သင့် Galaxy ဖုန်းတွင်စာလုံးအရွယ်အစားနှင့်ပုံစံကိုမည်သို့ချိန်ညှိရမည်နည်း

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 24.10.2021

သင်၏ Galaxy ဖုန်းမှစာလုံးသည် စာဖတ်ရန်သေးငယ်လွန်းပါက သင့်ဖုန်းရှိအရွယ်အစားနှင့်ပုံစံကို ပြောင်းလဲနိုင်သည်။ကူးယူနိုင်သော စာလုံးများဖြင့် ဖန်သားပြင်ကိုပင်စိတ်ကြိုက်ပြုပြင်နိုင်သည်။ သင်၏ ​ဖောင့်ဆက်တင် ကိုပြောင်းလဲရန် အောက်ပါလမ်းညွှန်ကိုဖတ်ပါ။

အောက်ပါအကြံပြုချက်များကို မစမ်းသပ်မီ သင့်ဖုန်း၏ဆော့ဝဲ အပါအဝင် သက်ဆိုင်သောအက်ပ်များကို နောက်ဆုံးဗားရှင်း အပ်ဒိတ်လုပ်ထားပါ။ သင့်မိုဘိုင်းဖုန်းဆော့ဝဲကို အပ်ဒိတ်လုပ်ရန် ဤအဆင့်များကိုလိုက်နာပါ။

အဆင့် ၁။ Settings > Software update သို့သွားပါ။ 

အဆင့် ၂။ Download လုပ်ပြီး Install ကိုနှိပ်ပါ။

အဆင့် ၃။ ညွှန်ကြားချက်များကို လိုက်နာပေးပါ။

သင်၏စာလုံးအရွယ်အစားနှင့်ပုံစံကိုစိတ်ကြိုက်ပြုပြင်ခြင်း

သင့်အတွက် အဆင်ပြေသောစာလုံး​ဖောင့် အရွယ်အစား သို့မဟုတ် ပုံစံကို သင်ရွေးနိုင်သည်။ သင်၏စာလုံး​ဖောင့်ကို သေးငယ်အောင်   ကြီးမားအောင် ထင်ရှားအောင် ပြုလုပ်ပါ။ သင်၏စာလုံး​ဖောင့်အရွယ်အစား သို့မဟုတ် ပုံစံပြောင်းလဲရန်အောက်ပါအဆင့်များကိုလိုက်နာပါ။

အဆင့် ၁။  Settings အက်ပ်ကိုဖွင့်ပါ, ပြီးနောက် Display ကိုရွေးချယ်ပါ။

အဆင့် ၂။ Font size and style  ( စာလုံး​ဖောင့်အရွယ်အစား နှင့်ပုံစံ ) ကိုရွေးပါ။

အဆင့် ၃။ ဤနေရာမှာလိုချင်တဲ့ရွေးချယ်စရာတွေကိုချိန်ညှိနိုင်ပါတယ်။

  • လက်ဝဲသို့မဟုတ်ညာသို့ဆွဲယူခြင်းဖြင့် စာလုံး​ဖောင့်အရွယ်အစား Font size ကိုပြောင်းလဲပါ။
  • စာလုံးကိုပိုမိုထင်ရှာစေရန် Bold font ဘေးရှိ ခလုတ်ကိုနှိပ်ပါ။
  • လက်ရှိဖောင့်ကိုပြောင်းရန် သို့မဟုတ် စာလုံးအသစ်တစ်ခုကို ဒေါင်းလုတ်လုပ်ရန် font style ကိုပုတ်ပါ။
font size and style setting

သင်သည်တူညီသောစာလုံးဟောင်းများကိုငြီးငွေ့နေလျှင် စာလုံးဖောင့်အသစ်တစ်ခုကိုဒေါင်းလုပ်ဆွဲခြင်းဖြင့်အရာရာကိုပြောင်းလဲနိုင်သည်။ အပိုဆောင်းဖောင့်များကို ဒေါင်းလုပ်လုပ်ရန်, အောက်ပါအဆင့်များကိုလိုက်နာပါ။

အဆင့် ၁။ Settings အက်ပ်ကိုဖွင့်ပါ။ ပြီးနောက် Displayကိုရွေးချယ်ပါ။

အဆင့် ၂။ ​ ဖောင့်အရွယ်အစားနှင့်ပုံစံ Font size and style ကိုရွေးပါ။

အဆင့် ၃။ Font style ကိုနှိပ်ပါ။

အဆင့် ၄။ Download fonts ကိုနှိပ်ပါ။

အဆင့် ၅။ Galaxy Store သည်အလိုအလျောက်စတင်လိမ့်မည်။ သင်လိုချင်သောဖောင့်ဘေးရှိ Install အိုင်ကွန်ကိုနှိပ်ပါ။

မှတ်ချက်။

  • သင်၏ဒေတာပလန်ပေါ် မူတည်၍ မိုဘိုင်းကွန်ယက်မှတစ်ဆင့် ဖောင့်များကိုဒေါင်းလုပ်ဆွဲရန် အပိုထပ်ဆောင်းပေးဆောင်ရနိုင်သည်။
  • ကြီးမားသောဒေတာလွှဲပြောင်းမှုများအတွက် Wi-Fi ကိုအသုံးပြု၍ ဒေါင်းလုပ်ဆွဲရန်အကြံပြုသည်။

သင်၏လက်ရှိစာလုံးအရွယ်အစားနှင့်ပုံစံကို  သင်ကြိုက်နှစ်သက်၍ ၎င်းကိုပိုမိုကောင်းမွန်စွာမြင်လိုပါက  ခြားနားမှုနှုန်းမြှင့်ခြင်းကိုပြုလုပ်ကြည့်ပါ။ ၎င်းသည် စာလုံးများအားလုံးကို အနားသတ်လိုင်းဖြည့်စွက်လိုက်သောကြောင့် ဖန်သားပြင်ကိုဆန့်ကျင်ဖော်ပြလိမ့်မည်။ ခြားနားမှုနှုန်းမြှင့်ခြင်းကိုဖွင့်ရန် အောက်ပါအဆင့်များကိုလိုက်နာပါ။

အဆင့် ၁။ Settings အက်ပ်ကိုဖွင့်၍ Accessibility ကိုရွေးချယ်ပါ။

အဆင့် ၂။ Visibility enhancements ကိုရွေးပါ။

အဆင့် ၃။ high contrast fonts ဘေးရှိ ခလုတ်ကိုနှိပ်ပါ။

အဆင့် ၄။ သင်၏သော့ခတ်ဖန်သားပြင်ပေါ်ရှိနာရီအပါအဝင် သင့်ဖုန်းပေါ်ရှိစာသားအားလုံးကို ခြားနားမှုနှုန်းမြင့်​ဖောင့်များအဖြစ်တွေ့မြင်လိမ့်မည်။

မှတ်ချက်။ 

ပြထားသောပုံများနှင့် မီနူးများသည် ဖုန်းမော်ဒယ်နှင့် ဆော့ဖ်ဝဲလ်အက်ပ်ဒိတ်ပေါ်မူတည်ပြီး ကွာခြားသွားနိုင်သည်။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ