Samsung နားကြပ်များဝတ်ဆင်နည်း

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 16.01.2023

အရင်အချိန်က သင်သည် သင့်နားနှင့်မဆံ့သည့် သို့မဟုတ် အရမ်းချောင်နေသည့် နားကြပ်များ ဝတ်ခဲ့ရနိုင်ပါသည်။ နှစ်ခုလုံးသည် သင် မနက်ခင်းအပြေးကျင့်ရင်းဖြစ်ဖြစ် သို့မဟုတ် သီချင်းနားထောင်ရင်ပဲဖြစ်ဖြစ် သက်တောင့်သက်သာမဖြစ်စေပါ။ ကျေးဇူးတင်စရာပဲ သင်သည် Samsung နားကြပ်များဖြင့် အဆိုပါပြဿနာများ ဘယ်တော့မှ မတွေ့ရနိုင်တော့ပါ။ အံဝင်ခွင်ကျမဖြစ်ပါက သင်သည်ရိုးရှင်းစွာပဲ နားကြပ်ခေါင်း သို့မဟုတ် ချိတ်ခေါင်းများကို လဲနိုင်ပါသည်။ သင်သည်နားကြပ်များကို မှန်ကန်စွာဝတ်ဆင်ပါက အကောင်းဆုံးအသံ နှင့် ခေါ်ဆိုမှုအရည်အသွေးကိုပေးပြီး သင့်အား သက်တောင့်သက်သာရှိနေစေမည်ဖြစ်သည်။

Galaxy Buds

သတိပြုရန် - သင့်နားရွက်ကို ထိခိုက်စေနိုင်သည့်အတွက် နားကြပ်ခေါင်း သို့မဟုတ် ချိတ်ခေါင်းများမပါဘဲ နားကြပ်များကို နားအတွင်းသို့မထည့်ပါနှင့်။ နားကြပ်ခေါင်း သို့မဟုတ်ချိတ်ခေါင်းများသည် ပြဲနိုင်သည့်အတွက် အလွန်အကျွံမဆွဲပါနှင့်။ နားကြပ်များ သို့မဟုတ် အခြားနားတွင်းထည့်ကိရိယာများအသုံးပြုနေစဉ် နားရွက်နာကျင်ခြင်း သို့မဟုတ် အရေပြားယားယံခြင်းတို့ကြုံတွေ့ရပါက ကျေးဇူးပြု၍ ကိရိယာအသုံးပြုမှုကို ချက်ခြင်းရပ်တန့်ပြီး သင့်ဆရာဝန်နှင့်ဆွေးနွေးပါ။

မှတ်ချက် - နားကြပ်ဝတ်ရန် နားကြပ်များကို အားသွင်းဗူးတွင်ကြိုထည့်၍ အားသွင်းပါ။

သင့် Galaxy Buds Pro, Buds2, သို့မဟုတ် Buds2 Pro တို့ကို မဝတ်ဆင်မီ နားကြပ်ခေါင်းများတပ်ဆင်ထားကြောင်းသေချာစွာစစ်ဆေးပါ။ သင့်အကြိုက်ဆုံးအရာကို နားထောင်နေချိန်တွင် နားကြပ်များကိုသေချာစွာတပ်ဆင်ထားခြင်းက သင့်ကို သက်တောင့်သက်သာရှိနေစေမည်ဖြစ်ပါသည်။

  • နားကြပ်ကို မိုက်ကရိုဖုန်းနှင့် နားကြပ်ခေါင်းကို အောက်သို့စိုက်လျက်အနေအထားဖြင့် အပေါ်တွင် L သို့မဟုတ် R အတိုင်းကိုင်ပါ။ နားကြပ်ကိုထည့်ပါ။ ထို့မှသာ ၎င်းသည် သင့်နားလှိုဏ်ထဲသို့ ဝင်သွားမည်ဖြစ်သည်။

မှတ်ချက် - Galaxy Buds Pro နှင့် Galaxy Buds2 Pro တို့တွင် L နှင့် R သည် ထိုးထည့်မည့် နေရာနားတွင် ရှိပါသည်။

  • အံဝင်ခွင်ကျဖြစ်ပြီး အကောင်းဆုံးအသံအရည်အသွေးရရှိရန် L ကို သင့် ဘယ်ဘက်နားတွင် ထည့်၍ R ကို သင့်ညာဘက်နားတွင်ထည့်ပါ။

  • သင်သည် နားကြပ်များကို သင့်နားနှင့် အံကိုက်ဖြစ်စေရန် ဘယ်သို့မဟုတ် ညာသို့ရွှေ့၍ ချိန်ညှိနိုင်ပါသည်။

Galaxy Buds pro တပ်ဆင်ထားသည့် မှန်ကန်သော အပြာအမှန်ခြစ်နှင့် မှားယွင်းသည့် အနီအမှန်ခြစ်ပုံ။
  • နားကြပ်ထိပ်သည် သက်တောင့်သက်သာ အံဝင်ခွင်ကျမဖြစ်ပါက ပိုအံဝင်စေရန်အတွက် အခြားဆိုဒ် ကို တပ်ကြည့်နိုင်ပါသည်။ ၎င်းသည် မိုက်ခရိုဖုန်း၏ စွမ်းဆောင်ရည်ကို တိုးတက်စေပြီး ပိုမိုပြတ်သားသည့်အသံကို ပေးစွမ်းပါသည်။
  • Buds2 နှင့် Buds2 Pro တို့ဖြင့် သင်သည် မှန်ကန်စွာတပ်ဆင်ထားခြင်း ရှိမရှိ သေချာစေရန် နားကြပ်အံဝင်မှု စစ်ဆေးချက်ကို အသုံးပြုနိုင်ပါသည်။ Galaxy Wearable အက်ပ်မှ နားကြပ်သတ်မှတ်ချက်များ ကိုနှိပ်၍ နားကြပ်အံဝင်မှု စစ်ဆေးချက် ကိုနှိပ်ပါ။ နားကြပ်များကို သင့်နားတွင်ထည့်၍ စမ်းသပ်မှုစတင်ရန် စတင်မည် ကိုနှိပ်ပါ။
  • နားကြပ်များကို တတ်နိုင်သမျှ အကောင်းဆုံးအခြေအနေတွင်ထားရန်အတွက် အထူးသဖြင့် မကြာခဏ အသုံးပြုတတ်ပါက သင့်နားကြပ်များကို ပုံမှန်သန့်ရှင်းပေးပါ။
  • အသုံးပြုနေစဉ် သင့်နားအတွင်းတွင် အစိုဓာတ်လွန်ကဲဖြစ်တည်မှုကို ကာကွယ်ရန်နားကြပ်ကို အချိန်တခုရောက်တိုင်း ချွတ်၍ သင့်နားကို ခြောက်သွေ့စေရန်လုပ်ဆောင်ပါ။
  • သင်နားကြပ်တပ်ထားစဉ်တွင် သင်နားကြပ်တပ်ထားကြောင်းကို အာရုံခံဆင်ဆာမှ အလိုအလျောက် သိရှိမည်ဖြစ်သည်။ ယခုလိုဖြစ်ပါက ပွင့်လာပြီး အသံတချက်မြည်ပါလိမ့်မည်။ အာရုံခံဆင်ဆာနှင့် သင့်နားထိတွေ့မှုမရှိပါက နားကြပ်အလုပ်လုပ်မည်မဟုတ်ပါ။

မှတ်ချက် - သင့်နားကြပ်များကို ပထမဆုံးအကြိမ်အသုံးမပြုမီတွင် အားသွင်းဗူးတွင်ထည့်၍ အားသွင်းပါ။

သင့် Galaxy Buds Live နားကြပ်များ ချောင်နေခြင်း သို့မဟုတ် နားလှိုဏ်နှင့် ဝေးနေခြင်းတို့ဖြစ်ပါက သင်သည် မကောင်းသည့် အသံ ၊ အက်နေသည့်အသံ သို့မဟုတ် ချိတ်ဆက်မှုပြဿနာများ ကြုံတွေ့ရနိုင်ပါသည်။

သက်တောင့်သက်သာ သီချင်းနားထောင်နိုင်ရန်အတွက် သင့်နားရွက်များအတွက် နားကြပ်ချိတ်ဆိုဒ် ကို မှန်ကန်စွာအသုံးပြုနေကြောင်း သေချာပါစေ။

  • Galaxy Buds Live သည် သင့်အနေနဲ့ အံဝင်ခွင်ကျဖြစ်မှု ကိုချိန်ညှိရန်လိုတိုင်း လဲနိုင်ရန် အသေးနှင့် အကြီးချိတ်များ တပါတည်းပါဝင်ပါသည်။ ထည့်သည့်အခါတွင် စပီကာများသည် သင့်နားအောက်ခြေဆီသို့ မျက်နှာမူ၍ သေချာစွာတပ်ဆင်မှသာ အကောင်းဆုံးအသံကို ရရှိမည်ဖြစ်သည်။ နားကြပ်အပေါ်ပိုင်းသည် ဒေါင်လိုက်ရှိနေရမည်ဖြစ်ပြီး အလျားလိုက်ရှိမနေရပါ။
  • နားကြပ်ချိတ်မှာ သင့်နားနှင့် သက်တောင့်သက်သာ အံဝင်ခွင်ကျမရှိပါက အခြားဆိုဒ်တခုဖြင့် ပြောင်းသုံးကြည့်ပါ။
အကောင်းဆုံးအသံနှင့် အံဝင်မှုအတွက် Galaxy Buds Live ဝတ်ဆင်နည်း။ အကောင်းဆုံးအသံနှင့် အံဝင်မှုအတွက် Galaxy Buds Live ဝတ်ဆင်နည်း။
  • နားကြပ်များကို တတ်နိုင်သမျှ အကောင်းဆုံးအခြေအနေတွင်ထားရန်အတွက် အထူးသဖြင့် မကြာခဏ အသုံးပြုတတ်ပါက သင့်နားကြပ်များကို ပုံမှန်သန့်ရှင်းပေးပါ။
  • အသုံးပြုနေစဉ် သင့်နားအတွင်းတွင် အစိုဓာတ်လွန်ကဲဖြစ်တည်မှုကို ကာကွယ်ရန်နားကြပ်ကို အချိန်တခုရောက်တိုင်း ချွတ်၍ သင့်နားကို ခြောက်သွေ့စေရန်လုပ်ဆောင်ပါ။
  • သင်နားကြပ်တပ်ထားစဉ်တွင် သင်နားကြပ်တပ်ထားကြောင်းကို အာရုံခံဆင်ဆာမှ အလိုအလျောက် သိရှိမည်ဖြစ်သည်။ ယခုလိုဖြစ်ပါက ပွင့်လာပြီး အသံတချက်မြည်ပါလိမ့်မည်။ အာရုံခံဆင်ဆာနှင့် သင့်နားထိတွေ့မှုမရှိပါက နားကြပ်အလုပ်လုပ်မည်မဟုတ်ပါ။

မှတ်ချက် - သင့်နားကြပ်များကို ပထမဆုံးအကြိမ်အသုံးမပြုမီတွင် အားသွင်းဗူးတွင်ထည့်၍ အားသွင်းပါ။

ပထမဆုံးလုပ်ရမည့်အရာမှာ နားကြပ်ခေါင်းနှင့် နားကြပ်ချိတ်တပ်ခြင်းတို့ဖြစ်သည်။ သင့်အကြိုက်ဆုံးသီချင်းနားထောင်ရန် အဆင်သင့်ဖြစ်နေချိန်တွင် သက်တောင့်သက်သာမဖြစ်ခြင်းကို ကာကွယ်ရန် နားကြပ်များကို သေချာစွာတပ်ဆင်ထားပါ။

  • နားကြပ်တစ်ဖက်စီ၏ ဦးတည်ရာကိုစစ်ဆေးပါ။ နားကြပ်ချိတ်များကို အပေါ်သို့မျက်နှာမူလျက် သင့်နားတွင် သက်တောင့်သက်သာအနေအထား ရောက်သည်အထိ ထည့်ပါ။
  • သင်သည် နားကြပ်များကို သင့်နားနှင့် အံကိုက်ဖြစ်စေရန် ဘယ်သို့မဟုတ် ညာသို့ရွှေ့၍ ချိန်ညှိနိုင်ပါသည်။
  • နားကြပ်ချိတ်မှာ သင့်နားနှင့် သက်တောင့်သက်သာ အံဝင်ခွင်ကျမရှိပါက အခြားဆိုဒ်တခုဖြင့် ပြောင်းသုံးကြည့်ပါ။ ပိုကျပ်သည့် အပိတ်သည် သင် ပိုပြတ်သားသည့်အသံလိုချိန်တွင် မိုက်ခရိုဖုန်းလုပ်ဆောင်ရည်ကို တိုးတက်စေပါသည်။
Galaxy Buds+ တပ်ဆင်ထားသည့် မှန်ကန်သော အပြာအမှန်ခြစ်နှင့် မှားယွင်းသည့် အနီအမှန်ခြစ်ပုံ။
  • နားကြပ်များကို တတ်နိုင်သမျှ အကောင်းဆုံးအခြေအနေတွင်ထားရန်အတွက် အထူးသဖြင့် မကြာခဏ အသုံးပြုတတ်ပါက သင့်နားကြပ်များကို ပုံမှန်သန့်ရှင်းပေးပါ။
  • အသုံးပြုနေစဉ် သင့်နားအတွင်းတွင် အစိုဓာတ်လွန်ကဲဖြစ်တည်မှုကို ကာကွယ်ရန်နားကြပ်ကို အချိန်တခုရောက်တိုင်း ချွတ်၍ သင့်နားကို ခြောက်သွေ့စေရန်လုပ်ဆောင်ပါ။
  • သင်နားကြပ်တပ်ထားစဉ်တွင် သင်နားကြပ်တပ်ထားကြောင်းကို အာရုံခံဆင်ဆာမှ အလိုအလျောက် သိရှိမည်ဖြစ်သည်။ ယခုလိုဖြစ်ပါက ပွင့်လာပြီး အသံတချက်မြည်ပါလိမ့်မည်။ အာရုံခံဆင်ဆာနှင့် သင့်နားထိတွေ့မှုမရှိပါက နားကြပ်အလုပ်လုပ်မည်မဟုတ်ပါ။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ