Samsung နှစ်ခန်းတွဲ ရေခဲသေတ္တာ၏ ရေအေးပုံးကို တပ်ဆင်ပုံ

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 23.10.2020

နှစ်သက်ဖွယ်ရာ ရေနှင့်ရေခဲကို ပြုလုပ်ရန်အတွက် အောက်ပါ ရေအေးပုံးတပ်ဆင်ပုံ ဗွီဒီယိုအတိုင်း လိုက်လုပ်ပါ။ တပ်ဆင်ပြီးပါက ရေစစ်စနစ်အတွင်းရှိ မသန့်စင်မှုများကို ဖယ်ရှားရန်အတွက် ရေခဲသေတ္တာကို အသုံးမပြုမီ ရေ ၁၀ လီတာခန့် သို့မဟုတ် အချိန် ၆ - ၇ မိနစ်ခန့် ဖွင့်ထားပါ။ သတင်းအချက်အလက် ပို၍လိုအပ်ပါက အသုံးပြုသူလက်စွဲစာအုပ်တွင် ကြည့်ပါ သို့မဟုတ် Samsung ဝန်ဆောင်မှုစင်တာသို့ ဆက်သွယ်ပါ။ 

မှတ်ချက် -

  • ဤဗွီဒီယိုတွင်ပြထားသော ရေခဲသေတ္တာဒီဇိုင်းများသည် သင့်ဒေသအပေါ်မူတည်၍ ကွဲပြားခြင်း ရှိနိုင်ပါသည်။
  • အသုံးပြုသူ လက်စွဲစာအုပ်တွင် ပါဝင်သော သတိပေးချက်များနှင့် အရေးကြီးသော ဘေးကင်းရေး လမ်းညွှန်ချက်များ အားလုံးကို အချိန်ယူ၍ ဖတ်ပေးပါ။
  • ရေခဲသေတ္တာ ပါဝါမဖွင့်မီတွင် လျှပ်စစ်ဘေးကင်းရှင်းရေး အတွက် နားလည်တတ်ကျွမ်းသူ ဖြင့် ဗို့အား နှင့် ပလက်ဆော့ကတ် များကို စမ်းသပ်စစ်ဆေးမှုကို ပြုလုပ်သင့်ပါသည်။

ပေးထားသော အစိတ်အပိုင်းများ

၁။ ရေပိုက်လိုင်း အဆက်နှင့် ဝက်အူများ
၂။ ပိုက်ဆက်
၃။ ရေပိုက်လိုင်း
၄။ ရေစစ်လော့ချကလစ်
၅။ ရေစစ် 
၆။ စစ်ဆေးမှုအဆို့ရှင်

လိုအပ်သော ကိရိယာများ (မပါရှိပါ)

၁။ ဖိလစ်ခေါင်း ဝက်အူလှည့်
၂။ ခေါင်းအပြား ဝက်အူလှည့်
၃။ အစွပ်စပန်နာ (၁၀ မီလီမီတာ)
၄။ အယ်လန်စပန်နာ (၅ မီလီမီတာ)
၅။ လျှပ်စစ်လွန်ဖောက်စက်

မှတ်ချက် - ကိရိယာများကို ရေခဲသေတ္တာနှင့်အတူ ထည့်မပေးထားပါ။

မှတ်ချက် - 

  • ရေပိုက်လိုင်းကို အရည်အချင်းပြည့်မီသော ပညာရှင်တစ်ဦးက ချိတ်ဆက်ရပါမည်။ 
  • သင့်ရေခဲသေတ္တာအတွက် အာမခံသည် ရေပိုက်လိုင်း တပ်ဆင်မှုအတွက် အကျုံးမဝင်ပါ။
  • ရေယိုစိမ့်မှုကို ကြုံရပါက သင့်ဒေသတွင်းရှိ Samsung ဝန်ဆောင်မှုစင်တာ သို့မဟုတ် ရေပိုက်လိုင်းတပ်ဆင်သူကို ဆက်သွယ်ပါ။

ရေပိုက်လိုင်းကို ဆက်သွယ်ရာတွင် ရေစီးမည့်လားရာအတွက် ကွန်နက်တာအဆို့ရှင်ကို စစ်ဆေးကာ သတ်မှတ်ထားသည့်အတိုင်း (ညွှန်ပြသောမြားအတိုင်း) ချိတ်ဆက်ပါ။ ရေပိုက်လိုင်းအား မှန်ကန်သောလားရာအတိုင်း ချိတ်ဆက်ခြင်းမရှိပါက ရေပေးမှုကို ကောင်းစွာအလုပ်မလုပ်အောင် ဖြစ်စေမည်ဖြစ်ပါသည်။

၁။ ရေခဲသေတ္တာ၏ အရှေ့ဖက်တံခါး၏ ဘယ်ဖက်ခြမ်းအောက်ဖက်တွင် လက်များကိုထားကာ ပိုက်ခေါင်းနှစ်ခုကို ဆွဲထုတ်ယူပါ။
၂။ ပိုက်ခေါင်းများအား အရောင်တူကွန်နက်တာများနှင့် ချိတ်ဆက်ပါ။

မှတ်ချက် - ရေပိုက်လိုင်း ပိုက်ခေါင်းများ၏တည်နေရာသည် မော်ဒယ်အလိုက် ကွဲပြားနိုင်ပါသည်။

ရေစစ်တည်နေရာတစ်ခုကို သတ်မှတ်ပါ
ရေစစ်နေရာတွင် ပေးထားသော ရေပိုက်လိုင်းပိုက်ခေါင်းကို ဖြတ်ပါ။ (ရေခဲသေတ္တာ၏မော်ဒယ်နှင့် တပ်ဆင်သည့်နေရာအပေါ် မူတည်၍ ပိုက်ခေါင်းအား ဖြတ်သည့်နေရာမှာ ကွဲပြားခြင်းရှိနိုင်ပါသည်။)

မှတ်ချက် - ရေယိုစိမ့်မှုကို ကာကွယ်ရန်အတွက် ပိုက်ခေါင်းအလျားကို မတိုစေရန်နှင့် ဖြတ်ထားသည့် မျက်နှာပြင်များကို မှန်ကန်သောထောင့်ချိုးအတိုင်း ချောမွေ့စေရန် သေချာပြုလုပ်ပါ။

၁။ ရေစစ်ကို ကလစ်ဖြုတ်ကာ ရေပိုက်ခေါင်းနှင့် ချိတ်ဆက်ပါ။
၂။ ရေစစ်၏ နှစ်ဖက်စလုံးတွင် ရေပိုက်ခေါင်းကို ချိတ်ဆက်ပါ။

မှတ်ချက် -

  • ရေစစ်ကို တပ်ဆင်ရပါမည်။
  • ရေစစ်တစ်ခုကို တပ်ဆင်ထားကြောင်း သေချာအောင် ပြုလုပ်ပါ။ 
  • ရေစစ်တစ်ခုကို မတပ်ဆင်ခြင်းကြောင့် ရေထဲမှာ သေးငယ်သောအမှုန်အမွှား (သဲ၊ ထုံး) တို့သည် ရေပေးသည့်လိုင်းအတွင်းသို့ အဆက်မပြတ်ဝင်ရောက်နိုင်ပြီး ရေပေးသည့်စနစ်တွင် ချို့ယွင်းမှုများကို ဖြစ်စေနိုင်ပါသည်။

၃။ ဝက်အူများကို အသုံးပြု၍ လော့ချသည့်ကလစ်များကို တင်းတင်းကျပ်ကျပ် နေရာချကာ တပ်ဆင်၍ သင့်လျော်သောနေရာတွင် တွဲထားပါ။
၄။ အပေါ်ဖက်နှင့် အောက်ဖက်ကလစ်များကို ရေစစ်ကို မှန်ကန်သောလားရာအတိုင်း ထည့်သွင်းပါ။ (ရေစစ်လမ်းညွှန်ချက်များကို လိုက်နာပါ)

မှတ်ချက် - ရေစစ်၏ ဒေါင်လိုက်လားရာကို အသေအချာ စစ်ဆေးပေးပါ။ (ရေစစ်ပေါ်တွင် အမှတ်အသားပါလေ့ရှိပါသည်)

မှတ်ချက် - ရေပိုက်လိုင်းကို အရည်အချင်းပြည့်မီသော ပညာရှင်တစ်ဦးက ချိတ်ဆက်ရပါမည်။ -သင့်ရေခဲသေတ္တာအတွက် အာမခံသည် ရေပိုက်လိုင်း တပ်ဆင်မှုအတွက် အကျုံးမဝင်ပါ။

၁။ အဓိက ရေပိုက်အဆို့ရှင်ကို ပိတ်ခြင်းဖြင့် ရေပေးမှုကို ပိတ်ချပါ။ 
၂။ အအေး၊ မိန်းများနှင့် ရွှေ့နိုင်သော ရေပိုက်ကို နေရာချပါ။
၃။ ထုတ်ကုန်မှ ရေပိုက်အအေးချိတ်ဆက်မှုသို့ ရေပိုက်လိုင်းတပ်ဆင်ခြင်းကို လိုက်နာပါ။
၄။ ပိုက်ဆက်များကို အသုံးပြု၍ ရေပိုက်လိုင်းကို တပ်ဆင်ပါ။ 
၅။ ပိုက်ဆက်ကို ရေအေးပိုက်ခေါင်းဖြင့် ဆက်သွယ်ပါ။

မှတ်ချက် - ပိုက်ဆက်ကို ရေအေးပိုက်ခေါင်းနှင့် ဆက်သွယ်ထားကြောင်း သေချာအောင်စစ်ပါ။

၆။ ရေခဲသေတ္တာရှိ ရေပိုက်လိုင်းမှ ကျပ်ထားသောနပ်များကို ဖြုတ်ကာဖယ်ရှားပြီး ရေစစ်ပိုက်ခေါင်းတွင် ထည့်သွင်းပါ။
၇။ ရေစစ်ပိုက်ခေါင်းနှင့် ရေပိုက်လိုင်းကို ချိတ်ဆက်ရန်အတွက် ကျပ်ရမည့်နပ်ကို ကျပ်ပါ။
၈။ အဓိက ရေပိုက်အဆို့ရှင်ကိုဖွင့်ကာ ယိုစိမ့်မှုရှိမရှိ စစ်ဆေးပါ။

မှတ်ချက် - တပ်ဆင်ပြီး ​ရေပိုက်လိုင်း ယိုစိမ့်မှုမရှိပါက ရေစစ်ဖစ်လတာ အတွင်းရှိ အမှုန်ငယ်များအသစ်အနံ့များ ​လေခိုမှုများ ကို ဖယ်ရှားရန်အတွက် ရေခဲသေတ္တာကို အသုံးမပြုမီ ရေ ၁၀ လီတာခန့် သို့မဟုတ် အချိန် ၆ - ၇ မိနစ်ခန့် ​ဒစ်စပန်ဆာမှ ​နေ၍ ခွက်ခံကာ ဖွင့်ပြီးထုတ်ပစ်ပါ။

၉။ အထိန်းတစ်ခုဖြင့် ရေပိုက်လိုင်းကို ဘေစင် သို့မဟုတ် နံရံတွင် တွဲထားပါ။
၁၀။ ရေပိုက်လိုင်းကို အလွန်အကျွံကျပ်ခြင်း မပြုပါနှင့်။ ရေပိုက်လိုင်းသည် ကွေးနေခြင်း၊ ညှပ်နေခြင်း သို့မဟုတ် ကြေနေခြင်းမရှိကြောင်း သေချာအောင်လုပ်ပါ။
၁၁။ ရေပိုက်လိုင်းသည် ကွေးနေခြင်း၊ ညှပ်နေခြင်း သို့မဟုတ် ကြေနေခြင်းမရှိကြောင်း သေချာအောင်လုပ်ပါ။

မှတ်ချက် - ရေပိုက်လိုင်း၏ ဆက်ထားသောအပိုင်းကို ဖြောင့်တန်းနေစေရန် ပြုလုပ်ထားပါ။

ရေပိုက်လိုင်းနှင့် ရေခဲသေတ္တာကို ချိတ်ဆက်ရန်အတွက် ရေအေးပိုက်ခေါင်းကိုဖွင့်ပါ။

မှတ်ချက် - ပိုက်ဆက်ကို ရေအေးပိုက်ခေါင်းနှင့် ဆက်သွယ်ထားကြောင်း သေချာအောင်စစ်ပါ။ 

အဆင့်များအားလုံး ပြီးစီးပါက ပါဝါကြိုးကို ပလပ်ပေါက်တွင်တပ်ပါ။


၁။ ဖော်ပြချက်ခလုတ်များ အပြည့်အဝ လုပ်ဆောင်ခြင်းရှိမရှိ စစ်ဆေးပါ။
၂။ အတွင်းပိုင်းမီးများ လင်းမလင်းကို စစ်ဆေးရန် တံခါးများကိုဖွင့်ပါ။ ချိန်ညှိနိုင်ရန် အပူချိန်ဖော်ပြချက် ရှိပါသည်။
၃။ ဖော်ပြချက်တွင် လိုအပ်သောအပူချိန်များကို မသတ်မှတ်မီ အပူချိန်ကို အအေးဆုံးသို့ထားကာ တံခါးများကိုပိတ်ပြီး အနည်းဆုံး တစ်နာရီကြာအောင်စောင့်ပါ။

မှတ်ချက် - ရေခဲသေတ္တာ ပါဝါမဖွင့်မီတွင် လျှပ်စစ်ဘေးကင်းရှင်းရေး အတွက် နားလည်တတ်ကျွမ်းသူ ဖြင့် ဗို့အား နှင့် ပလက်ဆော့ကတ် များကို စမ်းသပ်စစ်ဆေးမှုကို ပြုလုပ်သင့်ပါသည်။

၁။ အရှေ့တံခါးမှ ဖော်ပြချက် လင်းနေကြောင်း သေချာအောင်စစ်ပါ။
၂။ ရေခဲလုပ်စက်ပုံးကို လက်နှစ်ဖက်ဖြင့် ငြင်သာစွာကိုင်ပြီး ရေခဲလျှောလမ်းမှ ဖယ်ရှားပါ။

မှတ်ချက် - အကောင်းဆုံး စွမ်းဆောင်ရည်ကို ရရှိစေရန်အတွက် ရေခဲသေတ္တာကို အနည်းဆုံး ၂၄ နာရီကြာအောင် သုံးထားပါ။

၃။ ရေခဲလုပ်စက် လုပ်ဆောင်မှု အဆင်ပြေကြောင်း စစ်ဆေးရန်အတွက် ရေခဲလုပ်စက်၏ အောက်ဖက်ရှိ စမ်းသပ်ခလုတ်ကို ၃ စက္ကန့်ကြာအောင် ဖိထားပါ။
၄။ ရေခဲလုပ်စက် ကောင်းစွာအလုပ်လုပ်ပါက အချက်ပေးသံကို သင်ကြားရပါမည်။
၅။ မသန့်စင်မှုများကို အတည်ပြုရန်အတွက် ရေထုတ်စက်ခုံရှိ ခလုတ်ကိုနှိပ်ကာ ရေနှင့်ရေခဲအချို့ကို ထုတ်ယူပါ။

မှတ်ချက် - ရေစစ်ဖစ်လတာ အတွင်းရှိ အမှုန်ငယ်များအသစ်အနံ့များ ​လေခိုမှုများ ကို ဖယ်ရှားရန်အတွက် ရေခဲသေတ္တာကို အသုံးမပြုမီ ရေ ၁၀ လီတာခန့် သို့မဟုတ် အချိန် ၆ - ၇ မိနစ်ခန့် ​ဒစ်စပန်ဆာမှ ​နေ၍ ခွက်ခံကာ ဖွင့်ပြီးထုတ်ပစ်ပါ။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ