သင်၏ ဆမ်ဆောင်း ဂလက်စီ (Samsung Galaxy) ကိရိယာ၏ တည်နေရာကိုရှာဖွေပုံ

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 22.09.2020
သူမ၏ အိတ်အတွင်း Galaxy ကိရိယာတစ်ခုကိုရှာနေသည့် အမျိုးသမီးတစ်ဦး

အကယ်၍ သင်၏ တန်ဖိုးထားရသော ဖုန်း၊ တက်ဘလက်၊ နာရီ၊ သို့မဟုတ် နားကြပ်ဖုများဖြစ်ပါစေ ပျောက်ဆုံးသွားပါက သင့်အနေဖြင့် စိတ်ပူစရာမလိုပါ။ ကျွန်ုပ်၏ မိုဘိုင်းဖုန်းကို ရှာပါ (Find My Mobile) သွင်ပြင်က သင် သော့ပိတ်ရန် သို့မဟုတ် သော့ဖွင့်ရန်၊ သို့မဟုတ် အဆိုးဆုံးမှ အဆိုးဆုံးသို့ဖြစ်လာပါက သင်၏ဒေတာများကို လုံးဝဖျက်ပစ်ရန် ခွင့်ပြုပါသည်။ စိတ်အေးအေးသာထားပါ၊ သင်၏ ဆမ်ဆောင်း ငွေပေးစနစ် (Samsung Pay) ဖြင့် ငွေပေးချေသည့် အချက်အလက်ကိုပင် သော့ပိတ် သို့မဟုတ် ဖျက်ပစ်နိုင်ပြီး ယင်းတို့အားလုံးကို အဝေးထိန်းချုပ်စနစ်ဖြင့် ပြုလုပ်နိုင်ပါသည်။ ဝတ်ဆင်နိုင်သာ ဂလက်စီ (Galaxy Wearable) အက်ပ် အတွင်းရှိ သင်၏နာရီ နှင့် နားကြပ်ဖုများအတွက် အလားတူဝန်ဆောင်မှုများ ရရှိနိုင်ပါသည်။

မှတ်ချက် - ရရှိနိုင်သော စခရင်မျက်နှာပြင် နှင့် ဆက်တင်များက ဝါယာမပါ ဝန်ဆောင်မှုပေးသူများ၊ ဆော့ဖ်ဝဲရ် ဗားရှင်း နှင့် မိုဒယ်ပေါ် မူတည်ပါသည်။

မှတ်ချက် - ဖုန်းကို ဖွင့်ထားရမည်။

ဖုန်းပ်ါရှိ အဝေးထိန်းခလုတ်ကို ဖွင့်ထားရမည်။ သင်၏ဖုန်းတွင်းသို့ ဆမ်ဆောင်းအကောင့် (Samsung account) တစ်ခု သင်ထည့်သွင်းလိုက်ချိန်၌ ယင်းသွင်ပြင်က အလိုအလျောက် ပွင့်သွားပါလိမ့်မည်။

ကျွန်ုပ်၏ မိုဘိုင်းဖုန်းကို သော့ဖွင့်ပါ (Find My Mobile unlock) သွင်ပြင်ကို အသုံးပြုရန်အလို့ငှာ အဝေးထိန်း သော့ဖွင့်ခြင်းကို အသက်သွင်းထားရမည်။

အကယ်၍ သင်၏ဖုန်း သို့မဟုတ် တက်ဘလက် ပျောက်ဆုံးသွားပါက Find My Mobile ကို သုံးပြီး ယင်းကဘယ်ရောက်နေသလဲဆိုသည်ကို ရှာကြည့်နိုင်ပါသည်။. 


အရင်ဆုံး Find My Mobile ဝက်ဘ်ဆိုက်ကို PC တစ်ခုပေါ်တွင် ဦးတည်ရှာဖွေပါ။ သင်၏ ဆမ်ဆောင်းအကောင့် (Samsung account) အမည်နှင့် လျှို့ဝှက်စကားလုံးများကို ထည့်သွင်းပြီး ကျွန်ုပ်သည် စက်ရုပ်မဟုတ်ပါ (I'm not a robot)ကိုနှိပ်ပါ။ဲပြီးနောက် SIGN IN ကို နှိပ်ပါ။  


သင်အသုံးပြုနေသည့် ဆမ်ဆောင်းအကောင့်နှင့် ဆက်ထားသော ကိရိယာများအားလုံးကို ဘယ်ဖက်တွင် သင်တွေ့ပါလိမ့်မည်။ အကယ်၍ ကိရိယာများကို ပါဝါဖွင့်ထားပြီး ကွန်ရက်နှင့် ချိတ်ဆက်ထားပါက ယင်းတို့ကို ကျွန်ုပ်၏ကိရိယာများ (My devices) အောက်တွင် ပြသပါလိမ့်မည်။ သင်က ကိရိယာတစ်ခုပေါ်တွင် နှိပ်လိုက်ပါက ညာဖက် ပန်နယ်က ရရှိနိုင်သော အဝေးထိန်းရွေးချယ်စရာများကို ပြသပါလိမ့်မည် - 

ကျွန်ုပ်၏ မိုဘိုင်းကိုရှာပါ (Find My Mobile ) အတွက် PC အမြင်ကွဲ ပုံရိပ်

*ယခုရုပ်ပုံက အင်္ဂလိပ်ဘာသာစကားဖြင့် နမူနာဖြစ်ပါသော်လည်း သင်၏နိုင်ငံသုံး ဘာသာစကားဖြင့်လည်း ရရှိနိုင်ပါသည်။

  • ဖုန်းသံမြည်စေခြင်း - အကယ်၍ သင်၏ဖုန်း သို့မဟုတ် တက်ဘလက် ဘယ်ရောက်နေသည်ကို သင်မသိပါက ယင်းကို အသံပိတ်ထားလျှင်တောင်မှ ဖုန်းသံမြည်အောင် လုပ်နိုင်ပါသည်။
  • သော့ပိတ်ခြင်း နှင့် သော့ဖွင့်ခြင်း - သင်၏ ကိုယ်ရေးကိုယ်တာ ဒေတာများနှင့်ပတ်သက်ပြီး သင် စိတ်ပူနေပါက သင်၏ဖုန်း သို့မဟုတ် တက်ဘလက်ကို အဝေးထိန်းချုပ်မှုဖြင့် သော့ပိတ်နိုင်ပါသည်။ ယင်းက စခရင်မျက်နှာပြင်ကို သော့ပိတ်ခြင်းကို အသက်သွင်းမည်ဖြစ်ပြီး ဆမ်ဆောင်း ငွေပေးစနစ် (Samsung Pay) တွင်းရှိ သင်၏ကတ်များကို ဆိုင်းငံလိုက်ပါသည်။ အကယ်၍ သော့ပြန်ဖွင့်သည့်နည်းကို သင်မေ့သွားပါက သင်၏ဖုန်း သို့မဟုတ် တက်ဘလက်ကို အဝေးထိန်းချုပ်မှုဖြင့် သော့ဖွင့်နိုင်ပါသည်။  

မှတ်ချက် - အကယ်၍ သော့ပိတ်ခြင်း သို့မဟုတ် သော့ဖွင့်ခြင်းကို သင့်ဖုန်ုးပေါ်တွင် လုပ်၍မရပါက အနီရောင် အမှတ်ပေါ်လာပါလိမ့်မည်။

  • တည်နေရာကို နောက်ယောင်ခံခြင်း - သင်၏ ပျောက်ဆုံးနေသော ဖုန်း သို့မဟုတ် တက်ဘလက် ကို ၁၅ မိနစ် တစ်ကြိမ် စစ်ဆေးပါ။

သတိပြုရန် - အကယ်၍ အခိုးခံရသော သင်၏ မိုဘိုင်းဖုန်း သို့မဟုတ် တက်ဘလက်၏ တည်နေရာကိုရှာဖွေရန် သင်သည် ကျွန်ုပ်၏ မိုဘိုင်းဖုန်းကိုရှာပါ (Find My Mobile) ကို အသုံးပြုပါက မြေပုံပေါ်ရှိ တည်နေရာသို့ တိုက်ရိုက်မသွားပါနှင့်။ အာဏာပိုင်များကို အကြောင်းကြားပြီး ၄င်းတို့မှ သင်၏ပစ္စည်းကို သင့်အတွက် ပြန်သိမ်းပေးပါစေ။

  • ဒေတာကို အဝေးထိန်းချုပ်မှုဖြင့် ဖျက်ခြင်း - သူခိုးအား သင်၏ဒေတာများကို ရရှိရန် ခွင့်မပြုပါနှင့်။ သင်၏ဖုန်း သို့မဟုတ် တက်ဘလက်ကို လုံးဝအစမှ ပြန်ဆက်တင်ချလိုက်မည်ဖြစ်ပြီး ဆမ်ဆောင်း ငွေပေးစနစ် (Samsung Pay) တွင်းရှိ သင်၏ ငွေကြေးဆိုင်ရာ ဒေတာများအပါအဝင် သင်၏ဒေတာများအားလုံး ဆုံးရှုံးပါလိမ့်မည်။

မှတ်ချက် - အကယ်၍ ဂူဂဲလ်အကောင့်တစ်ခုကို မှတ်ပုံတင်ထားပါက သင်၏ဖုန်း သို့မဟုတ် တက်ဘလက်ကို ပြန်အသုံးမပြုနိုင်မီ သင့်အနေဖြင့် ယင်းအကောင့်တွင်းသို့ လက်မှတ်ထိုးဝင်ရန် လိုအပ်နိုင်ပါသည်။

  • ဘက်အပ်လုပ်၍ သိမ်းခြင်း - သင်၏ဒေတာများကို ပြီးတိုင်မဖျက်လိုက်မီ ဒေတာအားလုံးကို ဆမ်ဆောင်း ကလောက် (Samsung Cloud) တွင်းသို့ ဘက်အပ်လုပ်၍ သိမ်းနိုင်ပါသည်။ .
  • ဘက်ထရီ အသက်ကို ရှည်ကြာအောင်လုပ်ခြင်း - သင်မလိုချင်ဆုံးအရာမှာ သင်၏ ပျောက်ဆုံးနေသာ ဖုန်း သို့မဟုတ် တက်ဘလက် အားကုန်ကာပိတ်သွားခြင်းဖြစ်သည်။ ယခု သွင်ပြင်ကိုသုံးပြီး သင်၏ ဖုန်း သို့မဟုတ် တက်ဘလက်၏ ဘက်ထရီအသက် ကို အရှည်ဆုံးရအောင်ယူပြီး ယင်းအား ပြန်ရှာတွေ့ရန် အခွင့်အရေးကို တိုးမြှင့်ပါ။
  • ဖုန်းခေါ်ဆိုမှုများ/ မက်ဆေ့ခ်ျများကို ပြန်ရှာယူခြင်း - လောလောလတ်လတ် ခေါ်ဆိုထားသော ဖုန်း နှင့် မက်ဆေ့ခ်ျ ၅၀ ကို သင်၏ဖုန်းထဲမှ ပြန်ရှာယူနိုင်ပါသည်။
  • အုပ်ထိန်းမှုများ သတ်မှတ်ခြင်း - သင်၏ဖုန်း သို့မဟုတ် တက်ဘလက်ကို အဝေးထိနါးဖြင့် တည်နေရာရှာ၊ အရေးပေါ်မုဒ်ကို အသက်သွင်း သို့မဟုတ် ဖုန်း သို့မဟုတ် တက်ဘလက်ကို အသံမြည်အောင်လုပ်ပေးနိုင်သော အုပ်ထိန်းသူများကို သင် သေချာသတ်မှတ်ပေးနိုင်ပါသည်။

မှတ်ချက် - အကယ်၍ သင်၏ ဖုန်း သို့မဟုတ် တက်ဘလက်၏ တည်နေရာကို မရှာတွေ့နိုင်သေးပါက သင်၏ဖုန်းကတ်ဝန်ဆောင်ပေးသူထံ၌ သင်၏ဖုန်းတည်နေရာကို ရှာဖွေရန် သို့မဟုတ် ဆိုင်းငံရန် ကူညီသည့်ဝန်ဆောင်မှုတစ်ခု ရှိနေနိုင်ပါသည်။ ထပ်ဆောင်းအချက်အလက်များ ရရှိရန်အတွက် ကျေးဇူးပြု၍ သင့်၏ဖုန်းကတ် ဝန်ဆောင်ပေးသူထံသို့ ဆက်သွယ်ပါ။

သင့်ဖုန်းကို တစ်နေရာရာတွင် မတော်တဆ ထားခဲ့မိပါသလား။ သင်၏ စမာ့တ်နာရီ (smart watch) ကိုသုံးပြီး ယင်းတည်နေရာကို ရှာဖွေနိုင်ပါသည်။ 


သင်၏ smart watch ပေါ်ရှိ ဟုမ်း (Home) ခလုတ်ကို နှိပ်ပြီး ကျွန်ုပ်၏ဖုန်းကို ရှာဖွေပါ (Find My Phone) ကို ပွတ်ဆွဲချကာ ခေါက်လိုက်ပါ။ သင့်ဖုန်းတည်နေရာကို စတင်ရှာဖွေရန် စတင်ပါ (Start) ကို ခေါက်ပါ။ ဖုန်း၏ မြည်သံ ထွက်ပေါ်လာပြီး အလွယ်တကူ ရှာတွေ့နိုင်ပါလိမ့်မည်။ ဖုန်းကို ရှာပြီး ရပ်ပါ (Dismiss) အိုင်ကွန်ပေါ်တွင် ပွတ်ဆွဲချလိုက်ပါ။

မှတ်ချက် - သင်၏နာရီပျောက်သည့်ဖြစ်ရပ်မျိုးအတွက် အဝေးထိန်း ဆက်သွယ်မှု (Remote connection) ကို အဆင်သင့်နေရာချထားခြင်း ကဲ့သို့သော လိုအပ်သည့်အရာအားလုံး သင့်ထံတွင် ရှိနေကြောင်း သေချာပါစေ။

အကယ်၍ သင်၏ smart watch ပျောက်ဆုံးသွားပါက Galaxy Wearable အက်ပ် ကိုအသုံးပြုပြီး ယင်းကို သင်ရှာဖွေနိုင်ပါသည်။ ကျွန်ုပ်၏ မိုဘိုင်းဖုန်းကိုရှာပါ (Find My Mobile) ဝန်ဆောင်မှုက သင့်နာရီ၏ တည်နေရာကို သင်မြင်အောင်ပြမည်မဟုတ်ပါသော်လည်း ယင်းက သော့ပိတ်ခြင်း သို့မဟုတ် Samsung Pay ကဲ့သို့သော ဆမ်ဆောင်းဝန်ဆောင်မှုများကို ဖျက်ပစ်ရန် ခွင်ပြုပါသည်။


သင်၏ဖုန်းပေါ်တွင် Galaxy Wearable အက်ပ် ရှိရာသို့သွားပြီး ကျွန်ုပ်၏ နာရီကိုရှာပါ (Find My Watch) ကို ခေါက်လိုက်ပါ။ (အားကစားလက်ပတ်များဖြစ်ပါက Find My Band သို့မဟုတ် Find My Gear ကို ခေါက်လိုက်ပါ။) အကယ်၍ သင်၏လက်ပတ်က သင်၏ဖုန်းနှင့် ဘလူးတုသ် (Bluetooth) အသုံးပြုကာ ဆက်သွယ်ထားပါက စတင်ပါ (START) ကို ခေါက်လိုက်ပါ။ သင်၏နာရီက စတင်တုန်ခါလာမည်ဖြစ်ပြီး ရှာတွေ့ဖို့ လွယ်ကူပါလိမ့်မည်။ ယင်းကို တွေ့သောအခါတွင် X အိုင်ကွန်ကို ခေါက်ပြီး ညာဖက်သို့ ပွတ်ဆွဲလိုက်ပါ။

ကျွန်ုပ်၏ Galaxy Watch ကို ရှာရန် စခရင်ဓာတ်ပုံ

*ယခုရုပ်ပုံက အင်္ဂလိပ်ဘာသာစကားဖြင့် နမူနာဖြစ်ပါသော်လည်း သင်၏နိုင်ငံသုံး ဘာသာစကားဖြင့်လည်း ရရှိနိုင်ပါသည်။

အကယ်၍ သင်၏နာရီ ကို ဘလူးတုသ် (Bluetooth) ဖြင့်အလှမ်းမှီနိုင်သောနေရာပြင်ပတွင် ပျောက်ဆုံးပါက အဝေးထိန်းဆက်သွယ်မှု ဖွင့်ထားသောအချိန်တွင် ရွေးချယ်စရာ နှစ်ခုရှိပါသည် -  

 

  • တည်နေရာကို ရယူခြင်း- သင်၏နာရီ လက်ရှိရောက်နေသောနေရာ၏ လိပ်စာကိုပေးပါသည်။ မြေပုံပေါ်တွင် ပြပါ (Show on map) ကို ခေါက်ပြီး နာရီကို မြေပုံပေါ်တွင် နေရာရှာနိုင်ပါသည်။ 
  • လုံခြုံရေးခလုတ် ချခြင်း - အဝေးထိန်းချုပ်မှုဖြင့် နာရီ တိုက်ခြင်း၊ အစမှပြန်သတ်မှတ်ခြင်း၊ သို့မဟုတ် နာရီပေါ်ရှိ သော့ကို ပြန်အသက်သွင်းနေရာချခြင်း တို့ကို အဝေးထိန်းချုပ်မှုဖြင့်လုပ်ရန် ရွေးချယ်စရာများကို လက်လှမ်းယူပါ။

သင်၏ ဂလက်စီနားကြပ်ဖုများ (Galaxy Buds) ကို နေရာမှားထားသည့်အတွက်ကြောင့် အသစ်များပြန်ျဝယ်ဖို့မလိုပါ အဘယ်ကြောင့်ဆိုသော် ဝတ်ဆင်နိုင်သော ဂလက်စီ (Galaxy Wearable) အက်ပ်က ၄င်းတို့ကိုပြန်ရှာတွေ့ရန် အလွန်တရာမှ လွယ်ကူစေသောကြောင့်ဖြစ်ပါသည်။


သင်၏ဖုန်း သို့မဟုတ် တက်ဘလက်ပေါ်တွင် Galaxy Wearable အက်ပ်ရှိရာသို့သွားပြီး စတင်ပါ (Start) ကို ခေါက်လိုက်ပါ။ နာကြပ်ဖုများက စပြီး ဘိဘိ ဟု မြည်ကာ ၃ မိနစ်အတွင်း တစထက်တစ ပိုကျယ်လာပါလိမ့်မည်။ ရှာဖွေခြင်းကို အဆုံးသတ်ရန် ရပ်ပါ (Stop) ကို နှိပ်ပါ၊ 


အကယ်၍ ဘလူးတုသ် (Bluetooth) အလှမ်းမှီနိုင်သော နေရာ (၃၂ ပေ) ပြင်ပတွင် ရောက်ရှိနေပါက သို့မဟုတ် ဘက်ထရီ အားကုန်နေပါက အက်ပ်က နားကြပ်ဖု (များ) အဆက်အသွယ်ပြတ်နေသည်ကို ပြမည်ဖြစ်ပြီး ယင်း နားကြပ်ဖုများကို နေရာရှာနိုင်မည်မဟုတ်ပါ။

ကျွန်ုပ်၏ Galaxy Buds ကိုရှာရန် စခရင် ဓာတ်ပုံ

*ယခုရုပ်ပုံက အင်္ဂလိပ်ဘာသာစကားဖြင့် နမူနာဖြစ်ပါသော်လည်း သင်၏နိုင်ငံသုံး ဘာသာစကားဖြင့်လည်း ရရှိနိုင်ပါသည်။

မှတ်ချက် - IR အာရုံခံအတွင်းဖက်တွင် အခြားပစ္စည်းများ သို့မဟုတ် အမှိုက်များ ရှိနေပါက နားကြပ်ဖုများက ဘိဘိ မြည်နိုင်မည် မဟုတ်ပါ။
