Note9 S Pen ကို ဘလူးတုသ်မှတဆင့် ဘယ်လို ချိတ်ဆက်ရမလဲ?

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 18.09.2020

၁၀ မီတာ အကွာအဝေးထိ ရောက်သော ရီမုတ်ကွန်ထရိုး S Pen ကို အသုံးပြုခြင်းဖြင့် Note9 ၏ ကောင်းကျိုးကို အပြည့်ခံစားပါ။

Note9 တွင် ပံ့ပိုးထားသည့် မင်တံသည် ကိရိယာဖြင့် ချိတ်ဆက်နှင့်ပြီးသား ဖြစ်သောကြောင့် ဘလူးတုသ်ချိတ်ဆက်မှုကို ကိုယ်တိုင်စီမံ၍ ပြုလုပ်ရန် မလိုအပ်တော့ပါ။

အခြား S Pen ကို သင့်ကိရိယာဖြင့် ချိတ်ဆက်လိုသည့်ကိစ္စမျိုးတွင်၊ ၎င်းအား ဘလူးတုသ်မှတဆင့် ချိတ်ဆက်ပြီး ၎င်း၏ အသုံးချစွမ်းရည်နှုန်းပြည့်ကို အကျိုးခံစားပါ။

သတိပြုရန်: ဘလူးတုသ် စွမ်းအင်သုံးနှုန်းနည်း (BLE) ကို ပံ့ပိုးပေးသည့် Samsung-အတည်ပြု S Pens ကိုလည်း ချိတ်ဆက်နိုင်ပါသည်။

1 ချိတ်ဆက်မှုစတင်ရန် S Pen ကိုထည့်ပေါက်ထဲထည့်သွင်းပါ။
2 အသိပေးချက်ပန်နယ်ကိုကိရိယာ၏ထိပ်ဘက်မှအောက်ဘက်သို့ပွတ်ဆွဲခြင်းဖြင့်ဖွင့်ပါ။
3 ရွေးစရာများကိုအသိပေးချက်ပန်နယ်ထဲတွင်ချဲ့ထုတ်ပါ။
4 အသိပေးချက်ပန်နယ်ကိုဘယ်ဘက်သို့ဆွဲထုတ်ပါ။
5 S Pen ရီမုတ်နှိပ်ပါ။
Tap the S Pen remote icon
6 ၎င်းကိုသက်ဝင်ခလုတ်ဖွင့်ရန်၎င်းအားထပ်နှိပ်ပါ။

အခြေအနေပြဘားရှိ S Pen အိုင်ကွန်သည်မှိတ်တုတ်မှိတ်တုတ်လင်းလာပြီးချိတ်ဆက်ရန်မိနစ်အနည်းငယ်ကြာနိုင်ပါသည်။

အေျခအေနျပဘားရွိ S Pen

သတိပြုရန်: S Pen ချိတ်ဆက်ထားချိန်မှာ၎င်းကိုကိရိယာမှမဖြုတ်ထုတ်ပါနှင့်။ဖြုတ်ထုတ်ပါကလုပ်ငန်းစဉ်ကိုနှောင့်ယှက်ဖြစ်စေပါမည်။

S Pen ချိတ်ဆက်ပြီးသောအခါ၊အခြေအနေပြဘားရှိ S Pen အိုင်ကွန်ပျောက်သွားပါမည်။

ချိတ်ဆက်ရန်မအောင်မြင်လျှင်သို့မဟုတ်ယခင် S Pen ကိုအသုံးပြုလိုလျှင်၊၎င်းကိုအစပိုင်းအဆင့်များအတိုင်းပြန်ချိတ်ဆက်ပါ။

S Pen ချိတ်ဆက်မှုကိုပြန်သတ်မှတ်ရန်နည်းလမ်းနှစ်မျိုးရှိသည်: 

1 S Pen ရီမုတ်အိုင်ကွန်ကိုကြာကြာနှိပ်ထားပါ။
2 S Pen ရီမုတ်သတ်မှတ်ချက်များဖန်သားပြင်အလိုအလျောက်ဖွင့်လာမည်။
3 “နောက်ထပ်ရွေးစရာများ” အိုင်ကွန်ကိုနှိပ်ပါ။
Tap more in the S Pen remote menu
4

S Pen ပြန်သတ်မှတ်ရန်ကိုနှိပ်ပါ။

Reset S Pen option in the S Pen remote menu

သတ်မှတ်ချက်များမှတဆင့်လည်းဝင်ရောက်နိုင်ပါသည်:

1 သတ်မှတ်ချက်များကိုဖွင့်ပါ။
2 အဆင့်မြင့်အစီအစဉ်များကိုနှိပ်ပါ။
3 S Pen ကိုနှိပ်ပါ။
4 S Pen ရီမုတ်ကိုနှိပ်ပါ။
5 “နောက်ထပ်ရွေးစရာများ” အိုင်ကွန်ကိုနှိပ်ပါ။
Tap more in the S Pen remote menu
6 S Pen ပြန်သတ်မှတ်ရန်ကိုနှိပ်ပါ။
Reset S Pen option in the S Pen remote menu

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ