ကျွန်ုပ်၏GalaxyWatchတွင်စခရင် ရှော့ဓာတ်ပုံကို မည်သို့ရိုက်နိုင်မည်နည်း။

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 29.07.2022

သင်၏ Galaxy Watch သည် သင့်အား စမတ်ဖုန်းဖြင့် အသုံးပြုသကဲ့သို့ အသုံးပြုနိုင်ရန်၊ သိမ်းဆည်းရန်နှင့်စီမံခန့်ခွဲနိုင်ရန်အတွက်စခရင်ရှော့ဓာတ်ပုံများကိုရယူနိုင်စေပါသည်။ဒါကတော့ အလွယ်ကူဆုံး၊ အသုံးအဝင်ဆုံးနည်းလမ်းနဲ့ လုပ်နည်းလေးပါ။

Galaxy Watch ပေါ်တွင် စခရင်ရှော့ဓာတ်ပုံရိုက်နေသည့် လူတစ်ယောက်၏မြင်ကွင်း။

သင်၏ Galaxy Watch တွင် စခရင်ရှော့ဓာတ်ပုံ ရိုက်လိုပါက၊ ဤအဆင့်များကို လိုက်နာပါ။

Home နှင့် Back ခလုတ်များကို မီးမောင်းထိုးပြထားသည့် Galaxy Watch ၏ မြင်ကွင်း။

အဆင့် ၁. သင်၏ Galaxy Watch ရှိ Home နှင့် Back ခလုတ်များကို နှိပ်ပြီး ကိုင်ထားပါ။

ဓါတ်ပုံပြခန်းအိုင်ကွန်ကို မီးမောင်းထိုးပြထားသည့် စခရင် အက်ပ်ကို ကြည့်ပါ။

အဆင့် ၂. သင်စခရင်ရှော့ဓါတ်ပုံရိုက်ပြီးသည်နှင့် သင်၏ ဓါတ်ပုံပြခန်းတွင် ၎င်းကိုကြည့်ရှုနိုင်ပါသည်။ စခရင်ရှော့ဓာတ်ပုံကိုကြည့်ရန် ဓါတ်ပုံပြခန်းအိုင်ကွန် ကိုနှိပ်ပါ။

စခရင်ရှော့ဓာတ်ပုံများအားလုံးကို "Watch" အယ်လ်ဘမ်တွင် သင်၏ Galaxy Watch နှင့် တွဲချိတ်ထားသည့် စက်ကိရိယာ၏ ဓါတ်ပုံပြခန်းတွင် အလိုအလျောက်သိမ်းဆည်းပါသည်။

သင့်စမတ်ဖုန်းရှိ “Watch” အယ်လ်ဘမ်ကို ကြည့်ပါ။

သင်၏Galaxy Watch တွင် မိမိ ရိုက်ထားသော စခရင်ရှော့ ဓာတ်ပုံများသည် သင်တွဲချိတ်ထားသည့် စက်တွင် အလိုအလျောက်ပေါ်မလာပါက၊ အောက်ပါအဆင့်များကို လိုက်နာပါ-

ဓါတ်ပုံပြခန်းအိုင်ကွန်ကို မီးမောင်းထိုးပြထားသည့် စခရင် အက်ပ်ကို ကြည့်ပါ။ ဓါတ်ပုံပြခန်းအိုင်ကွန်ကို မီးမောင်းထိုးပြထားသည့် စခရင် အက်ပ်ကို ကြည့်ပါ။

အဆင့် ၁. သင်၏ Galaxy Watch တွင် ဓါတ်ပုံ ပြခန်းအိုင်ကွန်ကို နှိပ်ပါ။

စီမံခန့်ခွဲမည့် စခရင် ရှော့ဓာတ်ပုံကို ရွေးချယ်ပြီး မီးမောင်းထိုးပြသည့် မြင်ကွင်း။ စီမံခန့်ခွဲမည့် စခရင် ရှော့ဓာတ်ပုံကို ရွေးချယ်ပြီး မီးမောင်းထိုးပြသည့် မြင်ကွင်း။

အဆင့် ၂. သင်စီမံခန့်ခွဲလိုသော စခရင်ရှော့ဓာတ်ပုံကို နှိပ်ပြီး ကိုင်ထားပါ။

ဖုန်းသို့ ကော်ပီ ယူထားသော အိုင်ကွန်ကို မီးမောင်းထိုးပြထားပြီးရွေးချယ်ထားသည့် စခရင်ရှော့ ဓာတ်ပုံကို ကြည့်ပါ။ ဖုန်းသို့ ကော်ပီ ယူထားသော အိုင်ကွန်ကို မီးမောင်းထိုးပြထားပြီးရွေးချယ်ထားသည့် စခရင်ရှော့ ဓာတ်ပုံကို ကြည့်ပါ။

အဆင့် ၃. သင်၏အလိုဆန္ဒရှိသလိုစီမံခန့်ခွဲနိုင်သော သင့်ဖုန်းသို့ ဓါတ်ပုံထည့်နိုင်ရန် ကော်ပီကူးရန် ဖုန်းအိုင်ကွန် ကို နှိပ်ပါ။

ကျေးဇူးပြု၍ သတိပြုပါ- စခရင်ရှော့ ဓာတ်ပုံရိုက်နည်းသည် Galaxy Watch မော်ဒယ်ပေါ်မူတည်၍ ကွဲပြားနိုင်သည်။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ