Note10 စကရင် မျက်နှာပြင်ကို ရိုက်ယူ မှတ်တမ်းတင်ပုံ

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 22.09.2020

Note10/Note10+ ပေါ်တွင် ကောင်းမွန်သောအရာများ ဖြစ်ပေါ်ပါလိမ့်မည်။ သင်၏အတွေ့အကြုံများကို ဝေမျှရာတွင် စခရင်မျက်နှာပြင် မှတ်တမ်းတင်ချက် (Screen recorder) အသစ် နှင့် စကရင် ရိုက်ယူရန်(screenshot) ရွေးချယ်စရာတို့ဖြင့် ယခင်ကထက် ပိုမို လွယ်ကူပါလိမ့်မည်။ ရယ်စရာ တစ်ခုကို ဖမ်းယူပါ၊ သင့် ဂိမ်းကစားနေမှုကို မှတ်တမ်းတင်ပါ၊ တုံပြန်ဗွီဒီယို ရိုက်ကူးပါ သို့မဟုတ် ချစ်ခင်ရသူများအား ၄င်းတို့၏ဖုန်းပေါ်တွင် တစ်ခုခုမည်သို့လုပ်သည်ကို ပြသပါ။

မှတ်ချက် - စကရင်က်နှာပြင်အားလုံးက မှတ်တမ်းတင်ခြင်းများ နှင့် စခရင်ရှော့တ် (screenshots) များရိုက်ရန် ခွင့်ပြုမည်မဟုတ်ပါ။

မှတ်ချက် - စကရင် မှတ်တမ်းတင်ခြင်း က ဖုန်း၊ ၊ VOIP သို့မဟုတ် ဗွီဒီယိုဖြင့် ခေါ်ဆိုခြင်းများကို မှတ်တမ်းမတင်ပါ။ ထပ်ဆောင်ပြီးလည်း ကော်ပီမူပိုင်ခွင့် ကန့်သတ်ချက်များကြောင့် အချို့ အက်ပ်များက စကရင်တ်တမ်းတင်ခြင်းကို ပိတ်ပင်နိုင်ပါသည်။

တတိယ ကြားခံ အက်ပ်တစ်ခု အသုံးပြုခြင်းအစား ဂလက်စီ ဖုန်းများပေါ်ရှိ သင်၏ စကရင် စခရင်မှတ်တမ်းတင် (Screen recorder) သည့်အက်ပ်ဖြင့် မှတ်တမ်းတင်ပါ။ Note10/Note10+ တို့ဖြင့် သင့်စကရင်င်ပေါ်တွင် ပြနေသော အရာတိုင်းနီးပါးကို သင် မှတ်တမ်းတင်နိုင်ပါသည်။ ဗွီဒီယို ရိုက်နေချိန်တွင်ပင် ရှေ့မျက်နှာစာ ကင်မရာကိုသုံးပြီး သင့်ကိုယ်သင် မှတ်တမ်းတင်နိုင်ပါသေးသည်။ 

 

အမြန်ဆက်တင်ချသည့် ပန်နယ် (Quick Settings panel) ကို ဖွင့်ရန် လက်နှစ်ချောင်းဖြင့် စခရင်မျက်နှာပြင်၏ ထိပ်မှ ပွတ်ဆွဲချပါ၊ ဘယ်ဖက်ကို ထပ်ပွတ်ဆွဲပြီး စခရင်မျက်နှာပြင်မှတ်တမ်းတင်မှု (Screen recorder) ကို ခေါက်ပါ။ နောက်ပြန်ရေတွက်မှု ပြီးသည်နှင့် သင့်ဖုန်းက စခရင်ပေါ်ရှိ အရာတိုင်းကို စတင် မှတ်တမ်းတင်ပါလိမ့်မည်။ .

စခရင် မှတ်တမ်းတင်သည့် ဆောင်ရွက်ချက်ကို ရွေးချယ်ရန် မီနူးကို ပြသည့် Quick panel ပုံရိပ်

* ယခုရုပ်ပုံက အင်္ဂလိပ်ဘာသာစကားဖြင့် နမူနာဖြစ်ပါသော်လည်း သင်၏နိုင်ငံသုံး ဘာသာစကားဖြင့်လည်း ရရှိနိုင်ပါသည်။

ရှေ့မျက်နှာစာ ကင်မရာကိုသုံးပြီး ဗွီဒီယိုထဲတွင် သင့်ကိုယ်သင် ထည့်ရိုက်ရန် ရှေ့မျက်နှာစာ ကင်မရာအိုင်ကွန်ကိုသာ ခေါက်လိုက်ပါ - ယင်းက လူပုံ အိုင်ကွန်နှင့် တူပါသည်။ ဘယ်ဖက်ထိပ်ထောင့်တွင် ဝင်းဒိုးအသေးတစ်ခုပေါ်လာပြီး သင်လုပ်သမျှကို မှတ်တမ်းတင်ပါလိမ့်မည်။ 

 

သင် မှတ်တမ်းတင်၍ ပြီးသွားချိန်တွင် ရပ်ပါ (Stop) အိုင်ကွန်ကို ခေါက်ပါ။ ဗွီဒီယိုကို ဂယ်လာရီထဲတွင် အလိုအလျာက် သိမ်းဆည်းပါလိမ့်မည်။  

စခရင်ကို မှတ်တမ်းတင်စဉ် ညာဖက်ထိပ်ရှိ Stop အိုင်ကွန်ကို ပြသသည့် Note10 စခရင်ဓာတ်ပုံ

ပိုမိုပျော်ရွှင်မြူးရရန် ဖုန်းက မှတ်တမ်းတင်နေချိန်အတွင်း စကရင်က်နှာပြင်ပေါ်တွင် သင် စာလည်းရေးနိုင်ပါသည်။ ခဲတံ (Pencil) အိုင်ကွန်ကို ခေါက်၍ သင့်စိတ်ကြိုက် အရောင်ကို ရွေးချယ်ကာ သင့်လက်ချောင်း သို့မဟုတ် S Pen ကို သုံးကာ စကရင်က်နှာပြင်ပေါ်တွင် စာရေးပါ။ သို့သော်လည်း သင် စကရင်မျက်နှာပြင်ပေါ်၌ စာရေးသားနေချိန်တွင် ဂိမ်းများ၊ ဗွီဒီယိုများ သို့မဟုတ် လမ်းညွှန်ဆိုင်ရာ ရွေးချယ်စရာများဖြင့် အပြန်အလှန် မလုပ်ဆောင်နိင်ပါ။ သင်က ခဲတံ (Pencil) သွင်ပြင်ကို ပိတ်လိုက်သည်နှင့် တပြိုင်နက် စကရင်မျက်နှာပြင်က ပုံမှန် ပြန်ဖြစ်သွားပါလိမ့်မည်။

သင်က ဖုန်းပေါ်ရှိ မီဒီယာတစ်ခုခု သို့မဟုတ် သင့်အသံကဲ့သို့သော ပြင်ပအသံတစ်ခုခုကိုသာ ဗွီဒီယိုမှ မှတ်တမ်းတင်လိုပါသလား။ သင်၏ ဗွီဒီယိုကို အပြစ်အနာအဆာမရှိအောင် လုပ်ရန် ယင်းဆက်တင် နှင့် အခြားဆက်တင်များကို အလွယ်တကူ သင်ချိန်ညှိနိုင်ပါသည်။

 

စခရင်ထိပ်ပေါ်မှ လက်နှစ်ချောင်းဖြင့် ပွတ်ဆွဲချခြင်းဖြင့် အမြန်ဆက်တင်ချသည်ပန်နယ် ( Quick Settings) ကို ဖွင့်ပါ။ ဘယ်ဖက်ကို ပွတ်ဆဲပြီး စခရင် မှတ်တမ်းတင်ခြင်း (Screen recorder) ကို ထိပြီး ဆက်ကိုင်ထားပါ။ ဤနေရာတွင် ရရှိနိုင်သော ရွေးချယ်စရာများကို သင်တွေ့ရပါလိမ့်မည် -

 

  • အသံ - ဗွီဒီယိုမှ မည်သို့သောအသံကို မှတ်တမ်းတင်မည်ကို ရွေးချယ်ပါ။ အသံမပါ၊ မီဒီယာအသံများ၊ သို့မဟုတ် မီဒီယာအသံမိုက်ခရိုဖုန်း စသည်တို့အကြားမှ သင်ရွေးချယ်နိုင်ပါသည်။  
  • ဗွီဒီယို အရည်အသွေး - ဗွီဒီယို အရည်အသွေးကို သင်စိတ်ဆန္ဒရှိသလိုရွေးချယ်ပါ။ ရရှိနိုင်သော ရွေးချယ်စရာများမှာ - 1080p၊ 720p၊ နှင့် 480p တို့ဖြစ်ကြသည်။
  • ဆယ်လ်ဖီ ဗွီဒီယို အရွယ်အစား - ရှေ့မျက်နှာစာ ကငမရာကိုအသုံးပြုပြီး မိမိကိုယ်မိမိ မှတ်တမ်းတင်ချိန်တွင် ပေါ့ပ်အပ် အရွယ်အစားကို ချိန်ညှိပါ။ 

စကရင်က်နှာပြင်ပုံတစ်ခု ရိုက်ခြင်းကမပြောင်းလဲသော်လည်း ခလုတ်ပြောင်းသွားပါသည်။ Note10/Note10+ ပေါ်တွင် ပါဝါ နှင့် Bixby ခလုတ်များက တစ်ခုထဲပေါင်းသွားပြီး ဘေးခလုတ် (Side key) ဟုခေါ်ပါသည်။ အသားကျဖို့ အချိန်အနည်းငယ်ယူပါသော်လည်း ကောင်းသည့်ဖက်မှာ စကရင်ကို ယခုအခါ လက်တစ်ဖက်တည်းဖြင့် သင် ရိုက်နိုင်ခြင်းဖြစ်သည်။ 

စခရင်ပုံတစ်ခု ရိုက်ယူရန် ဘေးခလုတ်(S ide key) နှင့် အသံတိုးသည့်ခလုတ် (Volume down) ခလုတ်များကို တစ်ချိန်တည်း တိုတိုနှိပ်ပါ။ စခရင်က အရောင်လက်သွားပြီး စခရင်အောက်ခြေတွင် မီနူးတစ်ခု ပေါ်လာပါလိမ့်မည်။ အောက်ပါရွေးချယ်စရာများ ရရှိနိုင်ပါသည် -  

 

  • အောက်လှိမ့်ဆွဲပြီး ဖမ်းယူခြင်း (Scroll capture) - တစ်ခုလုံးကို ဖမ်းယူရန် စခရင်ပုံ ရှည်ရှည်တစ်ခုရိုက်ပါ။ အောက်လှိမ့်ဆွဲရန် ဖြစ်နိုင်သည့်အခါမှသာ ယင်း ဆက်တင်ကို ရရှိနိုင်ပါသည်။ 
  • ပုံဆွဲခြင်း - မျှဝေခြင်းမပြုမီ သို့မဟုတ် သိမ်းဆည်းခြင်းမပြုမီ စခရင်ပုံကို တည်းဖြတ်ပါ။ 
  • အညွှန်းတပ်ခြင်း - သင်၏ စခရင်ပုံပေါ်တွင် အညွှန်းများ တပ်ပြီး သိမ်းဆည်းပါ။ 
  • မျှဝေခြင်း - စခရင်ပုံကို အခြား အက်ပ် သို့မဟုတ် အဆက်အသွယ်တစ်ခု ဖြင့် မျှဝေပါ။ 
  •  

     

 

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ