Samsung စမတ်နာရီတွင် အသံမလာခြင်း သို့မဟုတ် အသံမထွက်ခြင်း။
သင့် Samsung စမတ်နာရီတွင် အသံလုံး၀မမြည်ခြင်း သို့မဟုတ် အသံချဲ့ထားသော်လည်း စပီကာမှ မည်သည့်အသံမှ ထွက်မလာခြင်းတို့ဖြစ်ပါက ကိရိယာကို အသံပိတ်ထားခြင်းကြောင့်ဖြစ်နိုင်ပါသည်။ သို့မဟုတ် မနှောင့်ယှက်ရန် ၊ ရုပ်ရှင်ရုံအနေအထား သို့မဟုတ် အိပ်ချိန်အနေအထားတို့ကဲ့သို့ အသံပိတ်မုဒ်များ ဖွင့်ထားခြင်း။ သင်သည် အဆိုပါသတ်မှတ်ချက်များကို စစ်ဆေးပြီး လိုအပ်ပါက ပိတ်ထားနိုင်ပါသည်။
မှတ်ချက် :ရရှိနိုင်သည့် စခရင်နှင့် သတ်မှတ်ချက်များသည် ကြိုးမဲ့ကွန်ရက်ဝန်ဆောင်မှုပေးသူ ၊ ဆော့ဖ်ဝဲဗားရှင်းနှင့် နာရီမော်ဒယ်အလိုက် ကွဲပြားနိုင်ပါသည်။ သင့် Samsung စမတ်နာရီတွင်လည်း သင့်နာရီအတွက် အကောင်းဆုံးအသုံးပြုနိုင်စေရန် အကူအညီပေးမည့် သုံးခွင့်ရမှု လုပ်ဆောင်ချက်များ များပြားစွာ ထောက်ပံ့ပေးထားပါသည်။
- ဖုန်း : Galaxy Wearable အက်ပ်သို့သွား၍ နာရီသတ်မှတ်ချက်များ ကိုနှိပ်ပါ။
- နာရီ : သတ်မှတ်ချက်များ သို့သွား၍ဖွင့်ပါ။
ဖုန်း သို့မဟုတ် နာရီတွင် အောက်သို့ဆွဲချ၍ သုံးခွင့်ရမှု ကိုနှိပ်ပြီး အကြားအာရုံအရည်အသွေးမြှင့်ခြင်းများ ကိုနှိပ်ပါ။
အသံအားလုံးတိတ်ထားပါ ကိုဖွင့်ထားပါက အသံအားလုံးတိတ်ထားပါ ဘေးရှိ ခလုတ်ကို နှိပ်၍ ပိတ်ပါ။ ပိတ်ထားချိန်တွင် ခလုတ်သည် ဘယ်ဘက်နေရာတွင် ရှိနေမည်ဖြစ်ပါသည်။
မနှောင့်ယှက်ရန် ၊ ရုပ်ရှင်ရုံအနေအထား သို့မဟုတ် အိပ်ချိန်အနေအထားတို့ကဲ့သို့ အသံပိတ်မုဒ်များ ဖွင့်ထားခြင်းရှိ၊မရှိကိုလည်း စစ်ဆေးနိုင်ပါသည်။ ရုပ်ရှင်ရုံအနေအထား သို့မဟုတ် အိပ်ချိန်အနေအထား တို့ကို သတ်မှတ်ချက်များထဲမှ အဆင့်မြင့်လုပ်ဆောင်ချက်များ ကိုနှိပ်၍ ခလုတ်ကိုပိတ်ပြီး ပိတ်နိုင်ပါသည်။ မနှောင့်ယှက်ရန်အနေအထားကို ပိတ်ရန်အတွက် Quick Settings ကိုဆွဲချ၍ မနှောင့်ယှက်ရန် ပုံကို နှိပ်ပါ။
ဖုန်း သို့မဟုတ် နာရီ နှစ်ခုလုံးတွင် နာရီ၏သတ်မှတ်ချက်များ စာမျက်နှာသို့ ပြန်သွား၍ အသံများနှင့်တုန်ခါမှု ကို နှိပ်ပေးပါ။ နာရီကို အသံတိတ် သို့မထားထားရန် သေချာပါစေ။
နာရီရေထဲမြုပ်ထားပါက သို့မဟုတ် မိုက်ခရိုဖုန်း သို့မဟုတ် စပီကာရေစိုထားပါက ခေါ်ဆိုမှုလုပ်ဆောင်ချိန်တွင် အသံကိုရှင်းလင်းစွာမကြားရခြင်းမျိုး ဖြစ်နိုင်ပါသည်။ နာရီကို သန့်ရှင်းနူးညံ့သောအဝတ်ဖြင့် သေချာစွာခြောက်သွေ့အောင်ပြုပေးပါ။ စပီကာ ကောင်းစွာအလုပ်လုပ်သည့် အဆင့်သို့ပြန်ရောက်ရန် သင်သည် ရေများကိုဖယ်ပစ်ရန် လိုနိုင်ပါသည်။
သင့်နာရီသည် ရေသန့်မဟုတ်သည့် အခြားအရည်(ဆားရည်ကဲ့သို့) များနှင့် ထိတွေ့မိပါက ရေသန့်ဖြင့် ချက်ခြင်းဆေးကြော၍ ခြောက်သွေ့အောင်လုပ်ဆောင်ပါ။
ခလုတ်ညပ်သွားခြင်းကဲ့သို့ ပြင်ပထိခိုက်မှုများကြောင့် နာရီကိုပြန်စ၍ မရပါက ကျေးဇူးပြု၍ ဝန်ဆောင်မှုတောင်းခံရန် ဝန်ဆောင်မှုစင်တာသို့ သွားရောက်ပါ။
သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ
ကျေးဇူးပြု၍ မေးခွန်းအားလုံးဖြေဆိုပါ။