Galaxy Note9 ၏ မျက်နှာပြင်တုံ့ပြန်မှု ရပ်တန့်နေသည်ကို ပြုပြင်နည်း

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 18.09.2020

အကယ်၍ မိမိ၏ Galaxy Note9 တွင် ဤပြဿနာဖြစ်ပေါ်ပါက အောက်ပါအဆင့်များအတိုင်း လုပ်ဆောင်ကြည့်ပါ။

Samsung Galaxy Note9 ၏ မျက်နှာပြင်တုံ့ပြန်မှု ရပ်တန့်နေခြင်း ကို ဘယ်လိုပြုပြင်နိုင်မည်နည်း?

မိမိ၏ device သည် တုံ့ပြန်မှုမရှိဘဲ ရပ်တန့်နေပါက ဖွင့်ထားသော App များကို ပိတ်ခြင်း (သို့) စက်ကို ပိတ်၍ ပြန်ဖွင့်ခြင်းကို ဦးစွာလုပ်ဆောင်ပါ။ Restart ပြုလုပ်ရန် Power Key နှင့် Volume Down Key ကို တပြိုင်နက်တည်း (၇) စက္ကန့်မျှ ဖိထားပါ။

 

Device ကို restart ပြုလုပ်ပြီးနောက်တွင်လည်း ဆက်လက်၍ မကြာခဏ တုံ့ပြန်မှုမရှိဘဲ ရပ်တန့်နေပါက အောက်ဖော်ပြပါအတိုင်း လုပ်ဆောင်ကြည့်ပါ။

1 Setting > Device maintenance > Optimize now ကို နှိပ်ပါ။
2 Memory Space ကို ဖန်တီးပါ။
3 မိမိ device အတွက် Software update များကို စစ်ဆေးပါ။
4 Safe Mode အနေအထားဖြင့် မိမိ device ကို စစ်ပါ။

Safe Mode အနေအထားရောက်ရန် device ကို ပါဝါ ပိတ်ပါ။ Power ခလုတ်ကို ဖိထားပြီး Samsung logo ပ်ါလာသည့်အခါ Power ခလုတ်ကို လွှတ်လိုက်ပါ။ Volume down key ကို ချက်ချင်း ဖိလိုက်ပြီး စက်ပြန်လည်တက်လာချိန်ထိ ဖိထားပါ။
5 Factory Reset ချရန် Setting > General Management > Reset > Factory data reset ဖြင့် လုပ်ဆောင်ပါ။

Factory Reset မလုပ်ဆောင်မီ device ထဲရှိ အရေးပါသော ဒေတာအချက်အလက်များကို backup လုပ်ထားဖို့မမေ့ပါနှင့်။
5 အကယ်၍ Apps တစ်ခုခုကြောင့် ဖြစ်ပါက Apps Data/ Cache ကို ရှင်းလင်းရန် Settings > Apps > ပုလုပ်လိုသော App ကို ရွေးပါ > Storage > Clear Data (သို့) Clear Cache ကို လုပ်ဆောင်ပါ။

Display ၏ တချို့အစိတ်အပိုင်းတွင် အမဲရောင်ဖြစ်ပေါ်လာပါက မည်သို့လုပ်ဆောင်ရမည်နည်း?

Samsung smartphones များကို Samsung ၏ အရည်အသွေးမြင့် စံချိန်စံညွှန်းအတိုင်း ဖြစ်နေစေရန် ခိုင်မာပြီး တင်းကျပ်သော စစ်ဆေးခြင်းများအား မိမိကိုယ်ပိုင် ဌာနတွင်း စစ်ဆေးခြင်း များဖြင့် ရည်အသွေးထိန်းချုပ် ဆောင်ရွက်လျက်ရှိပါသည်။

 

စက်ပစ္စည်းချို့ယွင်းမှုများကို Samsung ၏ စံချိန်စံညွှန်းအား အခြေခံပြီး တိုင်းတာပါသဖြင့် မိမိစက်ပစ္စည်း၏ မည်သည့်ချို့ယွင်းမှုကိုမဆို စစ်ဆေးရန် အနီးစပ်ဆုံး Samsung Service Center သို့ သွားရောက်စစ်ဆေးရန် အကြံပြုလိုပါသည်။

Samsung Galaxy Note9 ရုတ်တရက် စက်ပိတ်သွားပါက မည်သို့လုပ်ဆောင်ရမည်နည်း?

ရုတ်တရက် စက်ပိတ်သွားခြင်းမဖြစ်စေရန် မိမိဖုန်းကို အားအပြည့်ဖြည့်သွင်းထားပြီး ဘက်ထရီအားကုန်သည်အထိ ထားပါ။

 

ထို့နောက် Factory Reset လုပ်ဆောင်ခြင်းဖြင့် ဖြေရှင်းကြည့်ပါ။ ဤသို့လုပ်ဆောင်ပြီးသည် အထိ ရုတ်တရက်ပိတ်ခြင်း ဆက်လက်ဖြစ်နေပါက မိမိ၏ device ကို စစ်ဆေးရန် Samsung Service Center သို့ သွားရောက်ပါ။

Samsung Galaxy Note9

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ