DeX အသုံးပြု၍ Note9 ကို ဖန်သားပြင်ဖြင့် ဘယ်လို ချိတ်ဆက်ရမလဲ?

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 18.09.2020

Samsung DeX တွင် သင့်မိုဘိုင်းကိရိယာကို TV သို့မဟုတ် မော်နီတာကဲ့သို့ ပြင်ပပြသနေရာတစ်ခုတွင် ချိတ်ဆက်လိုက်ခြင်းဖြင့် သင့်စမတ်ဖုန်းကို ကွန်ပျူတာလိုမျိုး အသုံးပြုနိုင်အောင် ခွင့်ပြုထားသည်။

သတိပြုရန်: တတိယပါတီ အပလီကေးရှင်းများကြောင့် စွမ်းဆောင်ရည်ပြဿနာများနှင့် စက်ချွတ်ယွင်းမှုများကို ရှောင်ရန် Samsung DeX က တရားဝင် ပံ့ပိုးထားသည့် တွဲဖက်ပစ္စည်းများကိုသာ အသုံးပြုပါ။

သင့်စမတ်ဖုန်းကို ပြင်ပပြကွက်နေရာသို့ နည်းလမ်းသုံးမျိုးဖြင့် ချိတ်ဆက်နိုင်ပါသည်။

DeX ကေဘယ်ကြိုးသည် တစ်မူထူးသော ကေဘယ်ကြိုးသုံးနည်းစနစ် ဖြစ်နေခြင်းကြောင့် ၎င်းသည် Note9 ကို ဖန်သားပြင်သို့ ချိတ်ဆက်ရန် အလွယ်ဆုံးနည်း ဖြစ်သည်။

DeX ကေဘယ်ကြိုး
1 ကေဘယ်ကြိုးကို သင်၏ Note9 ဖြင့် ချိတ်ဆက်ပါ။
2 ကေဘယ်ကြိုး၏ အခြားအစွန်းတစ်ဖက်ကို TV သို့မဟုတ် မော်နီတာဖြင့် ချိတ်ဆက်ပါ။

ရွေးခွင့်နှစ်ခု ဖန်သားပြင်တွင် ပေါ်လာပါမည်:

Samsung DeX စတင်ခြင်း: မိုဘိုင်းကိရိယာ၏ ဖန်သားပြင် ပိတ်သွားပြီး ချိတ်ဆက်ထားသည့် TV သို့မဟုတ် မော်နီတာရှိ ဒက်စတော့ပ်အနေအထားတွင် ပေါ်လာပါမည်။ ဖန်သားပြင်တွင် ဖြစ်ပေါ်လာသည့်အရာကို ထိန်းချုပ်ရန် သင့်ကိရိယာကို ခလုတ်ထိန်းပက်အဖြစ် အသုံးပြုပါ။ 

Samsung DeX touchpad

ဖန်သားပြင် နေရာပြောင်းပြခြင်းသို့ ကူးပြောင်းခြင်း: Note9 ရှိ အကြောင်းအရာကို ချိတ်ဆက်ထားသည့် ဖန်သားပြင်တွင် နေရာပြောင်းပြပါမည်။

Samsung DeX screen mirror

HDMI အဒက်တာ သို့မဟုတ် အပေါက်မျိုးစုံသုံး အဒက်တာကို သုံး၍လည်း Note9 ကို ပြင်ပဖန်သားပြင်ဖြင့် ချိတ်ဆက်နိုင်ပါသည်။

USB C အမျိုးအစား - HDMI အဒက်တာ
USB – HDMI ထည့်ပေါက်မျိုးစုံသုံး အဒက်တာ
1 Note9 ကို အဒက်တာဖြင့် ချိတ်ဆက်ပါ။
2 အဒက်တာကို TV သို့မဟုတ် မော်နီတာဖြင့် ချိတ်ဆက်ပါ။

ရွေးခွင့်နှစ်ခု ဖန်သားပြင်တွင် ပေါ်လာပါမည်:

Samsung DeX စတင်ခြင်း: မိုဘိုင်းကိရိယာ၏ ဖန်သားပြင် ပိတ်သွားပြီး ချိတ်ဆက်ထားသည့် TV သို့မဟုတ် မော်နီတာရှိ ဒက်စတော့ပ်အနေအထားတွင် ပေါ်လာပါမည်။ ဖန်သားပြင်တွင် ဖြစ်ပေါ်လာသည့်အရာကို ထိန်းချုပ်ရန် သင့်ကိရိယာ ခလုတ်ထိန်းပက်အဖြစ် အသုံးပြုပါ။ 

Samsung DeX touchpad

ဖန်သားပြင် နေရာပြောင်းပြခြင်းသို့ ကူးပြောင်းခြင်း: Note9 ရှိ အကြောင်းအရာကို ချိတ်ဆက်ထားသည့် ဖန်သားပြင်တွင် နေရာပြောင်းပြပါမည်။

Samsung DeX screen mirror
1 DeX Pad ကို ပါဝါပွိုင့်ဖြင့် ချိတ်ဆက်ပါ။
2 HDMI ကေဘယ်ကြိုး၏ အစွန်းတစ်ဖက်ကို DeX Pad ၏ HDMI အပေါက်ဖြင့် ချိတ်ဆက်ပြီး၊ ကေဘယ်ကြိုး၏ အခြားအစွန်းတစ်ဖက်ကို TV သို့မဟုတ် မော်နီတာ၏ HDMI အပေါက်တွင် တပ်ထည့်ပါ။
HDMI ကေဘယ်ကို DeX Pad ဖြင့် ချိတ်ဆက်ပါ
3 သင့်စမတ်ဖုန်းကို DeX Pad ပေါ်ရှိ မိုဘိုင်းကိရိယာ၏ ချိတ်ဆက်ကိရိယာ (USB C-အမျိုးအစား) ဖြင့် ချိတ်ဆက်ပါ။
မိုဘိုင်းကို DeX Pad ဖြင့် ချိတ်ဆက်ပါ

သတိပြုရန်: သင့်စမတ်ဖုန်းကို ချိတ်ဆက်ကိရိယာသို့ အလျားလိုက် ထိုးထည့်ရန် သေချာအောင်လုပ်ပါ။ သို့မဟုတ်လျှင် DeX Pad နှင့် သင့်စမတ်ဖုန်း ပျက်စီးနိုင်ပါသည်။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ