Galaxy S20, S20+ နှင့် S20 Ultra တို့၏ ပြိုင်ဘက်ကင်း 8K ဗီဒီယိုနှင့် ထိတွေ့လိုက်ပါ။

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 09.11.2020

ကင်မရာအား ဖုန်းတွင် တပ်ဆင်ထားရုံအပြင်မဟုတ်တော့ပါ။ Galaxy S20 စီးရီးများတွင် 8K ဗီဒီယိုများကိုရိုက်ကူးနိုင်သည့် အဆင့်မြှင့်တင်ထားသော ကင်မရာအာရုံခံကိရိယာများ ပါဝင်ပါသည်။  ၃၃ သန်းခန့်ရှိသော အရည်အသွေးမြင့် ရုပ်ပုံမြင်ကွင်းများပါဝင်သော ဗီဒီယိုအစိတ်အပိုင်းများကိုလည်း ရိုက်ကူးနိုင်ပါသည်။ ထပ်မံ၍ AI ဟုခေါ်သော ဉာဏ်ရည်တုနည်းပညာဖြင့်လည်း ဗီဒီယိုကို action cam တစ်ခုအဖြစ် အသုံးပြုနိုင်ပါသည်။

ရုပ်ရှင်ဇာတ်ကားအဆင့်ရှိ ဗီဒီယိုအရည်အသွေးကို သင့်ထံသို့ ပိုမိုနီးကပ်အောင်ယူဆောင်လာပါပြီ။

Full HD(FHD) ထက် ၁၆ ဆ မြင့်မားသော ရုပ်သံအရည်အသွေးနှင့် UHD(4K) ထက် ၄ဆ ပိုမြင့်မားသည့် 8K ဗီဒီယိုဟာ သင့်မြင်ကွင်းကို အသေးစိတ်ရိုက်ကူးထားပေးနိုင်ပါသည်။ ရုပ်သံအရည်အသွေးကို ခေတ်ရှေ့ပြေးအောင် အသစ်ပြောင်းလဲထားခြင်းဟာ ရုပ်ရှင်ရုံပိတ်ကားအရွယ်အစားဆိုလျှင်တောင် အလွန်ပြတ်သားသည့် ရုပ်သံအရည်အသွေးကို ထိန်းသိမ်းထားနိုင်သည့် မိုဘိုင်းလ်ဗီဒီယိုရိုက်ကူးမှုကို ပေးစွမ်းနိုင်ပါသည်။

ရုပ်ပုံအရည်အသွေး အမျိုးအစားများကိုပြသထားသည့် S20 ဖုန်းများ၏ပုံ

8K ဗီဒီယိုရိုက်ကူးမှုလုပ်ဆောင်ချက်များ

  • UHD 8K(7680 x 4320) @24fps ကို လုပ်ဆောင်ပေးနိုင်သည်။
  • ရိုက်ကူးနိုင်သည့်အချိန် : ၅ မိနစ်အထိ ( ၁ မိနစ်ဗီဒီယိုတွင် ဖိုင်အရွယ်အစား 600MB )
  • ပုံပေါင်း ၃၃ သန်းကျော်အထိပြသနိုင်သည့် အသေးစိတ်ရုပ်ပုံအရည်အသွေး
  • အလွန်ငြိမ်သော OIS စနစ်
  • ဗီဒီယိုအမျိုးအစား : HEVC တစ်မျိုးတည်းသာ

အဆင့် ၁  Camera အက်ပလီကေးရှင်းကိုဖွင့်၍ Settings (Top Menu)ကိုဝင်ပါ။

အဆင့် ၂  ​Video ဆိုသည့်မီနူးတွင် Rear video size ကိုဝင်ပါ။ 16:9 (8K) ကိုရွေးပေးပါ

Galaxy S20 ၏ 8K ဗီဒီယိုဖွင့်ပြထားသည့်ပုံ

8K ဗီဒီယိုလျှပ်တပြက်ကူးခြင်း

သင်မလွတ်သွားချင်သည့် အချိန်တစ်ခု ရုတ်တရက်ပျောက်ကွယ်သွားခြင်း သင့်အနေနဲ့ စိတ်တက်ကြွဖွယ်မြင်ကွင်းအားလုံးကို ခံစားချင်သည့်အချိန်တွင် ရုတ်တရက်ရိုက်ကူးနိုင်သည့် 8K ဗီဒီယိုသည် ဓာတ်ပုံအဖြစ် သိမ်းဆည်းရာတွင်လည်း အလုံးစုံနည်းလမ်းအသစ်တစ်ခုဖြစ်သည်။ 8K ဗီဒီယိုဟာ ရိုက်ကွက်တိုင်းကို  သစ်လွင်စေမည့်အတွက် ဘ၀မှာတစ်ခါပဲရိုက်ကူးနိုင်မည့် ရိုက်ကွက်များကို တစ်ချက်ဖိလိုက်ရုံမျှဖြင့် ရရှိနိုင်ပါသည်။

 

Galaxy S20 စီးရီးမှ ပြိုင်ဘက်ကင်းကင်မရာများ၏လုပ်ဆောင်ချက်ဟာ အရည်အသွေးမြင့်ဓာတ်ပုံတစ်ပုံအဖြစ် 8K ဗီဒီယိုထဲမှ ပြန်လည်သိမ်းဆည်းထားနိုင်အောင် လုပ်ဆောင်ပေးပါသည်။ 8K ဗီဒီယိုဖွင့်ထားသည့်အချိန်တွင် Snap ic ဆိုသည့်နေရာကို နှိပ်လိုက်ပါက စခရင်ဓာတ်ပုံရိုက်ကူးသကဲ့သို့ ဓာတ်ပုံတစ်ပုံအဖြစ် သိမ်းဆည်းထားပါလိမ့်မည်။

 

သို့သော်လည်း သာမန်စခရင်ဓာတ်ပုံနှင့် အတော်ကိုကွာခြားပါသည်။ စရခင်ဓာတ်ပုံဟာ သာမန်အားဖြင့် ဓာတ်ပုံ၏အရည်အသွေးကိုလျှော့ချပစ်သော်လည်း ယခုလုပ်ဆောင်ချက်ဟာ အမှန်တကယ်ရိုက်ကူးထားသကဲ့သို့ မူလအရည်အသွေးမြင့်ပုံရိပ်ကို လွယ်ကူစွာ ထိန်းသိမ်းထားပေးပါသည်။

မှတ်ချက်: သင်ရိုက်ကူးထားသော 8K ဗီဒီယိုမှယူထားသည့် ဓာတ်ပုံအရည်အသွေးမှာ အဆင့်မြင့်ပုံရိပ်အရည်အသွေး 33MP ရှိပါမည်။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ