ထိန်းချုပ်ခုံရှိ ခလုတ်များ ကောင်းစွာအလုပ်မလုပ်ပါက ဘာလုပ်သင့်ပါသလဲ။

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 09.10.2020

ဘေးကင်းရေး အကြောင်းပြချက်များအတွက် Samsung အဝတ်လျှော်စက်များတွင် တံခါးနှင့် ခလုတ်များကို ပိတ်ထားရန်အတွက် Child lock လုပ်ဆောင်ချက်တစ်ခု ပါရှိပါသည်။ အောက်တွင်ပေးထားသော လမ်းညွှန်ချက်များသည် ဒိုင်ခွက်နှင့် ခလုတ်ပြဿနာများကို ဖြေရှင်းရာတွင် အကူအညီ ဖြစ်စေပါမည်။

ထိန်းချုပ်ခုံဒိုင်ခွက်ကို စစ်ဆေးပါ

အခြေခံအားဖြင့် အဝတ်လျှော်စက်ကို စတင်လည်ပတ်စေသည်နှင့် မည်သည့်ရွေးချယ်မှုကိုမျှ ပြောင်းလဲရန် မဖြစ်နိုင်ပါ။ ရွေးချယ်မှုများကို ပြောင်းလဲရန်လိုအပ်ပါက Power/Pause ခလုတ်ကိုနှိပ်ခြင်းဖြင့် ရပ်တန့်စေပြီးနောက် ရွေးချယ်မှုများကို ပြန်လည်သတ်မှတ်ပါ။

 

ခလုတ်ပေါ်တွင် မည်သည့်ပြင်ပအရာများ သို့မဟုတ် ရေငွေ့တို့ရှိပါက ခလုတ်အနေဖြင့် နှိပ်လိုက်ခြင်းကို သိရှိရန် မလွယ်ကူပါ။ ယင်းအပြင် child lock လုပ်ဆောင်မှုကို ဖွင့်ထားပါက power ခလုတ်မှလွဲ၍ အခြားခလုတ်များအားလုံး အလုပ်လုပ်မည် မဟုတ်ပါ။ ထို့အပြင် ပါဝါကို အပိတ်အဖွင့် ပြန်လုပ်ပြီးနောက်တွင် ဤလုပ်ဆောင်ချက်သည် ဆက်ပွင့်နေမည် ဖြစ်ပါသည်။ 

 

မှတ်ချက် - 

  • ထိန်းချုပ်ခုံ၏ အမှန်တကယ် ဒီဇိုင်းသည် သင့်မော်ဒယ်အလိုက် ကွဲပြားခြင်း ရှိနိုင်ပါသည်။
  • ဤပုံသည် အင်္ဂလိပ်ဘာသာဖြင့် နမူနာပြထားခြင်းသာဖြစ်ပါသည်။ သင့်နိုင်ငံသုံး ဘာသာစကားဖြင့်လည်း ရရှိနိုင်ပါသည်။

 

  •   စက်ကို ပလပ်ထိုးထားကြောင်းနှင့် ထိန်းချုပ်ခုံပေါ်ရှိ ဒိုင်ခွက်တွင် မီးလင်းနေကြောင်း သေချာအောင်စစ်ပါ။
  •   ထိန်းချုပ်ခုံကို စစ်ဆေးကာ ခလုတ်များပေါ်တွင် ပြင်ပအရာတစ်ခုခု သို့မဟုတ် ရေငွေ့တို့ရှိပါက လုံးဝဖယ်ရှားလိုက်ပါ။

 

ဒိုင်ခွက်အား စစ်ဆေးပုံ
အဆင့် ၁။ အဝတ်လျှော်စက်ကို ပလပ်ဖြုတ်ကာ မိနစ်အနည်းငယ်ထားပါ။
အဆင့် ၂။ ပလပ်ကိုပြန်တပ်ပြီးနောက် ပါဝါခလုတ်ကိုနှိပ်ပါ။
အဆင့် ၃။ မည်သည့်ခလုတ်ကိုမဆို တစ်ကြိမ်နှိပ်ပါ။ တုံ့ပြန်မှုရှိပါက ဖော်ပြလာသော မည်သည့် သတင်းအချက်အလက်ကုဒ်ကိုမဆို ကြည့်ပါ။ မတုံ့ပြန်ပါက အဆင့် ၁ နှင့် ၂ ကို ပြန်လုပ်ပါ။
အဆင့် ၄။ Program ခလုတ်ကို ၃ စက္ကန့်ကြာအောင် သို့မဟုတ် မီးများ မှိတ်တုတ်မှိတ်တုတ် မဖြစ်တော့သည်အထိ နှိပ်ထားပါ။

Child Lock လုပ်ဆောင်မှုကို ဖွင့်လိုက်သည်နှင့် ပါဝါကိုပိတ်လိုက်လျှင်ပင် ယင်းသည် ဆက်လက်သက်ဝင်နေပါသည်။ ထို့ကြောင့် အဝတ်လျှော်မှုကို စတင်ရန်အတွက် ယင်းကို ပိတ်ထားကြောင်း သို့မဟုတ် လုပ်ဆောင်မှုကို ပယ်ဖျက်ထားကြောင်း သေချာစေရန် လိုအပ်ပါသည်။ Child Lock လုပ်ဆောင်မှုကို ဖွင့်ထားပါက Child lock အညွှန်းသည် မှိတ်တုတ်မှိတ်တုတ် ဖြစ်နေမည်ဖြစ်ကာ ဒိုင်ခွက်ပေါ်တွင် သတင်းအချက်အလက်ကုဒ် (CL, dC) ကို ပြပါမည်။ 

 

Child Lock အား ပိတ်ထားပုံ (မော်ဒယ်အလိုက် ကွဲပြားပါသည်)

 

ရှေ့ဖွင့်

  • (လုပ်ဆောင်မှုကို ယာယီဖွင့်ထားသော) Child Lock ကို ပိတ်ထားရန်အတွက် - (A) နှင့် (B) ကို ၃ စက္ကန့်ကြာအောင် ပြိုင်တူဖိနှိပ်ထားပါ။ 
  • Child Lock ကို ပယ်ဖျက်ရန်အတွက် - ပိတ်ထားရန် (A) နှင့် (B) ကို ၃ စက္ကန့်ကြာအောင် ပြိုင်တူဖိနှိပ်ထားပြီးနောက် ခလုတ်များကို ၃ စက္ကန့်ကြာအောင် ထပ်မံဖိနှိပ်ထားပါ။ တံခါးပွင့်သွားကာ Child Lock အညွှန်း လုံးဝပိတ်သွားပါမည်။ 

မှတ်ချက် -

  • ထိန်းချုပ်ခုံ၏ အမှန်တကယ် ဒီဇိုင်းသည် သင့်မော်ဒယ်အလိုက် ကွဲပြားခြင်း ရှိနိုင်ပါသည်။
  • ဤပုံသည် အင်္ဂလိပ်ဘာသာဖြင့် နမူနာပြထားခြင်းသာဖြစ်ပါသည်။ သင့်နိုင်ငံသုံး ဘာသာစကားဖြင့်လည်း ရရှိနိုင်ပါသည်။

အပေါ်ဖွင့်

  • Child Lock ကို ပယ်ဖျက်ရန်အတွက် - (A) နှင့် (B) ခလုတ်ကို ၃ စက္ကန့်ခန့်ကြာအောင် ပြိုင်တူဖိနှိပ်ထားပါ။

 

Child lock ကို ဖွင့်ထားစဉ်တွင် ခလုတ်များကို ထိန်းချုပ်ခြင်းအတွက် အကြံပြုချက်များ (အပေါ်ဖွင့်အတွက်သာ)

  • တံခါးကို ပိတ်ထားလျက်နှင့်ပင် ထိန်းချုပ်ခုံကို လိုသလို ပြင်ဆင်နိုင်ပါသေးသည်။ သင်တံခါးကိုဖွင့်လိုက်ကာ အချက်ပေးသံနှင့်အတူ သတင်းအချက်အလက် ကုဒ်တစ်ခု (CL, dC) ပေါ်လာပါက ရေမွန်းခြင်း ကဲ့သို့သော ကလေးသူငယ် သို့မဟုတ် ကလေးမတော်တဆဖြစ်မှုကို ကာကွယ်ရန်အတွက် စက္ကန့် ၃၀ ကြာပြီးနောက်တွင် စက်သည် ရေကိုဖွင့်ချပါမည်။
  • ရေထည့်သွင်းမှု ပြီးစီးမှသာ Child Lock သည် သက်ဝင်လာမည် ဖြစ်ပါသည်။
  • ကန်ထဲတွင်ရေရှိနေပြီး စက္ကန့် ၃၀ ကြာအောင် တံခါးကို ဖွင့်ထားခဲ့ပါက စက်သည် CL ကုဒ်နှင့်အတူ ရေကိုဖွင့်ချလိုက်မည်ဖြစ်ပြီး ရပ်တန့်၍ မရနိုင်ပါ။ 
  • ကန်ထဲသို့ ဆပ်ပြာ သို့မဟုတ် အဝတ်များ ထည့်ရန် သို့မဟုတ် လည်ပတ်မှုဆက်တင်ကို ပြောင်းလဲရန်အတွက် Child Lock ကို သင်ဦးစွာ ပိတ်ထားရပါမည်။ 

မှတ်ချက် -

  • Child Lock ကိုဖွင့်ထားပြီး တံခါးဖွင့်ထားပါက ရေမွန်းခြင်းကဲ့သို့သော မတော်တဆမှုများကို ကာကွယ်ရန်အတွက် စက်သည် မဖြစ်မနေ ရေဖွင့်ချခြင်းကို စတင်ပြုလုပ်ပါမည်။
  • ထိန်းချုပ်ခုံ၏ အမှန်တကယ် ဒီဇိုင်းသည် သင့်မော်ဒယ်အလိုက် ကွဲပြားခြင်း ရှိနိုင်ပါသည်။
  • ဤပုံသည် အင်္ဂလိပ်ဘာသာဖြင့် နမူနာပြထားခြင်းသာဖြစ်ပါသည်။ သင့်နိုင်ငံသုံး ဘာသာစကားဖြင့်လည်း ရရှိနိုင်ပါသည်။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ