Galaxy ပြင်ဆင်ထိန်းသိမ်းခြင်းအစီအမံ

Galaxy ပြင်ဆင်ထိန်းသိမ်းခြင်း အစီအမံ ကို

ပြင်ဆင်ထိန်းသိမ်းခြင်းအစီအမံသည် အခြားသူတစ်ယောက်က သင်၏ဖုန်းကိုပြင်ဆင်နေချိန် (ဥပမာ ဖုန်းပြင်ရန်ဆိုင်သို့ပို့ဆောင်ထားစဉ်) တွင် သင်၏ကိုယ်ရေးကိုယ်တာလုံခြုံရေးကို ကာကွယ်ပေးပါသည်။ ၎င်းကိုယ်ရေးကိုယ်တာလုံခြုံရေးစနစ်အသစ်သည် သင့်ထံတွင်သင့်ဖုန်းမရှိစဉ်ကာလအတွင်း သင့်အချက်အလက်များကို ဝင်ရောက်ကြည့်ရှုခြင်းမပြုနိုင်စေရန် ပိတ်ပင်ထားခြင်းကြောင့် သင်အပြည့်အဝစိတ်ချထားနိုင်ပါသည်။ ပြင်ဆင်ထိန်းသိမ်းခြင်းအစီအမံအတွင်း၌ ဓါတ်ပုံများ၊ စာတိုများ၊ အကောင့်များအပါအဝင်သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များကို ဝင်ရောက်ကြည့်ရှုနိုင်မည်မဟုတ်ဘဲ ကြိုတင်သွင်းထားသည့် အက်(ပ်)များကိုသာ တွေ့နိုင်မည်ဖြစ်ပါသည်။ ပြင်ဆင်ထိန်းသိမ်းခြင်းအစီအမံကိုပိတ်ရန်အတွက် သင့်ဖုန်းကိုဖွင့်ရန်လိုအပ်မည်ဖြစ်ပါသည်။

ပြင်ဆင်ထိန်းသိမ်းခြင်းအစီအမံကို လုပ်ဆောင်နေစဉ်တွင် ကြိုတင်ခွင့်ပြုထားသော အက်(ပ)များကိုသာ အသုံးပြုနိုင်မည်ဖြစ်ပါသည်။ ပြင်ဆင်ထိန်းသိမ်းခြင်းအစီအမံကို လုပ်ဆောင်နေစဉ်အတောအတွင်း ဒေါင်းလုဒ်လုပ်ထားသော အက်(ပ)များကို အသုံးပြုနိုင်မည်ဖြစ်သောလည်း ပြင်ဆင်ထိန်းသိမ်းခြင်းအစီအမံကို ပိတ်လိုက်သည်နှင့်တပြိုင်နက် ၎င်းအက်(ပ)များကိုလည်း အလိုအလျောက် ဖျက်ပစ်လိုက်မည်ဖြစ်ပါသည်။

ဖုန်းတစ်လုံးကို ဖုန်းတစ်လုံးကို

ကျေးဇူးပြု၍မှတ်သားပါ -

  • Galaxy ပြင်ဆင်ထိန်းသိမ်းခြင်းအစီအမံကို စတင်ဖွင့်အတွက် စခရင်အပိတ်လျို့ဝှက်နံပါတ် သို့မဟုတ်လျို့ဝှက်စကားလုံးလိုအပ်ပါသည်။ ၎င်းကိုမဖွင့်နိုင်ပါက galaxy ပြင်ဆင်ထိန်းသိမ်းခြင်းအစီအမံကို မဖွင့်နိုင်မီတွင် စခရင်အပိတ်လျို့ဝှက်နံပါတ် သို့မဟုတ်လျို့ဝှက်စကားလုံးကို ဖန်တီးရန် သင့်ကိုအသိပေးပါလိမ့်မည်။ Galaxy ပြင်ဆင်ထိန်းသိမ်းခြင်းအစီအမံကို ပိတ်ရန်အတွက် သင့်ဖုန်းကိုဖွင့်ရန် ၎င်းလျို့ဝှက်နံပါတ် သို့မဟုတ်လျို့ဝှက်စကားလုံးကို သင်လိုအပ်မည်ဖြစ်ပါသည်။ 
  • Android 13 သို့မဟုတ် ၎င်းထက်မြင့်သောဗားရှင်းကို အသုံးပြုထားသော Galaxy ဖုန်းများတွင် ပြုပြင်ထိန်းသိမ်းခြင်းစနစ်ကို အထောက်အပံ့ပေးထားမည်ဖြစ်ပါသည်။

မည်သို့ ပြင်ဆင်ထိန်းသိမ်းခြင်း အစီအမံ ကိုထည့်သွင်းရမည်နည်း

မည်သို့ ပြင်ဆင်ထိန်းသိမ်းခြင်း အစီအမံ ကိုထည့်သွင်းရမည်နည်း

ကျေးဇူးပြု၍မှတ်သားပါ။ ပြုပြင်ထိန်းသိမ်းခြင်းအစီအမံ စတင်သည်နှင့်တပြိုင်နက် သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များကို ကြည့်ရှုနိုင်တော့မည်မဟုတ်ဘဲ ကြိုတင်သွင်းထားသော အက်(ပ်)များကိုသာ အသုံးပြုနိုင်မည်ဖြစ်ပါသည်။

မည်သို့ ပြုပြင်ထိန်းသိမ်းခြင်း အစီအမံကိုထည့်သွင်းရမည်နည်း

မည်သို့ ပြုပြင်ထိန်းသိမ်းခြင်း အစီအမံကိုထည့်သွင်းရမည်နည်း

သတိပြုပါ-

  • သင်သည် သတ်မှတ်ချက်များ > ကိရိယာ ထိန်းသိမ်းစောင့်ရှောက်မှု > ပြုပြင်ထိန်းသိမ်းရေး အနေအထား သို့ သွားခြင်းဖြင့်လည်း ပြုပြင်ထိန်းသိမ်းမှု အနေအထားမှ ထွက်နိုင်သည်။