Galaxy Watch ၏ ဘီဇယ်ကို ဘယ်လိုအသုံးပြုမလဲ

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 07.02.2023

Galaxy Watch တွင် လှည့်နိုင် သို့မဟုတ် ထိနိုင်သည့် ဘီဇယ်ပါဝင်ပါသည်။ ဘီဇယ်အား နာရီလက်တံ သို့မဟုတ် လက်တံဆန့်ကျင်ဘက်သို့လှည့်ပြီး နာရီ၏ များပြားလှသည့်လုပ်ဆောင်ချက်များကို အလွယ်တကူ ရယူနိုင်ပါသည်။ အောက်ပါလမ်းညွှန်တွင် သင့် Galaxy Watch ၏ ဘီဇယ်အသုံးပြုနည်းအကြောင်းလေ့လာလိုက်ပါ။

Galaxy Watch ၏ ဘီဇယ်လုပ်ဆောင်ချက်များ

Galaxy Watch Active, Galaxy Watch Active2, Galaxy Watch4, နှင့်Galaxy Watch5 တို့အားလုံးတွင် ဒစ်ဂျစ်တယ်စနစ်သီးသန့်ဖြစ်သည့် ထိနိုင်သည့်ဘီဇယ် ပါဝင်ပါသည်။ လက်ချောင်းထိပ်ဖြင့် စခရင်အစွန်းသို့အသာအယာဖိ၍ လှည့်ပြီး အက်ပ်နှင့်စခရင်အကြား လှည့်ကြည့်နိုင်ပါသည်။

galaxy watch ဘီဇယ်လုပ်ဆောင်ချက်များ

မှတ်ချက် :

  • Galaxy Watch4 Classic တွင် သင့်လက်ချောင်းများဖြင့်လှည့်နိုင်သည့် ပြင်ပဘီဇယ်ပါရှိပါသည်။

  • တက်ချ်ဘီဇယ်ကိုပိတ်ရန်အတွက် သတ်မှတ်ချက်များ သို့သွား၍ အထွေထွေ > ဘီဇယ်ကွင်းကိုနှိပ်ပါ သို့ဝင်၍ လုပ်ဆောင်ချက်ကို ပိတ်ပါ။

ဘီဇယ်ကွင်းကိုလှည့်၍ အခြားစခရင်များသို့ သွားနိုင်ပါသည်။ နာရီမျက်နှာပြင်မှနေ၍ တက်ချ်ဘီဇယ်ကို နာရီလက်တံဆန့်ကျင်ဘက်သို့လှည့်၍ အသိပေးချက်စခရင်ကို ပြနိုင်ပါသည်။

ဘီဇယ်ကွင်းကိုလှည့်၍ တိုင်များကိုရွှေ့နိုင်ပါသည်။ နာရီလက်တံအတိုင်း ဘီဇယ်ကိုလှည့်ခြင်းဖြင့် အဆိုပါဦးတည်ရာအတိုင်း တိုင်များကို တစ်ခုစီဆက်တိုက်ပြသွားပါလိမ့်မည်။

မှတ်ချက် :

  • တိုင်များမှာ အက်ပ်များနှင့်လုပ်ဆောင်ချက်များ၏ ရှော့ကပ်များဖြစ်ပြီး နာရီပေါ်တွင် စခရင်အဖြစ် ထည့်သွင်းနိုင်ပါသည်။

အသံ၊ အလင်း အစရှိသည်တို့ကို တက်ချ်ဘီဇယ်ကိုလှည့်၍ တိုးနိုင်လျှော့နိုင်ပါသည်။ အလင်းထိန်းချုပ်မှုစခရင်ပေါ်တွင် ဘီဇယ်ကွင်းကို နာရီလက်တံအတိုင်းလှည့်၍ စခရင်၏ အလင်းကို တိုးပါ။

galaxy watch ဘီဇယ်ကွင်းဖြင့် အသံနှင့်အလင်းချိန်ညှိခြင်း

ဘီဇယ်ကွင်းကို နာရီလက်တံအတိုင်းလှည့်ခြင်းဖြင့် ဖုန်းဖြေဆိုခြင်း သို့မဟုတ် အသိပေးသံကိုပိတ်ပစ်နိုင်ပါသည်။ ဘီဇယ်ကွင်းကို နာရီလက်တံဆန့်ကျင်ဘက်သို့လှည့်၍ ဖုန်းချခြင်း သို့မဟုတ် အသိပေးသံခဏပိတ်ခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။

galaxy Watch ဘီဇယ်ကွင်းဖြင့် ဖုန်းဖြေသို့မဟုတ် ဖုန်းချခြင်း

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ