ရေခဲသေတ္တာကောင်းစွာအလုပ်မလုပ်ပါက ဘာလုပ်ရမလဲ။

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 25.09.2020

သင့်ရေခဲသေတ္တာ ကောင်းစွာအလုပ်မလုပ်ပါက ပါဝါပေးသည့်နေရာကို စစ်ဆေးရန်အကြံပြုပါသည်။ ပါဝါစနစ်တွင် ပြဿနာမရှိဘဲ သင့်ရေခဲသေတ္တာတွင် ပြဿနာရှိနေပါက အောက်ဖော်ပြပါ ပြဿနာအဖြေရှာနည်းအကြံပြုချက်များကို လိုက်ပါလုပ်ဆောင်ပါ။

သင့်အိမ်တွင်လုပ်နိုင်သည့်အရာမျာကိုလုပ်ဆောင်ပြီး သော်လည်း ပြဿနာမပြေလည်သေးပါက ဝယ်ယူသူဝန်ဆောင်မှုစင်တာကို ဆက်သွယ်ရန်အကြံပြုပါသည်။

တပ်ဆင်ထားသည့်နေရာကိုစစ်ဆေးပါ။

ထားရှိရန်လုံလောက်သောနေရာတွင် ရေခဲသေတ္တာကိုထားရှိသင့်ပါသည်။ ဘေးတစ်ဖက်ဆီနှင့် နောက်ကျောကို အနည်းဆုံး ၁၀ စင်တီမီတာခွာ၍ မျက်နှာကြက်နှင့် ၅ စီတီမီတာခန့်ခွာထားသင့်ပါသည်။ အပူထုတ်လွှတ်နိုင်သောနေရာတွင် ရေခဲသေတ္တာကိုထားရှိရပါမည်။ ရေခဲသေတ္တာကို ပစ္စည်းများဖြင့်ပိတ်ထားမိပါက ကောင်းမွန်စွာအလုပ်မလုပ်နိုင်အောင် တားဆီးနိုင်ပါသည်။

ထားရှိရန်လုံလောက်သောနေရာတွင် ရေခဲသေတ္တာကိုထားရှိသင့်ပါသည်။

ရေခဲသေတ္တာ ​ရေချိန်ညီမညီ စစ်ဆေးပါ။

၃၀ နှင့် ၄၀ စင်တီမီတာခန့် ရေခဲသေတ္တာကိုဖွင့်ပြီး လွှတ်ကြည့်ပါ။ အလိုအလျှောက်ပြန်ပိတ်သွားရမည်ဖြစ်ပြီး မပိတ်ပါက ရေခဲသေတ္တာအောက်ခြေအရှေ့ဘက်ရှိ ထိန်းညှိနိုင်သည့် စကူများကို စစ်ဆေးရန်လိုအပ်ပါသည်။

ရေခဲသေတ္တာရေချိန်ညီမညီကိုလည်း စစ်ဆေးပါ။ မှန်ကန်စွာချိန်ညှိမထားပါက ရေခဲသေတ္တာကို ကောင်းစွာအလုပ်မလုပ်နိုင်အောင် တားဆီးနိုင်ပါသည်။

ရေခဲသေတ္တာရေချိန်ညီမညီ စစ်ဆေးပုံ။

ရေခဲသေတ္တာနောက်ခြမ်းကို သန့်ရှင်းစွာထားပါ။

ရေခဲသေတ္တာနောက်ကျောကို တစ်နှစ်လျှင် တစ်ကြိမ် သို့မဟုတ် ၂ ကြိမ်ခန့် ဖုန်စုပ်စက်ကိုသုံး၍ သန့်ရှင်းပေးရန် အကြံပြုပါသည်။ အပူထုတ်လွှင့်မှုမဖြစ်စေရန်အတွက် မော်တာရှိရာနေရာကို ဖုန်များရှင်းလင်းစွာ ထားရှိရန်အရေးကြီးပါသည်။ ရေခဲသေတ္တာနောက်ကျောတွင် ဖုန်ကပ်ငြိခြင်းကြောင့် ဖြစ်လာနိုင်သည့်ပြဿနာများမှာ ဥပမာအားဖြင့် ရေခဲသေတ္တာ သို့မဟုတ် ရေခဲကန်အစိတ်အပိုင်းတွင် ရေခဲများနှင့် စိုထိုင်းစများဖြစ်လာပြီး ရေခဲသေတ္တာအသံ ပိုကျယ်လာစေပါသည်။

ရေခဲသေတ္တာနောက်ခြမ်းကို သန့်ရှင်းစွာထားပါ။

လေထွက်ပေါက်များအရှေ့တွင် မည်သည့်ပစ္စည်းမှမထားပါနှင့်။

ရေခဲသေတ္တာအတွင်းရှိ ရေမခဲစနစ်၏ လေထွက်ပေါက်များကို အမြဲတမ်းသန့်ရှင်းစွာထားသင့်ပါသည်။ အရှေ့ဘက်အခြမ်းနှင့် အသီးအရွက်ထည့်သည့်နေရာများတွင် စိုထိုင်းစများဖြစ်လာတတ်သောကြောင့် အဆိုပါအပေါက်များရှေ့တွင် မည်သည့်ပစ္စည်းမှ မထားရှိရန် ကောင်းစွာအကြံပြုအပ်ပါသည်။

လေထွက်ပေါက်များအရှေ့တွင် မည်သည့်ပစ္စည်းမှမထားရှိရန်။

အချက်ပြမုဒ်ကိုစစ်ဆေးပါ။

ရေခဲသေတ္တာမအေးသော်လည်း ရေခဲခြင်းလုပ်ငန်းများ ကောင်းစွာလုပ်ဆောင်နေပါက ခရီးသွားမုဒ်(သင့်ရေခဲသေတ္တာမော်ဒယ်တွင် ရရှိနိုင်ပါက) ကိုဖွင့်ထားမိသလားဆိုတာ စစ်ဆေးရန်လိုအပ်ပါသည်။ ခရီးသွားမုဒ်ကို စခရင်မှတစ်ဆင့် ပိတ်နိုင်ပြီး ထပ်မံသိရှိလိုပါက ဝယ်သူလက်စွဲစာအုပ်ကို ကိုးကားပါ။

ခရီးသွားမုဒ်ကို ပိတ်ထားခြင်း။

မှတ်ချက်။

  • ထိန်းချုပ်နေရာသည် သင့်ရေခဲသေတ္တာမော်ဒယ်အလိုက် ပြင်ပပုံစံများကွဲပြားနိုင်ပါသည်။
  • ယခုပုံအား နမူနာအဖြစ် အင်္ဂလိပ်ဘာသာဖြင့်ဖော်ပြထားသော်လည်း သင်နေထိုင်ရာနိုင်ငံ၏ ဘာသာစကားဖြင့်လည်း ရရှိနိုင်ပါသည်။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ