Samsung စမတ်နာရီများသည် တုန်ခါမှုမရှိပါ။

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 11.01.2023

နာရီသည် တုန်ခါရမည့်အချိန်တွင် မတုန်ခါပါက နာရီသီးသန့်မုဒ် ကိုဖွင့်ထားခြင်းမရှိကြောင်း သေချာစေရန်လုပ်ဆောင်ပြီး ချိတ်ဆက်မှုပြုတ်ကြောင်း သတိပေးချက်နှင့် အသိပေးချက်များ တွင် တုန်ခါမှု ရွေးချယ်စရာကို ရွေးပေးပါ။ သို့သော်လည်း ပြဿနာရှိနေသေးပါက နာရီတွင် ပြင်ပဒဏ်ရာရှိ၊မရှိ စစ်ဆေးပါ။

စမတ်နာရီ

မှတ်ချက် :ရနိုင်သည့် လုပ်ဆောင်ချက်များ ၊ ရွေးချယ်စရာများ နှင့် သတ်မှတ်ချက်များသည် နာရီနှင့် ဆော့ဖ်ဝဲဗားရှင်းအလိုက် ကွဲပြားနိုင်ပါသည်။

နာရီသီးသန့်မုဒ်ကို ပိတ်ရန်အတွက် ပါဝါ ခလုတ်ကို ၃ စက္ကန့် ဖိနှိပ်ထားပေးပါ။ နာရီ၏ အမှတ်တံဆိပ်စခရင် ပေါ်လာပါလိမ့်မည်။ နာရီသီးသန့်မုဒ် ပိတ်သွားမည်ဖြစ်ပြီး ယခုအခါ အခြားလုပ်ဆောင်ချက်များအားလုံးကိုပါ အသုံးပြုနိုင်ပြီဖြစ်သည်။

မှတ်ချက် :ရနိုင်သည့် လုပ်ဆောင်ချက်များ ၊ ရွေးချယ်စရာများ နှင့် သတ်မှတ်ချက်များသည် နာရီနှင့် ဆော့ဖ်ဝဲဗားရှင်းအလိုက် ကွဲပြားနိုင်ပါသည်။

1 သတ်မှတ်ချက်များ သို့သွားပါ။

နာရီ၏ ပင်မစာမျက်နှာမှ တဆင့် အပေါ်သို့ဆွဲတင်၍ သတ်မှတ်ချက်များ ကို ရှာ၍ဖွင့်ပါ။ စခရင်အပေါ်မှ အောက်သို့ဆွဲချ၍ Quick settings ကိုဖွင့်ပြီး သတ်မှတ်ချက်များ ပုံကိုလည်း နှိပ်နိုင်ပါသည်။

2 သတိပေးချက်များကို ဖွင့်ပါ။

ချိတ်ဆက်မှုများကို နှိပ်၍ ချိတ်ဆက်မှုပြုတ်ကြောင်း သတိပေးချက် ကိုနှိပ်ပါ။ သင်နှစ်သက်ရာကို ရွေးချယ်ပါ။

ချိတ်ဆက်မှုပြုတ်ကြောင်း သတိပေးချက် သတ်မှတ်ချက်စာရင်းများ။

မှတ်ချက် :သင့်နာရီတွင် အသံမမြည်ခြင်း သို့မဟုတ် မတုန်ခါခြင်းတို့ဖြစ်ပါက အသံသတ်မှတ်ချက်များကို မတော်တဆ ပိတ်ထားမိသောကြောင့်ဖြစ်နိုင်သည်။

1 သတ်မှတ်ချက်များ သို့သွားပါ။

နာရီ၏ ပင်မစာမျက်နှာမှ တဆင့် အပေါ်သို့ဆွဲတင်၍ သတ်မှတ်ချက်များ ကို ရှာ၍ဖွင့်ပါ။ စခရင်အပေါ်မှ အောက်သို့ဆွဲချ၍ Quick settings ကိုဖွင့်ပြီး သတ်မှတ်ချက်များ ပုံကိုလည်း နှိပ်နိုင်ပါသည်။

2 အသံနှင့်တုန်ခါခြင်း ကိုဖွင့်ပါ။

အသံများနှင့်တုန်ခါမှု ဆီသို့သွားနှိပ်ပြီး အသံမုဒ် ကိုနှိပ်ပါ။ အသံသို့ သတ်မှတ်ထားကြောင်းသေချာစေရန်လုပ်ဆောင်ပြီးနောက် အသံနှင့်တုန်ခါမှု ဘေးရှိ ခလုတ်ကို နှိပ်ပါ။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ