သင့် Samsung Galaxy Watch အတွက် LTE ဝန်ဆောင်မှု အသက်သွင်းခြင်း

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 20.01.2023

Samsung တွင် Bluetooth နှင့် LTE တွဲဖက်သုံးနိုင်သည့် စမတ်နာရီများရှိပါသည်။ LTE ဗားရှင်းသည် ဖုန်းနှင့်ချိတ်ဆက်ထားစရာမလိုဘဲ ဖုန်းခေါ်ဆိုမှုနှင့် မက်ဆေ့ချ်များကို လက်ခံနိုင်ပါသည်။ သို့ရာတွင် ပထမဦးစွာ သင့်မိုဘိုင်းဖုန်းနှင့် တူညီသော ဝန်ဆောင်မှုပေးသူမှတစ်ဆင့်  သင့်နာရီအတွက် ဝန်ဆောင်မှုကို အသက်သွင်းရန် လိုအပ်ပါလိမ့်မည်။

Galaxy Watch

မှတ်ချက် - သင်သည် Android လုပ်ဆောင်မှုစနစ် ၅.၀ သို့မဟုတ် နောက်ပိုင်းထွက်ရှိပြီး RAM 1.5GB အထက်ရှိသည့် ဖုန်းအား အသုံးပြုနေမှသာ မိုဘိုင်းကွန်ရက်ကို အသက်သွင်းနိုင်မည်ဖြစ်သည်။ သင်သည် Wi-Fi သို့မဟုတ် မိုဘိုင်းကွန်ယက်တခုခုသို့ ချိတ်ဆက်ထားရပါမည်။ ဝန်ဆောင်မှုပေးသူပေါ်မူတည်၍ အစီအစဉ်နှင့် ချိတ်ဆက်မှုနည်းလမ်းများ ကွဲပြားနိုင်ပါသည်။ အဆိုပါလမ်းညွှန်ချက်များသည် LTE ဗားရှင်းပါသည့် Samsung စမတ်နာရီများတွင်သာ အကျုံးဝင်ပါသည်။

သင်သည် ဖုန်းနှင့် နာရီကို ပထမဆုံးအကြိမ်ချိတ်ဆက်ခြင်းဖြစ်ပါက နာရီပေါ်တွင် သင့်ဝန်ဆောင်မှုပေးသူ၏ဝန်ဆောင်မှုကို အသက်သွင်းရန် အကူအညီပေးစာများကို တွေ့ရပါလိမ့်မည်။ သင်လုပ်ဆောင်ပြီးသည်နှင့်တပြိုင်နက် အသက်သွင်းခြင်းလုပ်ငန်းစဉ်ကို အပြီးသတ်ရန်လိုပါလိမ့်မည်။

မှတ်ချက် - ဝန်ဆောင်မှုအသက်သွင်းရန် သင့်ဖုန်းနှင့် နာရီအား ချိတ်ဆက်ရမည်ဖြစ်သည်။

၁. သင့်ဖုန်းမှနေ၍ Galaxy Wearable အက်ပ် ရှိရာသို့သွားဖွင့်ပြီး နာရီ သတ်မှတ်ချက်များ ကိုနှိပ်ပါ။

၂. မိုဘိုင်းပလန်များ ကိုနှိပ်ပါက အက်ပ်သည် ကိုက်ညီသည့် LTE ကွန်ရက်တခုကို စတင်ရှာဖွေမည်ဖြစ်သည်။

၃. ထို့နောက် အကူအညီပေးစာများအတိုင်းလုပ်ဆောင်၍ အသက်သွင်းမှုကို အဆုံးသတ်ပါ။ သင့်ဖုန်းတွင် SIM ကဒ် ထည့်သွင်းထားရန် လိုပါသည်။

Galaxy Wearable အက်ပ်တွင် ထင်ရှားအောင်ပြထားသည့် မိုဘိုင်းပလန်များ။

နာရီကို ဖုန်းမပါဘဲ သတ်မှတ်အသုံးပြုပါက သင်သည် နာရီကိုသုံး၍လည်း နာရီအတွက် ဝန်ဆောင်မှုအသက်သွင်းနိုင်ပါသေးသည်။။

သင့်နာရီအတွက် ဝန်ဆောင်မှုအသက်သွင်းမရခြင်း သို့မဟုတ် နာရီအားပြန်လည်ပြင်ဆင်ပြီး သင့်ဝန်ဆောင်မှုပေးသူကွန်ရက် သို့ မချိတ်ဆက်တော့ပါက သင့်အနေဖြင့် နာရီ၏ မတူသည့်ခွဲခြမ်းမှုနံပါတ်(EID ၊ IMEI သို့မဟုတ် ICCID)နံပါတ်တို့ကို ပေး၍ ၎င်းတို့ထံဆက်သွယ်ပြီး သင့်တွင် မှန်ကန်သည့်ဝန်ဆောင်မှုအစီအစဉ်ရှိကြောင်း အတည်ပြုပေးရန်လိုပါလိမ့်မည်။

၁. နာရီပေါ်ရှိ EID ၊ IMEI သို့မဟုတ် ICCID နံပါတ်တို့ကိုရှာဖွေရန် နာရီရှိ သတ်မှတ်ချက်များ ကို ရှာ၍ဖွင့်ပါ။

၂. နာရီအကြောင်း သို့သွား၍ အခြေအနေအချက်အလက်ကိုနှိပ်ပါ။

၃. EID ၊ IMEI သို့မဟုတ် ICCID တို့ကို ပြထားပါလိမ့်မည်။

Samsung Galaxy Watch အခြေအနေအချက်အလက်

အဆိုပါနံပါတ်များကို Galaxy Wearable အက်ပ်တွင်လည်း ကြည့်ရှုနိုင်ပါသည်။ အက်ပ်ကိုဖွင့်၍ နာရီသတ်မှတ်ချက်များ ကိုနှိပ်ပါ။ ထို့နောက် နာရီအကြောင်း ကိုနှိပ်၍ အခြေအနေအချက်အလက် ကိုနှိပ်ပါ။ အဆိုပါနေရာတွင် EID ၊ IMEI သို့မဟုတ် ICCID နံပါတ်များကို တွေ့နိုင်ပါပြီ။

မှတ်ချက် : မော်ဒယ် သို့မဟုတ် အသက်သွင်းမှုအခြေအနေပေါ် မူတည်၍ သင့်နာရီတွင် EID သို့မဟုတ် ICCID နံပါတ် မပြခြင်းမျိုး ဖြစ်နိုင်ပါသည်။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ