်းပါသည်။

တန်ဆာပလာ သုံးပြီး ပင်မစခရင် ပေါ်တွင် အား သို့မဟုတ် ဖိအား အလွန်အကျွံ သုံးခြင်းက အလွန်တရာပါးလွှာသည့် ဖန်သားပေါ်ရှိ အကာအကွယ်အလွှာကိုု ခြစ်ရာထင်စေခြင်း သိုု့မဟုုတ် ပျက်စီးစေခြင်း ဖြစ်စေနိုုင်ပါသည်။ စခရင်ပေါ်တွင် အသာအယာခေါက်ခြင်းဖြင့် ယင်းအားအန္တရာယ်ကင်းအောင် ထားပါ။

ကိရိယာပေါ်ဖိခြင်းကိုု ပြသည့် GIF image

မှတ်သားရန် - ခြစ်ရာ သိုု့မဟုုတ် ပျက်စီးမှုအမျိုးအစားပေါ်မူတည်ပြီး ဝန်ဆောင်မှုများအတွက် ဝရန်တီမှ ကာပေးချင်မှ ကာပေးနိုုင်ကာ ဝန်ဆောင်မှုအတွက် အပိုုငွေထပ်ပေးရဖိုု့ ဖြစ်စေနိုုင်ပါသည်။

စခရင်ကြားထဲ သင့်လက်ချောင်းကိုု ထည့်ပြီး ကိရိယာကိုု မဖြန့်ပါနှင့်

ကိရိယာဖွင့်ပုုံကိုုပြသည့် GIF ပုုံရိပ်

သင့်လက်ချောင်းကိုု စခရင်ကြားထဲထည့်ကာ ဖြန့်ခြင်း သိုု့မဟုုတ် ဖွင့်ခြင်းက စခရင်မျက်နှာပြင် ခြစ်ရာထင်စေခြင်း သိုု့မဟုုတ် ပေါက်ပြဲခြင်း ဖြစ်စေနိုုင်ပါသည်။

ဘေးဘက်ကိုုကိုုင်ပြီး ကိရိယာကိုု ဖြန့်ရန် သိုု့မဟုုတ် ဖွင့်ရန် တိုုက်တွန်းပါသည်။ 

စခရင်ကြားရှိ မရှိသင့်သောအရာမှန်သမျှကိုု ဖယ်ရှားပါ

ကိရိယာကိုု ကွေးခေါက်ချိန်တွင် ခရက်ဒစ်ကတ်များ၊ အကြွေစေ့များ သိုု့မဟုုတ် သော့များကိုု ပင်မစခရင်ပေါ်တွင် မတင်ထားပါနှင့်။ စခရင်မျက်နှာပြင် ပျက်စီးနိုုင်ပါသည်။

ကိရိယာကိုု အိတ်ထဲ မထည့်မီ သိုု့မဟုုတ် မသိမ်းမီ ယင်းကိုု ကွေးခေါက်ပါ။ အခြားအရာဝတ္တုတစ်ခုုက မျက်နှာပြင်ကိုု ခြစ်မိနိုုင် သိုု့မဟုုတ် ပေါက်ပြဲစေနိုုင်သည့် ရန်စွယ်ရှိပါက ကိရိယာကိုု် ဖြန့်လျက်မသိမ်းမိကြောင်း သေချာပါစေ။

ဖုုန်း၏ ပင်မစခရင်ပေါ်တွင် ကတ်များ သိုု့မဟုုတ် ကွိုင်များတင်ထားသည့် ပုုံရိပ်

သင့်ဖုုန်း နှင့် သံလိုုက်ကြောင့်ထိခိုုက်နိုုင်သော အရာများအကြား အန္တရာယ်ကင်သည့်အကွာအဝေးတစ်ခုုထားပါဝ

ခရက်ဒစ်ကတ်များဝ ပတ်စ်ပိုု့စာအုုပ်များ၊ အဝင်အထွက် ကတ်များ၊ လေယာဉ်တက်ခွင့်လက်မှတ်များ၊ သိုု့မဟုုတ် ကားရပ်နားခွင့်လက်မှတ်များက ဖုုန်းတွင်းရှိ သံလိုုက်ကြောင့် ပျက်ဆီးနိုုင် သိုု့မဟုုတ် အလုုပ်မလုုပ်နိုုင်ဖြစ်တတ်ပါသည်၊ သင့်ဖုုန်းကိုု သံလိုုက်စက်ကွင်းအနီး မထားပါနှင့်.


ဖုုန်းက နှလုုံးခုုန်စက်များ သိုု့မဟုုတ် နှလုုံးတွင်းထည့်နိုုင်သည့် နှလုုံးနှိုးစက်များ ကဲ့သိုု့သော ဆေးဖက်ဆိုုင်ရာကိရိယာများကိုု ထိခိုုက်စေနိုုင်ပါသည်ဝ သင်သည် အဆိုုပါ ဆေးဖက်ဆိုုင်ရာကိရိယာများကိုု အသုုံးပြုနေပါက သင့်ဖုုန်းကိုု ယင်းအရာများမှ အန္တရာယ်ကင်းသည့် အကွာအဝေးတွင်ထားပြီး ဖုုန်းအားအသုုံးမပြုမီ သင်၏ ဆရာဝန်ထံ အတိုုင်ပင်ခံပါ။  

ဖုုန်းတွင်း မည်သည့်အရည်မဆိုု သိုု့မဟုုတ် အမှုန်သေးသေးများမဆိုု မဝင်ပါစေနှင့်။

Galaxy Z Flip ဖုုန်းသည် ရေ မလုုံပါ သိုု့မဟုုတ် ဖုုန် မလုုံပါ။

လက်နှင့်တုုိ့ထိရသည့် စခရင်သည် စိုုထိုုင်းသည့်အခြေအနေများ သိုု့မဟုုတ် ရေနှင့်ထိတွေ့သည့်အခါမျိုးတွင် အလုုပ်ကောင်းကောင်းလုုပ်ချင်မှလုုပ်နိုုင်သည်။

သင့်ဖုန်း မျက်နှာပြင်ကို ကာကွယ်ရန်အတွက် တွဲရက်ပါသည့် မှန်အကာကို တပ်ဆင်ထားရန်အကြံပြုထားပါသည်။

မှန်အကာများနှင့် စတစ်ကာများကဲ့သို့ ကပ်စေနိုင်သည့်အရာများကို ဖုန်းမျက်နှာပြင်တွင် မကပ်ပါနှင့်။

ဖုန်းပင်မ မျက်နှာပြင်အား ပြင်ပထိခိုက်မှုကို လျှော့ချရန် Samsung မှခွင့်ပြုထားသည့် အကာအကွယ်ဖလင်ပြားကို အသုံးပြုရန် တိုက်တွန်းအကြံပြုပါသည်။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ