Galaxy Watch အင်္ဂါရပ်များကို အသုံးပြုနည်း
သင်၏ Galaxy နာရီတွင် သင်၏ စက်ပစ္စည်းကို ဘေးကင်းစေရန်၊ သင်၏ကြံ့ခိုင်မှုပန်းတိုင်များကို ခြေရာခံပြီး သင်၏ကျန်းမာရေးကိုစောင့်ကြည့်ရန် အထောက်အကူဖြစ်စေမည့် အသစ်နှင့် မွမ်းမံထားသော အင်္ဂါရပ်များ ထည့်သွင်းပေးထားပါသည်။
Water Lock အားဖွင့်ပါ
သင်၏ Galaxy နာရီကို ရေထဲတွင် သို့မဟုတ် ရေနှင့်အနီးတစ်ဝိုက်တွင် အသုံးပြုသည့်အခါ သင့်ဖန်သားပြင်ပေါ် မတော်တဆ ထိမိခြင်းမှ ကာကွယ်ရန် Water Lock မုဒ်ကို ဖွင့်ပါ။ ၎င်းသည် သင်ရေကူးနေစဉ်တွင် သင့်နာရီကို နိုးထစေခြင်းအထိအတွေ့အား မတော်တဆ အသက်သွင်းခြင်းမှလည်း တားဆီးနိုင်မည်ဖြစ်သည်။
သင်၏ ခန္တာကိုယ်ဖွဲ့စည်းပုံကို တိုင်းတာပါ။
Galaxy နာရီတွင် သင့်ခန္ဓာကိုယ်ကို ပိုမိုတိကျစွာခွဲခြမ်းစိတ်ဖြာရန် အဆင့်မြင့် အာရုံခံကိရိယာများရှိသည်။ ဇီဝလျှပ်စစ်ဆိုင်ရာ လျှပ်စီးကြောင်းဟန့်တားမှုစိစစ်ရေး (BIA) အာရုံခံကိရိယာအသစ်သည် သင့်ခန္ဓာကိုယ်အဆီနှင့် သင့်အရိုးစုကြွက်သားများကိုပင် တိုင်းတာနိုင်မည်ဖြစ်သည်။
သတိပြုရန်-
ခန္ဓာကိုယ်ဖွဲ့စည်းမှုကို စောင့်ကြည့်စစ်ဆေးခြင်းသည် ကျန်းမာရေးအခြေအနေတစ်ခုခုကို ရောဂါရှာဖွေခြင်း သို့မဟုတ် ကုသခြင်းအတွက်မဟုတ်ဘဲ ကျန်းမာကြံ့ခိုင်မှုအတွက်သာဖြစ်ကြောင်း မှတ်သားထားပါ။
သင့်တွင် နှလုံးခုန်နှုန်းထိန်းစက် ထည့်သွင်းထားခြင်း သို့မဟုတ် အခြားထည့်သွင်းထားသော ဆေးဘက်ဆိုင်ရာ ကိရိယာရှိလျှင် မတိုင်းတာပါနှင့်။
သင်၏ စိတ်ဖိစီးမှုအဆင့်ကို တိုင်းတာပါ။
Galaxy Watch ဖြင့် သင့်နှလုံးခုန်နှုန်းနှင့် အခြားအချက်အချို့ကို စစ်ဆေးခြင်းဖြင့် သင့်စိတ်ဖိစီးမှုအဆင့်ကို တိုင်းတာနိုင်ပါသည်။
သတိပြုရန်-
စိတ်ဖိစီးမှုအဆင့် တိုင်းတာခြင်းများသည် တစ်ကိုယ်ရေသုံးအတွက်သာဖြစ်ပြီး ခိုင်လုံသောဆေးဘက်ဆိုင်ရာအမြင်ကို မပေးဆောင်ပါ။
အကယ်၍ သင်သည် စိတ်ဖိစီးမှု၊ မသက်မသာဖြစ်ခြင်း သို့မဟုတ် နေမကောင်းဖြစ်နေပါက ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူနှင့် ဆွေးနွေးပါ။
သင့်နှလုံးခုန်နှုန်းကို စောင့်ကြည့်ပါ။
သင်၏ နှလုံးခုန်နှုန်းကို သိရှိခြင်းက သင်ပြုလုပ်သောလေ့ကျင့်ခန်းများသည် ကျန်းမာရေးအကျိုးကျေးဇူးများ ရရှိစေရန် လုံလောက်သောထိရောက်မှုရှိမရှိကို သိရှိစေရန်ကူညီပေးနိုင်သောကြောင့်ဖြစ်ပြီး သိပ်ပြီးထိရောက်မှုမရှိပါက ရုပ်ပိုင်းဆိုင်ရာရောဂါသစ်များ ဖြစ်လာစေနိုင်သည်။
သတိပြုရန်-
နှလုံးခုန်နှုန်းတိုင်းတာခြင်းများသည် တစ်ကိုယ်ရေသုံးအတွက်သာဖြစ်ပြီး ခိုင်လုံသောဆေးဘက်ဆိုင်ရာအမြင်ကို မပေးဆောင်ပါ။
နေထိုင်မကောင်းခြင်း သို့မဟုတ် မအီမသာဖြစ်ခြင်းများရှိပါက ဆေးဘက်ဆိုင်ရာအကြံပြုချက်များကို အမြန်ဆုံးရယူပါ။
သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ
ကျေးဇူးပြု၍ မေးခွန်းအားလုံးဖြေဆိုပါ။