Samsung စမတ်နာရီတွင် ဘက်ထရီသက်တမ်းလျော့သွားခြင်း

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 14.02.2023

သင့် Galaxy နာရီတွင်  ဘက်ထရီကုန်သွားခြင်း သို့မဟုတ် ဘက်ထရီသက်တမ်းလျော့ကျခြင်းတို့ ကြုံနေရခြင်းအတွက် အကြောင်းရင်းများစွာရှိပါသည်။ သင့်နာရီ၏ ဘက်ထရီသက်တမ်း မြှင့်တင်နည်းများကိုလေ့လာရန် ဆက်လက်ဖတ်ရှုပါ။

စမတ်နာရီ

အရေးကြီးအချက် -နာရီနှင့် အားသွင်းတုံးတွင် ပြင်ပ သို့မဟုတ် ရေထိထားသည့် ထိခိုက်မှုများ ရှိမရှိ စစ်ဆေးပါ။ အထူးသဖြင့် နာရီအတွက် သီးသန့်ထုတ်ထားသည့် Samsung မှအသိအမှတ်ပြုထားသည့် အားသွင်းတုံးများကိုသာ အသုံးပြုပါ။ နာရီကို ပြင်ပအားသွင်းတုံးများဖြင့် သေချာစွာအားမသွင်းနိုင်ပါ။

အက်ပ်နှင့် ဆော့ဖ်ဝဲများကို အပ်ဒိတ်လုပ်ပါ။

တခါတရံ အက်ပ်များတွင် ဘက်ထရီအလွန်အကျွံသုံးစေသည့် အရာများပါရှိနိုင်ပြီး သင့်အက်ပ်များအားလုံး အကောင်းဆုံးဆောင်ရွက်နိုင်ရန် အပ်ဒိတ်လုပ်ထားကြောင်းသေချာပါစေ။

မသုံးဖြစ်သည့် ကျန်းမာရေးမှတ်တမ်း အားလုံးကိုပိတ်ပါ။

နာရီစခရင်ပေါ်မှ အပေါ်သို့ဆွဲ၍ အက်ပ်စခရင်မှ Samsung Health ကိုနှိပ်ပါ။ လုပ်ဆောင်ချက်ပိတ်ရန် ကျန်းမာရေးမီနူး ရှိရာကိုရွေ့ပြီး နှိပ်၍လုပ်ဆောင်ပါ။ ကျန်းမာရေးမီနူးများကို ပိတ်ပြီးသည့်နောက်တွင် နာရီပေါ်မှ နောက် ခလုတ် ကို နှစ်ကြိမ်နှိပ်ပြီး နာရီမျက်နှာပြင်သို့ပြန်သွားပါ။( နောက် ခလုတ်ကို နှစ်ကြိမ်နှိပ်ခြင်းသည် Samsung Health အက်ပ် တွင် အဓိကမီနူးသို့ ပြန်သွားမည်မဟုတ်ပါ။)

ဒေတာများကိုဖျက်၍ နောက်ခံအက်ပ်များကိုပိတ်ပါ။

သင့်ဖုန်းမှနေ၍ Galaxy Wearable အက်ပ်ကို ဖွင့်ပါ။ ချိတ်ဆက်ထားသည့် နာရီပေါ်မူတည်၍ နာရီသတ်မှတ်ချက်များ သို့ဝင်ရန်လိုအပ်မှု ရှိနိုင်ပါသည်။ ထို့နောက် နာရီအကြောင်း ကိုနှိပ်ပါ။ သိုလှောင်ခန်း ကိုနှိပ်ပြီး ရုပ်ပုံ သို့မဟုတ် အသံဖိုင် ကိုရွေး၍ ဖျက်မည် ကိုနှိပ်ပါ။

ကွန်ယက်ချိတ်ဆက်မှုများကို ပိတ်ပါ။

သင်သည် Bluteooth ၊ Wi-Fi သို့မဟုတ် Mobile ကွန်ယက်ချိတ်ဆက်မှုများလိုအပ်သည့် အချို့အက်ပ်နှင့် လုပ်ဆောင်ချက်များကိုလည်း အသုံးပြု၍ရနိုင်မည်မဟုတ်ကြောင်း သိထားပေးပါ။

နာရီစခရင်ပေါ်မှ အပေါ်သို့ဆွဲ၍ အက်ပ်စခရင်မှ သတ်မှတ်ချက်များ ကိုနှိပ်ပါ။ ချိတ်ဆက်မှုများ ကိုနှိပ်၍ Blutooth နှင့် Wi-Fi ကိုပိတ်ပါ။ LTE နှင့် 3G နာရီများတွင် မိုဘိုင်းကွန်ယက်များကိုပါပိတ်ပါ။ Bluetooth ပိတ်လိုက်သည့်အချိန်တွင် သင့်နာရီသည် သင့်ဖုန်းမှချိတ်ဆက်မှုပြုတ်သွားပါလိမ့်မည်။

Galaxy Wearable အက်ပ်တွင် ရီမုဒ်ချိတ်ဆက်မှု ဖွင့်ထားပြီး Wi-Fi ပိတ်လိုက်ပါက သင့်နာရီနှင့် ဖုန်းသည် Bluetooth ချိတ်ထားချိန်တွင် Wi-Fi ဖြင့် အဝေးမှချိတ်ဆက်လိမ့်မည်မဟုတ်ပါ။

LTE သို့မဟုတ် 3G နာရီတွင် Mobile network ပိတ်ထားပါက သင့်နာရီသည် ကွန်ရက်ဝန်ဆောင်မှုပေးသူ၏ ကွန်ယက်မှ ချိတ်ဆက်မှုပြုတ်သွားပါလိမ့်မည်။ (သင့်ဝန်ဆောင်မှု တောင်းဆိုချက်များအပေါ် သက်ရာက်လိမ့်မည်မဟုတ်ပါ)

Watch always on ကိုပိတ်ပါ။

နာရီစခရင်ပေါ်မှ အပေါ်သို့ဆွဲ၍ အက်ပ်စခရင်မှ သတ်မှတ်ချက်များ ကိုနှိပ်ပါ။ သင့်နာရီပေါ်မူတည်၍ စခရင်ဖော်ပြချက်အား နှိပ်ရန်လိုအပ်နိုင်ပါသည်။ Always On Display ကိုနှိပ်၍ လုပ်ဆောင်ချက်ပိတ်ရန် ခလုတ် ကိုနှိပ်ပါ။

သင့် အသိပေးချက်သတ်မှတ်ချက်များအား စိတ်ကြိုက်စီမံခြင်း

သင့်ဖုန်းမှနေ၍ Galaxy Wearable အက်ပ်ကို ဖွင့်ပါ။ ချိတ်ဆက်ထားသည့် နာရီပေါ်မူတည်၍ နာရီသတ်မှတ်ချက်များ သို့ဝင်ရန်လိုအပ်မှု ရှိနိုင်ပါသည်။ ထို့နောက် အသိပေးချက်များ ကိုနှိပ်၍ အဆင့်မြင့် အသိပေးချက် သတ်မှတ်ချက်များ ကိုနှိပ်ပြီး အသေးစိတ်ဖြင့်ပြသပါ နှင့် ဖန်သားပြင်ဖွင့်ပါ တို့ဘေးရှိခလုတ်ကိုပိတ်ပါ။

  • အသေးစိတ်ဖြင့်ပြသပါ - သတိပေးချက်အသစ်များ၏ အသေးစိတ်အချက်များကို အလိုအလျောက်ပြသပါ။
  • ဖန်သားပြင်ဖွင့်ပါ - ပိတ်ထားချိန်တွင် သင့်နာရီသည် အသိပေးချက်လက်ခံရရှိချိန်တွင် ပွင့်လာမည်မဟုတ်ပါ။

အသိပေးစာမီနူးအပေါ်ဆုံးတွင် အက်ပ်အသိပေးချက်များ ကိုနှိပ်ပါ။ ထို့နောက် သင်အသိပေးချက်မလိုသည့် အက်ပ်များဘေးရှိ ခလုတ်များကို နှိပ်၍ပိတ်ပါ။

ပါဝါချွေတာခြင်း ကိုဖွင့်ပါ။

ပါဝါချွေတာခြင်း ဖွင့်ထားချိန်တွင် သင့်နာရီ၏ ပင်မစခရင်သည် မီးခိုးရောင်စကေးဖြင့်  ပြသထားမည်​ဖြစ်ပြီး ဖုန်းခေါ်ဆိုမှု ၊ မက်ဆေ့ချ် များနှင့် Bluetooth အသုံးပြုသည့် အသိပေးစာများမှလွဲ၍ လုပ်ဆောင်ချက်အားလုံးပိတ်ထားမည်ဖြစ်သည်။ Wi-Fi နှင့် မိုဘိုင်းဒေတာများလည်း ပိတ်သွားမည်ဖြစ်ပြီး လုပ်ဆောင်ချက်အကန့်အသတ်နှင့်ရှိမည်ဖြစ်သည်။

နာရီစခရင်ပေါ်မှ အပေါ်သို့ဆွဲ၍ အက်ပ်စခရင်မှ သတ်မှတ်ချက်များ ကိုနှိပ်ပါ။ ဘက်ထရီ ကိုနှိပ်၍ ပါဝါချွေတာခြင်း ပါဝါချွေတာအနေအထားကို ပိတ်ရန်အတွက် quick menu ရွေးချယ်စရာလည်း ရရှိနိုင်ပါသည်။ သင့်နာရီ၏ ပင်မစာမျက်နှာပေါ်မှ quick menu ကိုဆွဲချ၍ ဘက်ထရီ ပုံကိုနှိပ်ပါ။

သင့်နာရီအား အပူချိန်ကွာခြားချက်ပြင်းထန်သော နေရာတွင် မထိတွေ့ပါစေနှင့်။

သင့်နာရီအား အလွန်အေး သို့မဟုတ် အလွန်ပူသည့်နေရာတွင် ထားမိပါက နာရီ၏ ဘက်ထရီသက်တမ်း တိုတောင်းနိုင်ပြီး ထိခိုက်ပျက်စီးမှုဖြစ်စေနိုင်ပါသည်။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ