Galaxy Z Flip3 5G ၏တိုးတက်လာသောအသွင်အပြင်အသစ်များကိုကြည့်ပါ

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 26.09.2021

Galaxy Z Flip3 5G သည် ကမ္ဘာ့ပထမဆုံးဆုံး ရေစိုခံသည့်ဖုန်းဖြစ်သည့်အပြင် ပြောင်းလဲနိုင်သောမျက်နှာပြင်သွက်နှုန်း ၁၂၀ Hz နှင့် ဆန်းသစ်သော ဒိုင်နမစ်စတူရီယိုစပီကာများပါဝင်သော ခေါက်ချိုးနိုင်တဲ့စမတ်ဖုန်းတစ်လုံးဖြစ်ပါသည်။ ထို့ကြောင့် ကော်ဖီဆိုင်တစ်ခုတွင် ကိုယ့်မိတ်ဆွေနှင့်စကားပြောနေရင်း ဖုန်းပေါ်သို့ရေမှောက်ကျသည့်အချိန် သင်စိတ်ပူစရာလုံးဝမလိုပါ။ Galaxy Z Flip3 5G ရဲ့ သစ်လွင်ပြီးဆန်းသစ်လာသော feature များကို ဆက်လက်ဖတ်ရှုပါ။

အောက်ပါအကြံပြုချက်များကို မစမ်းသပ်မီ သင့်ဖုန်း၏ဆော့ဝဲ အပါအဝင် သက်ဆိုင်သောအက်ပ်များကို နောက်ဆုံးဗားရှင်း အပ်ဒိတ်လုပ်ထားပါ။ သင့်မိုဘိုင်းဖုန်းဆော့ဝဲကို အပ်ဒိတ်လုပ်ရန် ဤအဆင့်များကိုလိုက်နာပါ။

အဆင့် ၁။ Settings> Software update သို့သွားပါ။ 

အဆင့် ၂။ Download လုပ်ပြီး Install ကိုနှိပ်ပါ။

အဆင့် ၃။ ညွှန်ကြားချက်များကို လိုက်နာပေးပါ။

Galaxy Z Flip3 5G အတွက် ရေစိုခံနိုင်သော IPX8 ပါဝင်လာခြင်း

လက်ရှိအချိန်ထိ ရေစိုခံနိုင်သော ခေါက်ချိုးဖုန်းဆိုတာမရှိခဲ့ပါဘူး။ Galaxy Z Flip3 5G သည် ရေစိုခံနိုင်သော IPX8 ပါဝင်လာပြီး သန့်စင်သောရေအနက် ၁.၅မီတာတွင် မိနစ်သုံးဆယ်ကြာအောင် စိမ်ထားနိုင်ပါသည်။ သို့သော်လည်း သင့်ဖုန်းရဲ့ ရေစိုခံနိုင်စွမ်းကိုထိန်းသိမ်းရန် သတိကြီးစွာထားရပါမည်။

Galaxy Z Flip3 5G new feature water resistance

ပျက်ဆီးနိုင်ခြေများမှကာကွယ်ရန် အောက်ပါအချက်များကိုသေချာစွာလိုက်နာပါ။

  • သန့်စင်သောရေအနက် ၁.၅မီတာတွင် မိနစ်၃၀ထက်ပိုပြီး နစ်ထားခြင်း မပြုလုပ်ပါနှင့်။
    သန့်စင်သောရေမဟုတ်သည့် အရည်များဖြစ်သော ဆားငံရည်၊ သံသတ္တုရည်၊ ဘီယာအရက်များ တို့တွင်နှစ်မြှုပ်မိလိုက်ပါက အရည်များသည် ဖုန်းထဲသို့လျင်မြန်စွာဝင်ရောက်ကာ ဖုန်းပျက်ဆီးခြင်းအား ဖြစ်ပေါ်စေလိမ့်မည်။
  • လျင်မြန်စွာစီးဆင်းနေသောရေနှင့် ဖုန်းကိုတိုက်ရိုက်မထိတွေ့ပါစေနှင့်။
  • Galaxy Z Flip3 5G သည် ဖုန်ဝင်ခံနိုင်စွမ်းမရှိပါ။ ထို့ကြောင့် သန့်စင်သောရေမဟုတ်သော အရည်များ သို့မဟုတ် သေးငယ်သော အမှုန်အမွှားများ (ပြင်ပအရာဝတ္တုများ) သည် အစင်းရာများ၊ပွန်းပဲ့မှုများကဲ့သို့ ပျက်ဆီးမှုများဖြစ်စေလိမ့်မည်။ ဖုန်၊ရေနှင့် အစိုဓာတ် အစရှိသည့် ပြင်ပအရာဝတ္တုများရှိသည့် ပတ်ဝန်းကျင်တွင် ဖုန်းကိုအသုံးပြုခြင်းမှ ရှောင်ဖို့ အကြံပေးချင်ပါသည်။
  • ဖုန်းကိုသန့်စင်သောရေဖြင့်ထိတွေ့ပြီးသောအခါ သန့်ရှင်းခြောက်သွေ့သောအဝတ်စဖြင့် နှံ့စပ်အောင်သုတ်ပါ။ တခြားသောအရည်များဖြစ်သည့် ဆားငံရည်၊ ရေချိုးကန်ရေ၊ ဆပ်ပြာရည်၊ ဆီ၊ ရေမွှေး၊ ရေလောင်ခံဆီ၊ လက်သန့်ဆေး၊ သို့မဟုတ် အလှကုန်ပစ္စည်းများဖြစ်သော ဓာတုပစ္စည်းများဖြင့် ထိတွေ့ပြီးသောအခါ ရေသန့်ဖြင့် ပြန်လည်ဆေးကြာပြီး သန့်ရှင်းခြောက်သွေ့သော အဝတ်စဖြင့်သုတ်ပါ။ ထိုလမ်းညွှန်ချက်များအား မလိုက်နာလျှင် စက်ရဲ့လုပ်ဆောင်နိုင်စွမ်းနှင့် သွင်ပြင်တို့ကို ထိခိုက်စေနိုင်သည်။
water resistance
  • ဖုန်းကိုရေထဲနှစ်မြှုပ်ပြီးသည့်နောက်ပိုင်းတွင် မိုက်ခရိုဖုန်း သို့မဟုတ် စပီကာရေစိုနေသောအခါ ဖုန်းပြောရင်း အသံသေချာစွာမကြားရတာမျိုးဖြစ်နိုင်သည်။ ဖုန်းအား သန့်ရှင်းခြောက်သွေ့သောအဝတ်စဖြင့် အသုံးမပြုခင်မှာ သုတ်ပြီး အခြောက်ခံပေးပါ။
  • ရေထဲမှာအသုံးပြုသောအခါ ဖုန်းမျက်နှာပြင်နှင့် တချို့သော Feature များ ကောင်းစွာအလုပ်မလုပ်တာမျိုးရှိနိုင်သည်။
  • ဖုန်းကိုပြုတ်ကျတာမျိုး ထိခိုက်မိတာမျိုးရှိသောအခါ ရေစိုခံနိုင်စွမ်းသည် ပျက်ဆီးသွားတာမျိုးရှိနိုင်သည်။

 

မှတ်ချက်။ IPX8 ရဲ့စမ်းသပ်ချက်များသည် ထိန်းသိမ်းထားသော ပတ်ဝန်းကျင်နှင့် ရေစိုခံနိုင်သောအခြေအနေမျိုးများတွင်သာ အခြေခံထားသည်။ (သန့်စင်သောရေအနက် ၁.၅မီတာတွင် မိနစ်သုံးဆယ်ကြာအောင် ရေစိမ်ခံနိုင်သည်။) ထိုသို့ကြေညာထားသော်လည်း တချို့သောအခြေအနေမျိုးတွင် ပျက်ဆီးတာမျိုးရှိနိုင်ပါသေးသည်။

ပိုမိုစွမ်းဆောင်နိုင်သော ခေါက်ချိုးနိုင်သည့်မျက်နှာပြင်အား ခံစားလိုက်ပါ။

အရင် Galaxy ZFlip တုန်းကလို ၆၀ Hz မျက်နှာပြင်နှင့် နှိုင်းယှဥ်လိုက်သောအခါ ပြောင်းလဲနိုင်သောမျက်နှာပြင်သွက်နှုန်း ၁၂၀ Hz သည် ခေတ်ဆန်သောအရာတစ်ခုဖြစ်သွားသည်။ Galaxy Z Flip3 5G မျက်နှာပြင်တစ်ခုနှင့်တစ်ခု အပြောင်းအလဲလုပ်ရာတွင် ပိုမိုလျင်မြန်လာပြီး ချောမွေ့သောအထိအတွေ့ကိုပေးစွမ်းနိုင်ပါလိမ့်မည်။အသုံးပြုနေသည့်အရာပေါ်လိုက်ပြီး အလိုအလျောက်ပြောင်းလဲပေးသည့် မျက်နှာပြင်ချောမွေ့နှုန်းကြောင့် ကြာရှည်စွာအသုံးပြုသူများအတွက် ဘတ်ထရီကုန်နှုန်းကိုလျှော့ချပေးနိုင်ပါလိမ့်မည်။

Galaxy Z Flip3 5G new feature amoled

ပုံမှန် သို့မဟုတ် အလိုအလျောက်ပြန်လည်ဆန်းသစ်မှုစနစ်ကိုရွေးချယ်နိုင်သည်။ အလိုအလျောက်စနစ်ကိုရွေးချယ်ထားလျှင် ပိုမိုသွက်လက်သော ရုပ်ထွက်များကို ဖုန်းမျက်နှာပြင်အား ပွတ်ဆွဲသွားရုံဖြင့် မျက်နှာပြင်သွက်နှုန်း၁၂၀Hz ထိအလိုအလျောက် ချိန်ညှိပေးသွားပါလိမ့်မည်။ အလိုအလျောက်ပြောင်းလဲပေးသော စနစ်အား ရွေးချယ်ရန် အောက်ပါ နည်းလမ်းများကိုလုပ်ဆောင်ပါ။

အဆင့် ၁။ Settings ကိုဖွင့်ပါ၊ ထို့နောက် Display ကိုနှိပ်ပါ။

အဆင့် ၂။ Motion smoothness ကိုနှိပ်ပါ။

အဆင့် ၃။ Adaptive refresh rate ကိုရွေးပါ။

Galaxy Z Flip3 5G new feature adaptive step

Dolby Atmos ဖြင့်လက်တွေ့ကျသောအသံကိုခံစားပါ

ယခု Galaxy Z Flip3 5G တွင် Dolby Atmos ပါ၀င်ပြီး စတီရီယိုစပီကာများနှင့်အတူ ပတ်လည်ကြားရသောအသံကိုပေးသည်။ အဆင့်မြှင့်ထားသော Galaxy Z Flip3 5G ၏ High-Dynamic Stereo Speakers သည် ပိုမို၍ ကျယ်လောင်သောအသံကိုခံစားစေပါသည်။ ယခင် Galaxy Z Flip သည် Dolby Atmos ကိုသုံးရန် နားကြပ်များလိုအပ်သည်၊ သို့သော် Galaxy Z Flip3 5G သည်နားကြပ်ချိတ်စရာမလိုပဲ Dolby Atmos ကိုထောက်ပံ့သည်။

Galaxy Z Flip3 5G new feature dolby atmos

Dolby Atmos ကိုဖွင့်ရန်အောက်ပါအဆင့်များကိုလိုက်နာပါ။

အဆင့် ၁။ Settings ကိုဖွင့်ပါ၊ ထို့နောက်  Sound and vibration ကိုဝင်ပါ။

အဆင့် ၂။ Sound quality and effects ကိုရွေးပါ။

အဆင့် ၃။ Dolby Atmos ကိုဖွင့်ရန်ခလုတ်ကိုနှိပ်ပါ။

Galaxy Z Flip3 5G new feature dolby atmos settings

မှတ်ချက်။

  • ပြထားသောပုံများနှင့် မီနူးများသည် ဖုန်းမော်ဒယ်နှင့် ဆော့ဖ်ဝဲဗားရှင်းတို့အပေါ်မူတည်ပြီး ပြောင်းလဲနိုင်သည်။
  • ဖုန်းကိုခေါက်ထားသည့်အချိန် လက်ဖြင့်အုပ်ထားလျှင် ရေဒီယိုလှိုင်းများကို ကြားဖြတ်နှောင့်ယှက်နိုင်ပြီး ဘလူးတုချ်၊ ဝိုင်ဖိုင်၊ နှင့် အခြားသောကွန်ယက်များသည် ကောင်းမွန်သောချိတ်ဆက်မှုမရရှိနိုင်ပါ။

Galaxy ခေါက်ဖုန်းများကို မည်သို့ဂရုစိုက်ထိန်းသိမ်းရမည့်အ​ကြောင်း Samsung ၏ပံ့ပိုးမှုဖြင့်  ‘Precautions when using the Galaxy foldable devices’ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ