သင့် Galaxy Note20 Ultra ပေါ်တွင် အချောမွေ့ဆုံး 120Hz မျက်နှာပြင်ကို ခံစားကြည့်လိုက်ပါ။

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 26.08.2020

AMOLED မျက်နှာပြင်သည် ဆောင်းပါးများဖတ်ခြင်း၊ ရုပ်ရှင်များကြည့်ခြင်းနှင့် ဂိမ်းများကစားခြင်းတို့တွင် အသုံးပြုသူများအတွက် ပိုမိုကောင်းမွန်သော ခံစားမှုကို ပေးထားပါသည်။ သို့တိုင် အလွန်ကောင်းမွန်သော ချောမွေ့မှုနှင့် အဆင့်မြင့် မြင်နိုင်မှုတို့ ပါဝင်သည့် Galaxy Note20 Ultra ၏ ဆန်းသစ်တီထွင်ထားသော မျက်နှာပြင်ကို ကျွန်ုပ်တို့ ဂုဏ်ယူစွာ မိတ်ဆက်ပေးလိုပါသည်။ အောက်ပါအတိုင်း Galaxy Note20 Ultra ၏မှတ်သားလောက်ဖွယ် လုပ်ဆောင်ချက်များ၏ အခြေခံများကို ကြည့်လိုက်ပါ။

အလွန်ကောင်းမွန်သော ချောမွေ့မှုကို ခံစားကြည့်လိုက်ပါ

 

Galaxy Note20 Ultra ၏ အားကောင်းသော AMOLED 2X မျက်နှာပြင်သည် အခြေအနေအမျိုးမျိုးအပေါ် မူတည်၍ ပြန်ဖွင့်သည့်နှုန်းများကို ကောင်းမွန်စွာ ပြောင်းလဲပေးခြင်းဖြင့် ကြည့်နေသောအရာ၏ အကောင်းဆုံးအခြေအနေကို ခံစားနိုင်စေပါသည်။ သင်အသုံးပြုနေသော အရာအပေါ်မူတည်၍ အားကောင်းသော ပြန်ဖွင့်သည့်နှုန်း ချိန်ညှိမှုကို ခံစားနိုင်ပါသည်။ ပြန်ဖွင့်သည့်နှုန်းဆိုသည်မှာ စက္ကန့်တိုင်းတွင် စခရင်ပြန်ဖွင့်သည့် အကြိမ်အရေအတွက်ဖြစ်သောကြောင့် ပြန်ဖွင့်သည့်နှုန်းမြင့်လေ စခရင်တုံ့ပြန်မှုပိုမြန်လေ ဖြစ်ပါသည်။ Galaxy Note10 တွင် ပုံသေပြန်ဖွင့်သည့်နှုန်းအဖြစ် 60Hz ကိုသာ ပံ့ပိုးပေးထားသော်လည်း Galaxy Note20 Ultra တွင် စခရင်ပေါ်ရှိ ချောမွေ့မှု၏စွမ်းဆောင်ရည်ကို အများဆုံးဖြစ်စေရန်အတွက် အမြင့်ဆုံး ပြန်ဖွင့်သည့်နှုန်းဖြစ်သည့် 120Hz ကို ပံ့ပိုးပေးထားပါသည်။ ပိုမိုကောင်းမွန်သော မျက်နှာပြင်ပြန်ဖွင့်သည့်နှုန်းက အက်ရှင်လျင်မြန်သောဂိမ်းများ ကစားသောအချိန်နှင့် ဗွီဒီယိုများ ကြည့်သည့်အချိန်တို့တွင် ပိုမို၍ ရှင်းလင်းပြတ်သားကာ ပိုမိုချောမွေ့သော ဗွီဒီယိုအရည်အသွေးကို ရရှိစေပါသည်။ 60Hz နှင့် 120Hz ၏ နှိုင်းယှဉ်ချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ 

သင်က အရည်အသွေးအလွန်မြင့်မားသော အရာများကို ကြည့်ရှုသောအခါတွင် စခရင်သည် အကြိမ်ရေပို၍ ပြန်ဖွင့်မည်ဖြစ်ပြီး မြင့်မားသော ပြန်ဖွင့်သည့်နှုန်းကို မလိုအပ်သည့် အခြေအနေဖြစ်သော ဆောင်းပါးများဖတ်သည့်အခါတွင် အကြိမ်ရေလျှော့၍ ပြန်ဖွင့်မည်ဖြစ်ပါသည်။ 

ပြန်ဖွင့်သည့်နှုန်းကို ချိန်ညှိပုံ

 

120Hz အထိရှိသည့် လိုက်လျောညီထွေဖြစ်သော ပြန်ဖွင့်သည့်နှုန်းနှင့် 60Hz အထိရှိသော ပုံမှန်ပြန်ဖွင့်သည့်နှုန်းအကြားတွင် သင်ရွေးချယ်နိုင်ပါသည်။ သင်က ပုံမှန်ပြန်ဖွင့်သည့်နှုန်းကို ရွေးချယ်ပါက ဘက်ထရီသက်တမ်း ပိုခံနိုင်ပါသည်။ သို့ဖြစ်၍ ဘက်ထရီစွမ်းအားကို ချွေတာရန်အတွက် သာမန်အခြေအနေများတွင် ပုံမှန်ပြန်ဖွင့်သည့်နှုန်းကို အသုံးပြုရန် တိုက်တွန်းပါသည်။

အဆင့် ၁။ Settings စခရင်တွင် Display ကိုနှိပ်ပြီးနောက် Motion smoothness ကိုရွေးချယ်ပါ။

အဆင့် ၂။ သင်နှစ်သက်သောအရာကို ရွေးချယ်ပါ။

မှတ်ချက် - 

  • WQHD+ စခရင်အရည်အသွေး သို့မဟုတ် ပါဝါချွေတာသည့်ပုံစံတွင် motion smoothness ကို မြင့်မားသော ပြန်ဖွင့်သည့်နှုန်း 120Hz အထိ သတ်မှတ်၍ မရနိုင်ပါ။ 
  • ကိရိယာ၏ စခရင်ရှော့များနှင့် မီနူးသည် ကိရိယာ၏မော်ဒယ်နှင့် ဆော့ဖ်ဝဲဗားရှင်းအပေါ် မူတည်၍ ကွဲပြားခြင်းရှိနိုင်ပါသည်။

ရှင်းလင်းချက် - Galaxy Note20 Ultra 5G၊ Note20 Ultra တွင်သာ 120Hz ပြသချက်ကို ရရှိနိုင်ပါသည်။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ