Samsung နားကြပ်များအတွက် ဆော့ဖ်ဝဲအပ်ဒိတ်မျာ

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 16.01.2023

သင့် ဖုန်းသို့မဟုတ် တက်ဘလက် သို့မဟုတ် သင့်PC မှ Galaxy Buds အက်ပ် ကိုအသုံးပြုပါက သင့်နားကြပ်များကို နောက်ဆုံးအပ်ဒိတ်လုပ်ဆောင်ရန် လွယ်ကူစေပါသည်။ အဆိုပါ အက်ပ်များသည် သင့်နားကြပ်ကို ချိတ်ဆက်ထိန်းချုပ်နိုင်စေရန် လုပ်ဆောင်ပေးသည့်အပြင် ၎င်းတို့အတွက် ဆော့ဖ်ဝဲအပ်ဒိတ်များကိုလည်း စစ်ဆေး၍ရနိုင်စေပါသည်။ ထိုနည်းဖြင့် သင်သည် ရေစီးကြောင်းအတိုင်းအမြဲလိုက်နေကြောင်း သေချာစေပြီး သင့်အကြိုက်ဆုံးသီချင်းများအားလုံးကို ခံစားရရှိနိုင်စေမှာဖြစ်ပါသည်။

Galaxy Buds

သင့် ဆော့ဖ်ဝဲအပ်ဒိတ် ချောမွေ့စွာလုပ်ဆောင်နေကြောင်း သေချာစေရန် သင့်ဖုန်း ၊ တက်ဘလက် သို့မဟုတ် ကွန်ပြူတာတွင် သင်လုပ်နိုင်သည့်အရာများ ရှိပါသည်။

  • အပ်ဒိတ်များကို စစ်ဆေးရန်အတွက် သင့်တွင် Galaxy ဖုန်းရှိပါက ပထမဆုံးအနေဖြင့် သင့် Galaxy Buds စီးရီးကို သင့်ဖုန်း သို့မဟုတ် တက်ဘလက် ရှိ Galaxy Wearable app သို့မဟုတ် ကွန်ပြူတာစီမံခန့်ခွဲမှုဆော့ဖ်ဝဲသို့ ချိတ်ဆက်ပေးပါ။

မှတ်ချက် : Galaxy Buds Pro နှင့် Buds Lives တို့သည် ကွန်ပြူတာပေါ်ရှိ Galaxy Buds Manager နှင့် တွဲဖက်အသုံးပြု၍မရနိုင်ပါ။

  • အပ်ဒိတ်မထည့်သွင်းမီ ဘာတွေပါဝင်သလဲ ကြည့်ရှုရန်အတွက် အက်ပ်ဒိတ်ပေါ့အပ် ပေါ်ရှိ ဘာအသစ်တွေလဲ ကိုနှိပ်နိုင်ပါသည်။ ထိုသို့လုပ်ဆောင်ခြင်းဖြင့် ဘာတွေပြောင်းလဲသွားမည်ဆိုတာ သင်အတိအကျ သိရှိပါလိမ့်မည်။
  • ဆော့ဖ်ဝဲအပ်ဒိတ်ထည့်သွင်းပြီးသည့်နှင့်တပြိုင်နက် သင့်ကိရိယာဖြင့် နားကြပ်တခုတည်းကို အသုံးပြုနိုင်ပါပြီ။
  • သင့်နားကြပ်များကို အပ်ဒိတ်လုပ်နေစဉ်အတွင်း ပြဿနာကြုံတွေ့ရပါက ၎င်းတို့ကို အားသွင်းဗူးတွင် ထည့်၍ အဖုံးကို ၁၀ စက္ကန့်ခန့်ပိတ်ထားပေးပြီး ပြန်စနိုင်ပါသည်

နားကြပ်အတွက် ဆော့ဖ်ဝဲအပ်ဒိတ် ရရှိနိုင်သည့်အချိန်တွင် Galaxy Wearable အက်ပ်တွင် သင့်ကို ပေါ့အပ်ဖြင့် အသိပေးပါလိမ့်မည်။ အပ်ဒိတ်လုပ်မည် ကိုနှိပ်ပြီး စခရင်တွင်ပေါ်လာသည့်အတိုင်း လိုက်ပါလုပ်ဆောင်ပါ။ နားကြပ်သည် ဖုန်းနှင့်ချိတ်ဆက်မှု ပြုတ်သွားပါလိမ့်မည်။ အပ်ဒိတ်လုပ်ဆောင်မှုပြီးစီးသည့်အခါတွင် နားကြပ်သည် ဖုန်းနှင့် အလိုအလျောက်ချိတ်ဆက်သွားမည်ဖြစ်သည်။

Galaxy Buds2 Pro နှင့် အစောပိုင်းမော်ဒယ်များအတွက် Wearable အက်ပ်ကိုသုံး၍ ဆော့ဖ်ဝဲအပ်ဒိတ်လုပ်ဆောင်နည်း။ Galaxy Buds2 Pro နှင့် အစောပိုင်းမော်ဒယ်များအတွက် Wearable အက်ပ်ကိုသုံး၍ ဆော့ဖ်ဝဲအပ်ဒိတ်လုပ်ဆောင်နည်း။

ဆော့ဖ်ဝဲအပ်ဒိတ်များ ကိုယ်တိုင်စစ်ဆေးရန်အတွက် နားကြပ်နှစ်ခုစလုံးကို အားသွင်းထားရန်လိုပြီး အက်ပ်နှင့် ချိတ်ဆက်ထားရပါမည်။ နားကြပ်ကို အားသွင်းဗူးထဲသို့ထည့်ပြီး အဖုံးဖွင့်ထားပါ။

  • နားကြပ်သတ်မှတ်ချက်များ ကိုနှိပ်၍ နားကြပ်ဆော့ဖ်ဝဲအပ်ဒိတ် ကိုနှိပ်ပြီး ဒေါင်းလုတ်ပြီးထည့်သွင်းမည် ကိုနှိပ်ပါ။
Galaxy Wearable အက်ပ်ဖြင့် ဆော့ဖ်ဝဲအပ်ဒိတ်များ

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ