ကင်မရာအက်ပ်အမှားကို ဘယ်လိုပြဿနာရှာဖွေမလဲ။
သင့်ဖုန်းစခရင်ပေါ်တွင် ကင်မရာမလုပ်ဆောင်နိုင်ပါ အသိပေးစာပေါ်လာခြင်းသို့မဟုတ် ကင်မရာအက်ပ်သုံးနေစဉ် ရပ်သွား/နှေးသွားခြင်းတို့ဖြစ်ပါက ပြဿနာဖြေရှင်းရန် အောက်ပါလမ်းညွှန်ကို ကိုးကားပါ။
အောက်ဖော်ပြပါ အကြံပြုချက်များအတိုင်း မလုပ်ဆောင်မီ သင့်ကိရိယာ၏ ဆော့ဖ်ဝဲလ်နှင့် သက်ဆိုင်ရာ အက်ပလီကေးရှင်းများအား နောက်ဆုံးဗားရှင်းသို့ အဆင့်မြှင့်ထားကြောင်း သေချာစွာလုပ်ဆောင်ပါ။ သင့်မိုဘိုင်းဖုန်းဆော့ဖ်ဝဲလ်အားအပ်ဒိတ်လုပ်ရန် အောက်ပါအချက်များအတိုင်းလုပ်ဆောင်ပါ။
အဆင့် ၁။ Settings > Software update သို့သွားပါ။
အဆင့် ၂။ Download and install ကိုနှိပျပါ။
အဆင့် ၃။ ပေါ်လာသည့်လမ်းညွှန်ချက်များအတိုင်း လုပ်ဆောင်ပါ။
ကင်မရာအက်ပ်ကို ပြန်သတ်မှတ်ခြင်း
သင်သည် ကင်မရာအက်ပ်ဖြင့် ပုံ သို့မဟုတ် ဗီဒီယိုများရိုက်ကူးရန်ကြိုးစားသော်လည်း ကင်မရာမလုပ်ဆောင်နိုင်ပါ အသိပေးစာစခရင်ပေါ်တွင်ပေါ်နေခြင်း သို့မဟုတ် သုံးမရခြင်းတို့ဖြစ်ပါက ကင်မရာ အက်ပ်ကို ပြန်သတ်မှတ်ခြင်းဖြင့် ပြဿနာပြေလည်နိုင်ပါသည်။ ကျေးဇူးပြု၍အောက်ပါအဆင့်များအတိုင်းလုပ်ဆောင်ပါ။
ဖုန်းအား ပြန်စခြင်း
သင်သည် ကင်မရာ အက်ပ်အား ပြန်သတ်မှတ်ပြီးသော်လည်း နှေးနေသို့မဟုတ် ရပ်နေပါက ပြဿနာပြေလည်ရန် သင့်ဖုန်းကို ပြန်စကြည့်ပါ။
မှတ်ချက်။
- သင့်ဖုန်းအား အတင်းပိတ်လိုက်သော်လည်း ဒေတာနှင့်ဖိုင်များကို ကာကွယ်ထားပြီးဖြစ်သည်။
- အသံနှင့်ဘေးခလုတ်နေရာများသည် ဖုန်းမော်ဒယ်အလိုက် ကွဲပြားနိုင်ပါသည်။
- ဖုန်း စခရင်ရှော့များနှင့် မီနူးများသည် ဖုန်းမော်ဒယ်နှင့်ဆော့ဖ်ဝဲလ်ဗားရှင်းပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်။
သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ
ကျေးဇူးပြု၍ မေးခွန်းအားလုံးဖြေဆိုပါ။