Galaxy S24 တွင် အချိန်နှင့်တပြေးညီ မိုးလေဝသနောက်ခံပုံ သတ်မှတ်နည်း

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 10.02.2024

S24 အသစ်၏ အချိန်နှင့်တပြေးညီ ရာသီဥတုနောက်ခံပုံအင်္ဂါရပ်သည် lock screen အဖြစ်အသုံးပြုသော ရုပ်ငြိမ်ဓာတ်ပုံများကို 3D သက်ဝင်လှုပ်ရှားမှုများထည့်သွင်းထားခြင်းဖြစ်သည်။ ရာသီဥတုသက်ဝင်လှုပ်ရှားမှုများသည် အသုံးပြုသူနေထိုင်ရာဒေသ၏ ရာသီဥတုကို ထင်ဟပ်စေသောကြောင့် အပြင်ဘက်တွင် မိုးရွာပါက lock screen ရုပ်ပုံတွင် မိုးရွာသွန်းမှုနှင့်သက်ဆိုင်သည့် သက်ဝင်လှုပ်ရှားမှုတစ်ခုကို မြင်တွေ့ရမည်ဖြစ်သည်။

Galaxy ဖုန်း lock screen နှင့် ပြင်ပရာသီဥတုတို့ အချိန်နှင့်တပြေးညီထင်ဟပ်နေခြင်း။

ရာသီဥတုနောက်ခံပုံတစ်ခုသတ်မှတ်ရန် ပထမဆုံး Photo ambient wallpaper setting ကိုဖွင့်ရပါမည်။

ဆက်တင်များပင်မစခရင် ဆက်တင်များပင်မစခရင်

အဆင့် ၁Settings< ကိုဖွင့်ပြီး > Advanced features ကိုနှိပ်ပါ။

Advanced features မျက်နှာပြင် Advanced features မျက်နှာပြင်

အဆင့် ၂Labs ကို နှိပ်ပါ။

Labs တွင်ပါဝင်သော အင်္ဂါရပ်အချို့စာရင်း Labs တွင်ပါဝင်သော အင်္ဂါရပ်အချို့စာရင်း

အဆင့် ၃Photo ambient wallpaper ကို နှိပ်ပါ။

Photo ambient wallpaper ၏ ဖော်ပြချက်နှင့် ရုပ်ပုံဥပမာ Photo ambient wallpaper ၏ ဖော်ပြချက်နှင့် ရုပ်ပုံဥပမာ

အဆင့် ၄ Photo ambient wallpaper ကိုသက်ဝင်စေရန်On ကိုနှိပ်ပါ။

Gallery app တွင် သိမ်းဆည်းထားသည့် ဓာတ်ပုံများကို ရာသီဥတုသက်ဝင်မှုပါသော နောက်ခံပုံအဖြစ် သတ်မှတ်နိုင်သည်။

မှတ်ချက်: ဤအင်္ဂါရပ်ကို လုပ်ဆောင်ရန်အတွက် Settings > Location တွင် တည်နေရာပြဝန်ဆောင်မှုကို ဖွင့်ထားရပါမည်။

Galaxy S24 ပင်မစာမျက်နှာ Galaxy S24 ပင်မစာမျက်နှာ

အဆင့် ၁ သင့်ဖုန်း၏ပင်မစာမျက်နှာပေါ်တွင် နောက်ခံ ကို ထိပြီး ဖိထားပါ။

Galaxy S24 ပင်မစာမျက်နှာစိတ်ကြိုက်ပြင်ဆင်မှုအတွက် ရွေးချယ်စရာများ Galaxy S24 ပင်မစာမျက်နှာစိတ်ကြိုက်ပြင်ဆင်မှုအတွက် ရွေးချယ်စရာများ

အဆင့် ၂ Wallpaper and styleကို ရွေးပါ။

Wallpaper and style ကိုစိတ်ကြိုက်ပြင်ဆင်ရန်ရွေးချယ်စရာများ Wallpaper and style ကိုစိတ်ကြိုက်ပြင်ဆင်ရန်ရွေးချယ်စရာများ

အဆင့် ၃Change wallpapers ကို ရွေးပါ။

နောက်ခံရွေးချယ်မှုများ နောက်ခံရွေးချယ်မှုများ

အဆင့် ၄creative အမျိုးအစားအောက်မှPhoto ambient ကို ရွေးပါ။

* မိုးလေဝသ app စနစ်ထည့်သွင်းရန် အချက်ပြစာတစ်ခုပေါ်လာပါက Agree ကိုရွေးချယ်ပါ။

* Photo ambient wallpaper သည် Labs ထဲမှ လုပ်ဆောင်ချက်များကို ဖွင့်ထားမှသာ ပေါ်လာမည်ဖြစ်သည်။

Gallery ထဲမှပုံများ Gallery ထဲမှပုံများ

အဆင့် ၅သင့်ဖုန်း၏နောက်ခံပုံအတွက် ဓာတ်ပုံ ကို ရွေးပါ။

နောက်ခံပုံအဖြစ် သတ်မှတ်ထားသော ခွေးနက်ပုံ နောက်ခံပုံအဖြစ် သတ်မှတ်ထားသော ခွေးနက်ပုံ

အဆင့် ၆ဖုန်းမျက်နှာပြင်ပေါ်ရှိ ဓာတ်ပုံ၏ အနေအထားကို ချိန်ညှိပါ။

နောက်ခံပုံပေါ်ရှိ Photo ambient ရာသီဥတုသက်ဝင်လှုပ်ရှားမှုများကို အစမ်းကြည့်ရှုခြင်း နောက်ခံပုံပေါ်ရှိ Photo ambient ရာသီဥတုသက်ဝင်လှုပ်ရှားမှုများကို အစမ်းကြည့်ရှုခြင်း

အဆင့် ၇ရာသီဥတုနောက်ခံသက်ဝင်လှုပ်ရှားမှုကို အစမ်းကြည့်ရှုရန် ပြသရန် သင်္ကေတကိုနှိပ်ပါ။

* ရရှိနိုင်သောသက်ဝင်လှုပ်ရှားမှုများမှာ သင့်ဓာတ်ပုံ၏အနေအထားပေါ်မူတည်၍ကွဲပြားနိုင်သည်။

နောက်ခံပုံအဖြစ် သတ်မှတ်ထားသော ခွေးနက်ပုံ နောက်ခံပုံအဖြစ် သတ်မှတ်ထားသော ခွေးနက်ပုံ

အဆင့် ၈ သက်ဝင်လှုပ်ရှားမှုများထည့်သွင်းရန် Done ကို နှိပ်ပါ။

မှတ်ချက်များ- ဤအင်္ဂါရပ်များကို Labs တွင် ရနိုင်ပါသည်။

  • လတ်တလောတွင် အချို့သောရာသီဥတုအခြေအနေများကိုသာ ထင်ဟပ်စေပါသည်။
  • တစ်နေ့တာ၏အချိန်ပြောင်းလဲမှုများသည် လတ်တလောအခြေအနေကို အမြဲတစေအတိအကျမပြနိုင်ပါ၊ ရလဒ်ကိုပြသရန် အချိန်လိုအပ်ပါသည်။
  • ညအချိန်နှင့် အတွင်းပိုင်းတွင်ရိုက်ထားသောဓာတ်ပုံများသည် မမှန်ကန်နိုင်ပါ။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ