Galaxy Buds Live ပေါ်တွင် ထိတွေ့မှုဖြင့် အမိန့်များပေးပုံ

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 03.09.2020

သဘာဝပတ်ဝန်းကျင်နှင့် ကိုက်ညီပြီး ထူးခြားကာ လုပ်ဆောင်မှုပိုကောင်းသော ဒီဇိုင်းနှင့် စပီကာတစ်ခုသည် ပိုမိုကောင်းမွန်သော အသံအတွေ့အကြုံကို ရစေပါသည်။ သင်က ထုတ်လွှင့်သောအသံဖိုင် (podcast) မှ အသံထွက်စာအုပ်သို့၊ သူငယ်ချင်းတစ်ဦးနှင့် ဗွီဒီယိုချက်တင်သို့ ကူးပြောင်းအသုံးပြုခြင်းတို့တွင်လည်း ဆက်လက်၍ ချိတ်ဆက်နေစေပါသည်။ ထိတွေ့မှုဖြင့်ပေးသည့် အမိန့်များအား ပြုလုပ်ပုံနှင့် ထိတွေ့မှုလုပ်ဆောင်ချက်ကို အသုံးပြုရာတွင် ကိရိယာ၏ လုပ်ဆောင်ချက်မှားယွင်းမှု အခြေအနေအချို့အကြောင်း ပိုမို၍ အနီးကပ် ကြည့်လိုက်ရအောင်။ 

အောက်ပါအချက်များကို ဖြေရှင်းချက်များအဖြစ် မစမ်းကြည့်မီတွင် သင့်ကိရိယာ၏ ဆော့ဖ်ဝဲနှင့် သက်ဆိုင်ရာအက်ပ်များကို နောက်ဆုံးထွက်ဗားရှင်းသို့ အပ်ဒိတ်လုပ်ထားခြင်းရှိမရှိ စစ်ဆေးပါ။ သင့်မိုဘိုင်းလ်ကိရိယာ၏ ဆော့ဖ်ဝဲအား အပ်ဒိတ်လုပ်ပုံကို အောက်ပါအဆင့်များအတိုင်း စစ်ပေးပါ။  

 

အဆင့် ၁။ Settings > Software update သို့သွားပါ။

အဆင့် ၂။ Download and install ကိုနှိပ်ပါ။

အဆင့် ၃။ စခရင်ပေါ်မှာ လမ်းညွှန်ချက်များကို လိုက်လုပ်ပါ။

Earbud ကို ထိတွေ့မှုဖြင့် အသုံးပြုခြင်း

 

သီချင်းဖွင့်ရန် ပိတ်ရန် သို့မဟုတ် ဖုန်းကိုင်ရန် မကိုင်ရန်အတွက် earbud ကို ထိတွေ့ပါ။ ထိတွေ့မှုဖြင့် အခြားလုပ်ဆောင်ချက်များကို ဆောင်ရွက်ရန်လည်း earbuds ကို သတ်မှတ်ထားနိုင်ပါသည်။ 

 

  • တစ်ချက်နှိပ်ခြင်း - သီချင်းတစ်ပုဒ်ကို ဖွင့်ရန် သို့မဟုတ် ရပ်ထားရန်အတွက် ထိတွေ့နိုင်သည့်နေရာကို နှိပ်ပါ။
  • နှစ်ချက်နှိပ်ခြင်း - သီချင်းကျော်ရန်၊ ဖုန်းကိုင်ရန် သို့မဟုတ် ဖုန်းပြောနေမှုကို ချရန်အတွက် ထိတွေ့နိုင်သည့်နေရာကို နှစ်ချက်နှိပ်ပါ။
  • သုံးချက်နှိပ်ခြင်း - ပြီးခဲ့သောသီချင်းကို ပြန်နားထောင်ရန် ထိတွေ့နိုင်သည့်နေရာကို သုံးချက်နှိပ်ပါ။ 
  • နှိပ်ကာဖိထားခြင်း - ကြိုတင်သတ်မှတ်ထားသော လုပ်ဆောင်ချက်တစ်ခုကိုဖွင့်ရန် သို့မဟုတ် ဖုန်းခေါ်ဆိုမှုကို မကိုင်ရန်။

မှတ်ချက်-

  • နားများနာကျင်မှု မဖြစ်စေရန်အတွက် earbuds ကို သင်လက်ထိပ်များဖြင့် အလွန်အကျွံမဖိပါနှင့်။ 
  • ထိတွေ့သည့်နေရာများကို ထိခိုက်ပျက်စီးခြင်း မဖြစ်စေရန်အတွက် earbuds ကို ထက်ရှသော မည်သည့်အရာနှင့်မျှ မထိတွေ့ပါနှင့်။ 

လုပ်ဆောင်ချက်များကို လွယ်ကူလျင်မြန်စွာ စတင်နိုင်စေရန်အတွက် earbud တစ်ခုစီ၏ ကြိုတင်သတ်မှတ်ထားသည့် နှိပ်ကာဖိထားသော လုပ်ဆောင်ချက်တစ်ခုကို ရွေးချယ်နိုင်ပါသည်။

အဆင့် ၁။ သင့်မိုဘိုင်းဖုန်းတွင် Galaxy Wearable အက်ပလီကေးရှင်းကို ဖွင့်ပါ။ 

အဆင့် ၂။ Touch controls ကိုနှိပ်ပါ။

အဆင့် ၃။ Touch and hold အောက်တွင် Left သို့မဟုတ် Right ကိုနှိပ်ပါ။ 

အဆင့် ၄။ ကြိုတင်သတ်မှတ်ထားသော နှိပ်ကာဖိထားသည့် လုပ်ဆောင်ချက်အဖြစ် သင်အသုံးပြုလိုသည့် လုပ်ဆောင်ချက်တစ်ခုကို ရွေးချယ်ပါ။ 

အလိုအလျောက် ဆူညံသံ ဖယ်ရှားခြင်း - နောက်ထပ်သတင်းအချက်အလက်အတွက် 'Galaxy Buds Live တွင် အလိုအလျောက် ဆူညံသံဖယ်ရှားခြင်း လုပ်ဆောင်ချက်ကို ကျွန်ုပ်ဘယ်လို အသုံးပြုနိုင်ပါသလဲ' ကိုကြည့်ပါ။

အသံဖြင့် အမိန့်ပေးခြင်း - မှတ်ဉာဏ်သွင်းထားသော အသံအထောက်အကူ ဝန်ဆောင်မှုဖြင့် စကားပြောဆိုမှုတစ်ခုကို စတင်လိုက်ပါ။ 

အသံတိုးခြင်း/အသံကျယ်ခြင်း - အသံအတိုးအကျယ်ကို ချိန်ညှိပါ။

မှတ်ချက်- 

  • သင်က အသံချိန်ညှိခြင်းလုပ်ဆောင်ချက်ကို တစ်ဖက်၏ ကြိုတင်သတ်မှတ်ထားသော နှိပ်ကာဖိထားသည့် လုပ်ဆောင်ချက်အဖြစ် ရွေးချယ်လိုက်ပါက အခြားတစ်ဖက်၏ ကြိုတင်သတ်မှတ်ထားသော နှိပ်ကာဖိထားသည့် လုပ်ဆောင်ချက်ကိုလည်း ချိန်ညှိသည့်လုပ်ဆောင်ချက်အဖြစ် အလိုအလျောက် သတ်မှတ်မည်ဖြစ်ပါသည်။ 
  • အသံချိန်ညှိခြင်း လုပ်ဆောင်ချက်ကို ကြိုတင်ရွေးချယ်ထားပြီးဖြစ်ကာ တစ်ဖက်၏ ကြိုတင်သတ်မှတ်ထားသော နှိပ်ကာဖိထားသည့်လုပ်ဆောင်ချက်ကို ပြောင်းလဲရန် ကြိုးစားပါက အခြားတစ်ဖက်၏ ကြိုတင်သတ်မှတ်ထားသော နှိပ်ကာဖိထားသည့် လုပ်ဆောင်ချက်ကိုလည်း အလိုအလျောက် ဆူညံသံဖယ်ရှားသည့် လုပ်ဆောင်ချက်ကိုစတင်ရန် အလိုအလျောက် သတ်မှတ်မည် ဖြစ်ပါသည်။ 
  • Earbuds သည် မိုဘိုင်းလ်ကိရိယာနှင့် မချိတ်ဆက်ပါက ချိတ်ဆက်မှုအကွက် ပေါ်မည်မဟုတ်ပါ။ သို့တည်းမဟုတ် သင့်မိုဘိုင်းကိရိယာက earbuds ကို ရှာမတွေ့ပါက ဘလူးတုချိတ်ဆက်မှုပုံစံသို့ ကိုယ်တိုင်ဝင်ရောက်ရန်အတွက် earbuds များအား ဝတ်ဆင်ထားစဉ်တွင် ယင်းတို့ကို နှိပ်ကာဖိထားပါ။ ဘလူးတုချိတ်ဆက်မှုပုံစံသို့ ရောက်ရှိပါက အသံတစ်သံကို သင်ကြားရပါမည်။ သို့ရာတွင် အသံချိန်ညှိမှုကို ကြိုတင်သတ်မှတ်ထားသော နှိပ်ကာဖိထားသည့် လုပ်ဆောင်ချက်အဖြစ် သတ်မှတ်ပြီးပါက သင်သီချင်းနားထောင်ချိန်တွင် ဤနည်းလမ်းကို အသုံးပြုနိုင်မည် မဟုတ်ပါ။ 

Earbuds ၏ ထိတွေ့မှု လုပ်ဆောင်ချက်ကို ပိတ်ထားခြင်းဖြင့် မရည်ရွယ်သော လုပ်ဆောင်ချက်များကို ကာကွယ်နိုင်ပါသည်။ 

 

အဆင့် ၁။ သင့်မိုဘိုင်းဖုန်းတွင် Galaxy Wearable အက်ပလီကေးရှင်းကို ဖွင့်ပါ။ 

အဆင့် ၂။ Touch controls ကိုနှိပ်ပါ။

အဆင့် ၃။ စတင်သက်ဝင်စေရန်အတွက် Block touches ခလုတ်ကိုနှိပ်ပါ။ 

ထိတွေ့မှု လုပ်ဆောင်ချက်နှင့် ပတ်သက်၍ ကိရိယာ၏ လုပ်ဆောင်ချက်မမှန်ကန်သည့် အခြေအနေအတွက် အသုံးဝင်သော အကြံပြုချက်များ

 

  • Earbud ၏ ထိတွေ့နိုင်သည့်အပိုင်းကို တိကျစွာကြည့်ကာ အသုံးပြုပါ။ 
  • ကိရိယာ၏ လုပ်ဆောင်ချက် မမှန်ကန်သည့် အခြေအနေတွင် earbuds ကို ပိတ်ကာပြန်ဖွင့်နိုင်ပါသည်။ Earbuds များကို ပိတ်ကာပြန်ဖွင့်ရန်အတွက် earbuds များအား အားသွင်းသည့်အိမ်၏ သက်ဆိုင်ရာနေရာများတွင်ထည့်ကာ အနည်းဆုံး ခုနစ်စက္ကန့်စောင့်ပြီးနောက် ပြန်ထုတ်ပါ။
  • မိုဘိုင်းလ်ကိရိယာပေါ်တွင် ထည့်သွင်းထားသော Galaxy Wearable အက်ပ်၊ မိုဘိုင်းလ်ကိရိယာဆော့ဖ်ဝဲနှင့် Galaxy Buds Live ဆော့ဖ်ဝဲတို့ အားလုံးသည် နောက်ဆုံးထွက်ဗားရှင်းများဖြစ်အောင် ပြုလုပ်ထားပါ။ အကောင်းဆုံးအတွေ့အကြုံကို ရရှိစေရန်အတွက် Galaxy Wearable အက်ပ်အပါအဝင် ဆော့ဖ်ဝဲတစ်ခုစီအား နောက်ဆုံးထွက်ဗားရှင်းသို့ အပ်ဒိတ်လုပ်ထားရန် တိုက်တွန်းပါသည်။

မှတ်ချက် - အားသွင်းသည့်အိမ်တွင် ဘက်ထရီအားနည်းနေပါက အားသွင်းသည့်အိမ်နှင့် အားသွင်းကြိုးကို အရင်ချိတ်ဆက်ပါ။ 

Samsung မိုဘိုင်းလ်ဖုန်းများ၊ တက်ဘလက်များနှင့် ဝတ်ဆင်နိုင်သော ပစ္စည်းများတွင် ပုံမှန်မဟုတ်သည်များကို တွေ့ကြုံရပါက Samsung Members အက်ပ်တွင် ကျွန်ုပ်တို့ထံ မေးမြန်းနိုင်ပါသည်။ 

 

ယင်းသို့ဖြင့် ဖြစ်ပွားနေသည့်အရာကို ကျွန်ုပ်တို့ပိုမို၍ အနီးကပ်သိနိုင်မည် ဖြစ်ပါသည်။ အချက်အလက်ကို အမည်မတပ်ဘဲထားမည်ဖြစ်ပြီး စုံစမ်းစစ်ဆေးနေစဉ်အတွင်းသာ အသုံးပြုမည် ဖြစ်ပါသည်။

မှတ်ချက် - ကိရိယာ၏ စခရင်ရှော့များနှင့် မီနူးသည် ကိရိယာ၏မော်ဒယ်နှင့် ဆော့ဖ်ဝဲဗားရှင်းအပေါ် မူတည်၍ ကွဲပြားခြင်းရှိနိုင်ပါသည်။ 

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ