Galaxy Buds2 ကို စနစ်တကျ အသုံးပြုနည်း
Galaxy Buds2 သည် အားကစားလုပ်ခြင်း (သို့) တခြားသော activity များပြုလုပ်နေချိန်အတွင်း သီချင်းနားထောင်ခြင်း ဖုန်းဖြေခြင်းတို့ကို မိမိဖုန်းဖြင့်ချိတ်ဆက်ကာ လုပ်ဆောင်နိုင်သည့် ကြိုးမဲ့နားကြပ်ဖြစ်သည်။ သင်၏ Galaxy Buds2 အသစ်ကို စနစ်တကျ အသုံးပြုရန် အောက်ပါ အကြံပြုချက်အတိုင်း လိုက်နာပါ။Galaxy Buds2 သည် အားကစားလုပ်ခြင်း (သို့) တခြားသော activity များပြုလုပ်နေချိန်အတွင်း သီချင်းနားထောင်ခြင်း ဖုန်းဖြေခြင်းတို့ကို မိမိဖုန်းဖြင့်ချိတ်ဆက်ကာ လုပ်ဆောင်နိုင်သည့် ကြိုးမဲ့နားကြပ်ဖြစ်သည်။ သင်၏ Galaxy Buds2 အသစ်ကို စနစ်တကျ အသုံးပြုရန် အောက်ပါ အကြံပြုချက်အတိုင်း လိုက်နာပါ။
အကြံပြုချက်များ လိုက်မလုပ်မီ ဖုန်းတွင် နောက်ဆုံးဆော့ဖ်ဝဲလ်အက်ပ်ဒိတ် တင်ထားပေးရန်နှင့် အသုံးပြုရမည့် အက်ပ်များအား နောက်ဆုံးဗားရှင်းသို့ တင်ထားပေးရန် လိုအပ်ပါသည်။ ဖုန်း ဆော့ဖ်ဝဲလ်အက်ပ်ဒိတ်တင်ရန် အောက်ပါအတိုင်း လုပ်ဆောင်ပါ။
အဆင့်၁။ Setting > Software update သို့သွားပါ။
အဆင့်၂။ Download and Install ကိုနှိပ်ပါ။
အဆင့်၃။ ညွှန်ကြားသည်များအား ဆက်လက်လုပ်ဆောင်ပါ။
နားကြပ်ကိုနားတွင် သေချာစွာတပ်ဆင်ပါ
အကောင်းဆုံးအသံရနိုင်ရန်နှင့် ဆူညံသံများကိုပယ်ဖျက်ရန် နားကြပ်ကို သင်၏နား၌ မှန်ကန်စွာ တပ်ဆင်ထားရပါမည်။ နားကြပ်ကို သေချာမတပ်လျှင် ၎င်းတို့သည်အလုပ်မလုပ်ခြင်း (သို့) အသံအရည်အသွေး ညံ့ဖျင်းခြင်းမျိုးဖြစ်နိုင်သည်။ သင်၏နားနှင့်ကိုက်ညီသောနားကြပ်ဖူးတစ်စုံကို သုံး၍မှန်ကန်စွာဝတ်ဆင်ရန် အောက်ပါအဆင့်များအတိုင်းလိုက်နာပါ။
အဆင့် ၁။ နားကြပ်တစ်ခုစီကို အပေါ်နှင့်အောက်နှစ်ဖက်မှကိုင်ပြီး အားသွင်းဘူးမှထုတ်ပေးပါ။

အဆင့် ၂။ နားကြပ်တစ်ခုစီကို ဘယ်ညာ သေချာစွာကြည့်ပါ။
အဆင့် ၃။ တံဆိပ်ရိုက်နှိပ်ထားသော ဘယ်/ညာ အမှတ်အသားများကို မြင်သာအောင်ကိုင်ပြီး အံဝင်ခွင်ကျရှိသည့်တိုင်အောင် သင်၏နားထဲသို့ထည့်ပါ။
ထိတွေ့မှုအာရုံခံကိရိယာများသည် သင်နားကြပ်တပ်ထားသည်ကို အာရုံခံထောက်လှမ်းလိမ့်မည်။ ထို့နောက် နားကြပ်ကိုတပ်ဆင်ပြီးဖြစ်ကြောင်း အသိပေးသည့် အသံတစ်ခုထုတ်လိမ့်မည်။

အပြင်ဘက်တွင်ရှိသော မိုက်ခရိုဖုန်းများကို ဖုံးမိနေခြင်းများ သို့မဟုတ် တချို့အရာများဖြင့် ထိတွေ့နေခြင်းများမရှိစေရန် သတိထားပေးပါ။ မိုက်ခရိုဖုန်းတစ်လုံးကို သင်၏နားဖြင့်ဖုံးမိနေလျှင် နားကြပ်များသည် သင်၏အသံကိုမှန်ကန်စွာမှတ်မိနိုင်မည်မဟုတ်ပါ။ သင်သည် Bixby သုံးချင်ကြောင်းပြောသောအခါ သင့်ရဲ့နားကြပ်ကသင့်အသံကို သင်၏နားကြပ်များသည် သင်၏အသံကိုကောင်းစွာမသိရှိနိုင်လျှင် ကျေးဇူးပြု၍ မိုက်ခရိုဖုန်းများ သင့်နားကိုဖုံးအုပ်ထားသလားစစ်ဆေး၍ နားကြပ်ရဲ့အနေအထားကိုချိန်ညှိပါ။

သင်နားကြပ်ကိုမှန်ကန်စွာ ၀ တ်ထားကြောင်းသေချာချင်လျှင် Galaxy Earbud fit test ကိုသုံးနိုင်ပါတယ်။ Samsung ၏ပံ့ပိုးမှုဖြင့် 'Find the best fit for your ears with the Galaxy Earbud fit test'တွင်လေ့လာနိုင်ပါသည်။
မှတ်ချက်။
- ထိတွေ့မှုအာရုံခံကိရိယာသည် သင်၏နားနှင့်ဆက်သွယ်ခြင်းမရှိပါက နားကြပ်သည် အလုပ်လုပ်မည်မဟုတ်ပါ။ နားကြပ်ကိုတွေ့ကြောင်း အသိပေးသည့်အသံမကြားလျှင် သင့်နားနှင့်ကိုက်ညီသောနားကြပ်ဖူးကိုသုံးပါ။
- Earbuds များကို သင့်နားတွင် မှန်ကန်စွာ နေရာချထားခြင်းမရှိလျှင် earbuds များမှတဆင့် ဖုန်းခေါ်ဆိုခြင်းကဲ့သို့ လုပ်ဆောင်ချက်များသည် အလုပ်မလုပ်ပါ။ သင်၏နားနှင့်သင့်တော်သော နားကြပ်ဖူးတစ်စုံကိုသုံး၍ နားကြပ်ကို မှန်ကန်စွာဝတ်ဆင်ပါ။
- လေယာဉ်ပျံများနှင့် ဆေးရုံများကဲ့သို့သော ကြိုးမဲ့ကိရိယာများအသုံးပြုမှုကို ကန့်သတ်သည့်နေရာဒေသများရှိ ခွင့်ပြုချက်ရပုဂ္ဂိုလ်များမှ ထုတ်ပြန်တင်ထားသောသတိပေးချက်များနှင့်လမ်းညွှန်ချက်များကို အားလုံးလိုက်နာပါ။
မိုက်ခရိုဖုန်းပေါက်၊ စပီကာနှင့် လေဝင်ပေါက်များအား သန့်ရှင်းရေးပြုလုပ်ခြင်း။
အသံအတိုးအကျယ်သည် လက်ရှိချိန်ညှိထားသည်ထက် ပိုတိုးနေလျှင် မိုက်ခရိုဖုန်းအပေါက်၊ စပီကာနှင့်လေဝင်ပေါက်ကို သန့်ရှင်းပါ။ စပီကာကိုမသန့်ရှင်းမီ နားကြပ်ဖူးကို နားကြပ်မှချွတ်ထားလိုက်ပါ။
သန့်ရှင်း၊ ခြောက်သွေ့ပြီး နူးညံ့သောစုတ်တံ၊ ဝါဂွမ်းစများ (သို့) အခြားကိရိယာများဖြင့် နားဖာချေးများ၊ ဖုန်မှုန့်များကို ဖယ်ရှားပါ။
- အသုံးပြုပြီးနောက်နားကြပ်ကို သန့်ရှင်းရန် နူးညံ့ခြောက်သွေ့သောအဝတ်ကိုသုံးပါ။
- နားကြပ်ကိုခြောက်အောင်ထားပါ။ အရည်များထိတွေ့ခြင်း (သို့) နားကြပ်ထဲသို့ အရည်များ၀င်ခြင်းမှကာကွယ်ပါ။
- စပီကာနှင့် လေဝင်ပေါက်တွင် နားဖာချေး သို့မဟုတ် အညစ်အကြေးများမပါစေရန် နားကြပ်ကိုပုံမှန်သန့်ရှင်းပါ။
မှတ်ချက်။ နားဖာချေး (သို့) အညစ်အကြေးများကိုဖယ်ရှားနေစဉ် အလွန်ထက်သောအရာကိုမသုံးပါနှင့်။ မိုက်ခရိုဖုန်းအပေါက်၊ စပီကာနှင့် လေဝင်ပေါက်များ ပျက်စီးနိုင်သည်။
အားသွင်းငုတ်များကို သန့်ရှင်းရေးပြုလုပ်ခြင်း။
ဘက်ထရီအားသေချာမဝင်တာမျိုး ကြုံတွေ့နေရပါက အားသွင်းကြိုးများကို ခြောက်သွေ့သောအဝတ်ဖြင့်သုတ်ပါ။

Charging contacts
နားကြပ်နှင့် အားသွင်းဘူးကိုသန့်ရှင်းရေးလုပ်ပါ
အားသွင်းဘူးနှင့်နားကြပ်ဖူးများသည် ဖုန်မှုန့်များ၊ သဲများ၊ သို့မဟုတ် သတ္တုဆန်ဆန်ပြင်ပအရာဝတ္တုများနှင့် ထိတွေ့သောအခါ Galaxy Buds2 သည်အားသွင်းမှုမမှန်နိုင်သလို ပျက်စီးသွားနိုင်သည်။ နားကြပ်များ (သို့) အားသွင်းဘူးသည် ပြင်ပပစ္စည်းများဖြင့်ထိတွေ့မိခဲ့ပါက အားသွင်းဘူးထဲသို့မထည့်မီ နူးညံ့ခြောက်သွေ့သောအဝတ်ဖြင့်သုတ်ပေးပါ။
အသုံးပြုရာတွင် အကောင်းဆုံးအတွေ့အကြုံရရှိစေရန် Galaxy Wearable app အပါအ၀င် သက်ဆိုင်ရာ အက်ပ်များကို software နောက်ဆုံးဗားရှင်းသို့ မြှင့်တင်ထားပေးရန်လိုအပ်ပါသည်။ earbuds ၏ software ကို လေလှိုင်းမှ Firmware တင်ခြင်း (FOTA) ၀န်ဆောင်မှုမှတဆင့် update လုပ်ပါ။ Galaxy Buds2 software ကိုအဆင့်မြှင့်ရန်အောက်ပါအဆင့်များကိုလိုက်နာပါ။
အဆင့် ၁။ သင်၏ဖုန်းတွင် Galaxy Wearable app ကိုဖွင့်ပါ၊ ထို့နောက် Earbuds settings ကိုဝင်ပါ။
အဆင့် ၂။ Earbuds software update ကိုနှိပ်ပါ။
အဆင့် ၃။ Update ခလုတ်ကိုနှိပ်ပါ။

မှတ်ချက်။ ယခုဖော်ပြထားသောပုံများနှင့် မီနူးများသည် ဖုန်းမော်ဒယ်နှင့် ဆော့ဖ်ဝဲလ်ဗားရှင်းပေါ်မူတည်ပြီး ကွဲပြားနိုင်သည်။
အကြောင်းအရာများသည် အသုံး၀င်မှုရှိပါသလား။
သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ
ကျေးဇူးပြု၍ မေးခွန်းအားလုံးဖြေဆိုပါ။