သင့်ဖုန်းမျက်နှာပြင် မမျှော်လင့်ဘဲမီးခိုးရောင်ဖြစ်လာလျှင် မည်သို့ဖြေရှင်းရမည်နည်း။

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 14.11.2021

သင့်ဖုန်း၏စခရင်ပေါ်ရှိ အရောင်ကို အဖြူအမည်းဖြင့် ရုတ်တရက်မြင်ရပါက၊ သင့်ဖုန်း၏ အချို့သောအင်္ဂါရပ်များကို အသက်သွင်းထားတာမျိုးဖြစ်နိုင်သည်။ Bedtime၊ Dark mode သို့မဟုတ်Visibility enhancements mode ကဲ့သို့သော အင်္ဂါရပ်များကို မတော်တဆ ဖွင့်ထားတာမျိုးဖြစ်နိုင်သည် သို့မဟုတ် အလိုအလျောက် အသုံးပြုနေခြင်းဖြစ်နိုင်သည်။ ထိုအင်္ဂါရပ်များကို ချိန်ညှိရန် အောက်ပါလမ်းညွှန်ချက်များကို လိုက်နာပါ။

အောက်ပါအကြံ ပြု ချက်များကို မစမ်းသပ်မီ သင့်ဖုန်း၏ဆော့ဝဲ အပါအဝင် သက်ဆိုင်သောအက်ပ်များကို နောက်ဆုံးဗားရှင်း အပ်ဒိတ်လုပ်ထားပါ။ သင့်မိုဘိုင်းဖုန်းဆော့ဝဲကို အပ်ဒိတ်လုပ်ရန် ဤအဆင့်များကိုလိုက်နာပါ။

အဆင့် ၁။ Settings > Software update သို့သွားပါ။ 

အဆင့် ၂။ Download လုပ်ပြီး Install ကိုနှိပ်ပါ။

အဆင့် ၃။ ညွှန်ကြားချက်များကို လိုက်နာပေးပါ။

စစ်ဆေးရန် ၁။ Bedtime mode အင်္ဂါရပ်ကို ပိတ်ပါ။

Bedtime Mode ကို ဖွင့်ထားပါက မျက်နှာပြင်ပေါ်ရှိ အရောင်အားလုံးကို မီးခိုးရောင်ဖြင့် ပြသပါမည်။ Bedtime Mode သည် သင့်စခရင်ကို အဖြူအမည်းပြောင်းကာ ဖုန်းခေါ်ဆိုမှုများ၊ အကြောင်းကြားချက်များနှင့် အခြားသောအသံများကို အသံတိတ်စေခြင်းဖြင့် အိပ်ရာဝင်ရန် အသင့်ဖြစ်စေပါသည်။ မျက်လုံးညောင်းညာမှုကို လျှော့ချရန်နှင့် အိပ်ယာမဝင်မီ အိပ်ရေးပျက်မှုများကို ကာကွယ်ရန် Bedtime Mode ကို သင်ဖွင့်နိုင်သည်။ Bedtime Mode ကို ဖွင့်ထားပါက ၎င်းကိုပိတ်ရန် အောက်ပါအဆင့်များကို လိုက်နာပါ။

အဆင့် ၁။  Settings အက်ပ်ကိုဖွင့်ပါ၊ ထို့နောက် Digital Wellbeing and parental controls ကို ရွေးချယ်ပါ။

အဆင့် ၂။ အောက်ဘက်ပွတ်ဆွဲပြီး Bedtime Mode ကို နှိပ်ပါ။

အဆင့် ၃။ Bedtime Mode ကို ပိတ်ချင်လျှင် Turn On as scheduled ဘေးရှိ ခလုတ်ကို နှိပ်ပါ။

deactivate bedtime mode

မှတ်ချက်။

  • ဤအင်္ဂါရပ်သည် အချိန်ဇယားအတိုင်း လုပ်ဆောင်ပြီး သတ်မှတ်ချိန်တစ်ခုပြီးနောက် အလိုအလျောက် ပိတ်သွားပါသည်။
  • ဖုန်းမော်ဒယ်ပေါ် မူတည်၍ Bedtime Mode ကို ပါဝင်ခြင်းရှိမရှိကွာခြားနိုင်သည်။ အမည်အားဖြင့်လည်း ပြောင်းလဲနိုင်ပါသည်။

Dark mode သည် သင့်အား ညအချိန်တွင် သို့မဟုတ် မှောင်သောနေရာတွင် ဖုန်းကို အသုံးပြုသည့်အခါ မျက်လုံးညောင်းညာမှုကို လျှော့ချနိုင်စေပါသည်။ Dark mode ကို အသုံးပြုရန် အချိန်ဇယားကိုလည်း သင် သတ်မှတ်နိုင်သည်။ Dark mode ကိုဖွင့်ထားပါက ၎င်းကိုပိတ်ရန် အောက်ပါအဆင့်များကို လိုက်နာပါ။

အဆင့် ၁။ Settings အက်ပ်ကိုဖွင့်ပါ၊ ထို့နောက် Display ကိုရွေးချယ်ပါ။

အဆင့်၂။ Dark mode ကိုဖွင့် ထားခြင်းရှိမရှိ စစ်ဆေးပါ၊ ထို့နောက် Light mode ကို နှိပ်ပါ။

တစ်နည်းအားဖြင့်၊  Quick panel  ကိုဖွင့်ရန် စခရင်၏ထိပ်မှအောက်သို့ပွတ်ဆွဲပါ၊ ထို့နောက် ဤအင်္ဂါရပ်ကိုပိတ်ရန် Dark Mode icon ကိုနှိပ်ပါ။

deactivate dark mode

Dark mode အတွက် အချိန်ဇယားတစ်ခု သတ်မှတ်ပါ။

အလိုအလျောက်ဖွင့်ရန် သို့မဟုတ် ပိတ်ရန် Dark Mode ကို သင်သတ်မှတ်နိုင်သည်။ နေဝင်ချိန် သို့မဟုတ် သတ်မှတ်ထားသောအချိန်တွင် Dark mode  ကို အလိုအလျောက်ဖွင့်ရန် အောက်ပါအဆင့်များကို လိုက်နာပါ။ Dark mode  အတွက် လိုအပ်သည့်အချိန်ကို သင်သတ်မှတ်ထားသော်လည်း သင်အလိုရှိတိုင်း ၎င်းကို ကိုယ်တိုင်ဖွင့် သို့မဟုတ် ပိတ်နိုင်သည်။

အဆင့် ၁။ Setting > Display မီနူးတွင် Dark mode ကို ရွေးချယ်ပေးပါ။

အဆင့် ၂။ Turn on as scheduled ဘေးရှိ ခလုတ်ကိုနှိပ်ပါ။ Sunset to sunrise ကိုရွေးချယ်ပေးလိုက်လျှင် နေဝင်ချိန်နှင့် နေထွက်ချိန်အတွင်းတွင် Dark mode ကိုပွင့်နေစေလိမ့်မည်။ ဒီအခြေအနေတွင် တည်နေရာကိုဖွင့်ထားပေးရန် လိုအပ်လိမ့်မည်။

အဆင့် ၃။ Custom schedule ကိုရွေးချယ်ပြီး Dark mode အတွက် ကိုယ်နှစ်သက်ရာအချိန်ဇယားကိုလည်းပေးနိုင်ပါသည်။

အဆင့် ၄။ Start time ကိုနှိပ်ပါ။ ကိုယ်အလိုရှိရာ အချိန်ကိုရွေးချယ်ပါ။ ထို့နောက် Done ကိုနှိပ်ပါ။ အဲဒီနောက် End time ကိုနှိပ်ပြီး အချိန်တစ်ခုကိုရွေးချယ်ပါ။ ပြီးနောက် Done ကိုနှိပ်လိုက်ပါ။

မှတ်ချက်။

  • Dark Mode သည် ဒေါင်းလုပ်ပြုလုပ်ထားသော theme တစ်ခုအား အသုံးပြုထားချိန် သို့မဟုတ် တခြားသော ကြားခံအက်ပ်များ နှင့် အရောင်ရင့်သော ဖောင့်များတွင် အလုပ်မလုပ်နိုင်ပါ။
  • မော်ဒယ်နှင့် ဗားရှင်းပေါ်မူတည်ပြီး Dark Mode ကို Night Mode လို့လည်းခေါ်ဆိုနိုင်သည်။
  • တချို့သော အက်ပ်များတွင် Dark theme အကျိုးသက်ရောက်ခြင်းမရှိနိုင်ပါ။

Accessibilities ရွေးချယ်စရာတချို့တွင် အရောင်သတ်မှတ်ထားသော အသုံးပြုသူတချို့သည် မီးခိုးရောင် ဖုန်းမျက်နှာပြင်ကို မြင်တွေ့ရတတ်သည်။ အောက်ပါအဆင့်များကိုလိုက်နာပြီး Color adjustment function ကိုပိတ်ပေးပါ။

အဆင့် ၁။ Settings အက်ပ်ကိုဖွင့်ပြီး Accessibility ကိုရွေးချယ်ပါ။

အဆင့် ၂။ Visibility enhancements ကိုရွေးချယ်ပါ။

အဆင့် ၃။ Color adjustment ကိုရွေးချယ်ပါ။

အဆင့် ၄။ Color adjustment ခလုတ်ကိုနှိပ်ပြီး ပိတ်ပေးပါ။ရဲ့ခလုတ်ကိုနှိပ်ပြီး ပိတ်ပေးပါ။

ဖုန်းရဲ့မျက်နှာပြင်သည် သာမန်ထက် ပိုမှောင်နေတာမျိုး၊ မီးခိုးရောင်သန်းနေတာမျိုးဆိုရင် Power Saving Mode ကို ဖွင့်ထားတာမျိုးဖြစ်နိုင်သည်။ Power Saving Mode သည် ဖုန်းမျက်နှာပြင်အလင်းကိုလျှော့ချနိုင်စေရန် ဘတ်ထရီအားသက်သာစေပြီး မီးခိုးရောင်သို့ပြောင်းလဲပေးလိုက်သည်။ CPU လုပ်ဆောင်များကိုကန့်သတ်ခြင်း နှင့် ဖုန်းတုန်ခါမှုဖြင့်အသိပေးခြင်းကိုပိတ်ထားလိုက်နိုင်သည်။ Power Saving Mode ကိုပိတ်ခြင်းအတွက် အောက်ပါအဆင့်များကိုလိုက်နာပါ။

အဆင့် ၁။ Settings အက်ပ်ကိုဖွင့်ပါ။ Battery and device care ကိုရွေးချယ်ပါ။

အဆင့် ၂။ Battery ကိုထိပါ။

အဆင့် ၃။ Power saving mode ကိုနှိပ်ပါ။

အဆင့် ၄။ Power saving mode ကိုထောက်လှမ်းရန် ဖုန်းမှာပြင်မှအောက်သို့ဆွဲချပေးပါ။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ