သင်၏ Galaxy ဖုန်းရှိ ဓာတ်ပုံအရွယ်အစားတွေကို ဘယ်လို ပြင်ကြမလဲ

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 10.10.2021

သင်၏ Galaxy Phone နှင့်ဓာတ်ပုံရိုက်ပြီးနောက်ဓာတ်ပုံအရွယ်အစားကိုပြောင်းလဲလိုပါကသို့မဟုတ်ဓာတ်ပုံဖိုင်အရွယ်အစားကိုသေးငယ်စေလိုပါက  Gallery app အက်ပ်တွင် photo editor ကိုသုံးပြီးအလွယ်တကူချိန်ညှိနိုင်ပါသည်။ ဓာတ်ပုံများအရွယ်အစားပြောင်းရန်အောက်ပါလမ်းညွှန်ကိုကြည့်ပါ။

အောက်ပါအကြံပြုချက်များကို မစမ်းသပ်မီ သင့်ဖုန်း၏ဆော့ဝဲ အပါအဝင် သက်ဆိုင်သောအက်ပ်များကို နောက်ဆုံးဗားရှင်း အပ်ဒိတ်လုပ်ထားပါ။ သင့်မိုဘိုင်းဖုန်းဆော့ဝဲကို အပ်ဒိတ်လုပ်ရန် ဤအဆင့်များကိုလိုက်နာပါ။

အဆင့် ၁။ Settings> Software update သို့သွားပါ။ 

အဆင့် ၂။ Download and Install ကိုနှိပ်ပါ။

အဆင့် ၃။ ညွှန်ကြားချက်များကို လိုက်နာပေးပါ။

ဓာတ်ပုံတစ်ပုံကို အရွယ်အစားပြောင်းခြင်း

Galaxy ဖုန်း၏ high-definition ကင်မရာဖြင့်ရိုက်ထားသောဓာတ်ပုံအများစုသည် အရွယ်စားကြီးမားကြသည်။

သင်၏ ဓါတ်ပုံများကို အွန်လိုင်းတင်ရန် ဓါတ်ပုံများသည် ကြီးမားလွန်းနေပါက Galaxy app ဖြင့် တည်းဖြတ်ပြီး ၎င်းဓာတ်ပုံများကို အရွယ်အစား ချိန်ညှိနိုင်သည်။ အောက်ပါအဆင့်များအတိုင်း ဓာတ်ပုံအရွယ်အစားကိုပြောင်းပါ။

အဆင့် ၁။ Gallery app ကိုဖွင့်ပြီးသင်အရွယ်အစားပြောင်းလိုသောဓာတ်ပုံကိုရွေးပါ။

အဆင့် ၂။ မျက်နှာပြင်အောက်ခြေရှိ Edit icon ကိုနှိပ်ပါ။

resize step1

အဆင့် ၃။ ညာဘက်ထိပ်ရှိ More options (ဒေါင်လိုက်အစက်သုံးခု) ကိုနှိပ်ပါ။

အဆင့် ၄။ Resize ကိုရွေးပါ။

resize step2

အဆင့် ၅။ Resize image option မှသင်နှစ်သက်သော ပုံအရွယ်အစား ရာခိုင်နှုန်းကိုရွေးပါ၊ အရွယ်အစား ပြောင်းလဲမှုပြီးပါက Done ကိုနှိပ်ပါ။

အဆင့် ၆။ သင်တည်းဖြတ်ခြင်းပြီးပါက Save ကိုနှိပ်ပါ။

resize step3

ဓာတ်ပုံကိုအရွယ်အစားပြောင်းပြီးသောအခါ၊ ဓာတ်ပုံ၏အသေးစိတ်အချက်အလက်များတွင် ရုပ်ပုံ၏အရွယ်အစားကိုလျှော့ချထားသည်ကို တွေ့နိုင်မည်ဖြစ်သည်။

Android 11 အတွင် တည်းဖြတ်ထားသောဓာတ်ပုံကို သိမ်းသောအခါ ဓာတ်ပုံအသစ်တစ်ခုအစား မူရင်းဓာတ်ပုံကိုသာ တည်းဖြတ်သွားလိမ့်မည် ။

၎င်းကိုမူရင်းမှ သီးခြားသိမ်းလိုလျှင် Save ကိုမနှိပ်မီ အောက်ပါအဆင့်များအတိုင်းလုပ်ဆောင်ပါ။

အဆင့် ၁။ More option  (ဒေါင်လိုက်အစက်သုံးစက်) ကိုနှိပ်ပါ။

အဆင့် ၂။ Save copy ကိုရွေးချယ်ပါ။ တည်းဖြတ်ထားသောဓာတ်ပုံကိုမူရင်းဓာတ်ပုံနှင့် သီးခြားသိမ်းဆည်းပေးလိမ့်မည်။

resize copy step

မှတ်ချက်။

  • မူရင်းအရွယ်အစားထက် ပိုကြီးသောအရွယ်အစားသို့ ပြောင်းလဲနိုင်စွမ်းမရှိပါ။
  • သိမ်းဆည်းပြီးနောက် ပယ်ဖျက်ချင်သောအခါ Edit လုပ်သောအဆင့်တွင် နောက်ပြန်ရွေးလိုက်ပါ။
  • မော်ဒယ်ဗားရှင်းပေါ်မူတည်ပြီး Resize ပြုလုပ်ရန် မထောက်ပံ့နိုင်မှုရှိနိုင်သည်။
  • ပြထားသောပုံများနှင့် မီနူးများသည် ဖုန်းမော်ဒယ်နှင့် ဆော့ဖ်ဝဲလ်ဗားရှင်းပေါ်မူတည်ပြီး ကွဲပြားနိုင်သည်။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ