Samsung ရေခဲသေတ္တာ၏တံခါးကို ပြန်လည်တပ်ဆင်ပုံ

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 23.10.2020

တခါတရံတွင် ရွှေ့ခြင်း၊ ပြုပြင်ခြင်း သို့မဟုတ် ကိစ္စတခုခုအတွက် သင့်ရေခဲသေတ္တာတံခါးကို ဖြုတ်ရန် သို့မဟုတ် ပြန်လည်တပ်ဆင်ရန် လိုအပ်ခြင်း ရှိလာနိုင်ပါသည်။ တံခါးကို ပြန်လည်တပ်ဆင်ရန်အတွက် အောက်ပါလမ်းညွှန်ချက်များကို လိုက်လုပ်ပေးပါ။ သတင်းအချက်အလက် ပိုမိုလိုအပ်ပါက လမ်းညွှန်စာအုပ်တွင်ကြည့်ပေးပါ သို့မဟုတ် ဝန်ဆောင်မှုစင်တာသို့ ဆက်သွယ်ပေးပါ။

တံခါးကို ပြန်လည်တပ်ခြင်း (လိုအပ်ပါက)

လိုအပ်သော ကိရိယာများ


necessary tools
  1. မပေးထားပါ

နောက်ထပ်အစိတ်အပိုင်း

ခေါင်းအပြား ဝက်အူလှည့်

ဖိလစ်ခေါင်း ဝက်အူလှည့်

၁၁ မီလီမီတာဂွ 

၈ မီလီမီတာ ကွင်းဂွ

၅ မီလီမီတာ အယ်လန်ဂွ

ပတ္တာအဖုံး

အဖုံးတံခါး

အဆင့် ၁။ တံခါး ပြန်လည်တပ်ဆင်ခြင်းကို မလုပ်ဆောင်မီတွင် ရေခဲသေတ္တာကို ပလပ်ဖြုတ်ကာ ထည့်သွင်းထားသည်များကို ဖယ်ရှားထားပါ။

အဆင့် ၂။ ဝက်အူလှည့်အသေးဖြင့် ဘယ်ဖက်အဖုံးကို ဖယ်ပါ။

အဆင့် ၃။ ပတ္တာအဖုံးကို ပလစ်ဖြုတ်ရန်အတွက် ဝက်အူလှည့်ငယ်တစ်ခုကို အသုံးပြု၍ အဖုံးကိုဖယ်ပါ။ အဖုံးကို မထိခိုက်စေရန် ဂရုပြုပါ။

အဆင့် ၄။ ဝါယာကြိုးအဖုံးနှင့် အဖုံးတံခါးကို ဖယ်ပါ။

အဆင့် ၅။ အိမ်ခွံကိုဖြုတ်ပါ။

မှတ်ချက် - တံခါးသည် လေးပါသည်။ တံခါးကိုဖြုတ်ချိန်တွင် သင့်ကိုယ်သင် ထိခိုက်ဒဏ်ရာမရအောင် ဂရုပြုပါ။

အဆင့် ၆။ ဝါယာကွန်နက်တာကို ဖြုတ်ပါ။

အဆင့် ၇။ အပေါ်ပတ္တာမှ ဝက်အူ ၂ လုံးကိုဖြုတ်ပါ။

မှတ်ချက် - လုပ်ဆောင်စဉ်အတွင်း ဝါယာကြိုးကို မထိခိုက်မိစေရန် ဂရုပြုပါ။

အဆင့် ၈။ ရေခဲသေတ္တာတံခါးကို အလယ်ပတ္တာမှဖြုတ်ပါ။

အဆင့် ၉။ ထည့်ရမည့် အလယ်ပတ္တာကို ၅ မီလီမီတာ အယ်လန်ဂွတစ်ချောင်း (ဝက်အူ ၂ လုံး) နှင့် ဖိလစ်ခေါင်း ဝက်အူလှည့် (ဝက်အူ ၁ လုံး) ကိုအသုံးပြု၍ ဖြုတ်ပါ။

အဆင့် ၁၀။ ရေခဲခန်းတံခါးကို အောက်ပတ္တာမှ ဖြုတ်ပါ။

အဆင့် ၁၁။ အဖုံး၏နေရာကို ပြောင်းတပ်ပါ။

မှတ်ချက် - အဖုံးကို ပြောင်းတပ်စဉ်တွင် တံခါးကို မခြစ်မိစေရန် ဂရုပြုပါ။

အဆင့် ၁၂။ တံခါးကို ဘေးကင်းသော အလုပ်နေရာတစ်ခုတွင်ထားကာ မထိခိုက်မိစေရန် ဂရုပြုပါ။
အဆင့် ၁၃။ ရေခဲသေတ္တာနှင့် ရေခဲခန်း တံခါးများ၏ အောက်ဖက်တွင် နေရာရွှေ့တပ်ရန်လိုအပ်သည့် အနိမ့်အမြင့်ချိန်သော ခြေထောက်နှင့် ဝက်အူများ ရှိပါသည်။

မှတ်ချက် - လုပ်ဆောင်စဉ်အတွင်း သင့်ကိုယ်သင် မထိခိုက်မိစေရန် ဂရုပြုပါ။

အဆင့် ၁၄။ အောက်ဖက်ပတ္တာနှင့် ခြေထောက်တို့ကို ပြောင်းတပ်ရန်အတွက် ရေခဲသေတ္တာကို ကျောဖက်သို့ ဂရုတစိုက် လှဲချပါ။
အဆင့် ၁၅။ ဝက်အူအဖုံး၏ နေရာကို ပြောင်းတပ်ပါ။

မှတ်ချက် - ရေခဲသေတ္တာကို မထိခိုက်စေရန် ဂရုပြုပါ။

အဆင့် ၁၆။ ၅ မီလီမီတာ အယ်လန်ဂွနှင့် ဖိလစ်ခေါင်း ဝက်အူလှည့်ကို အသုံးပြု၍ အလယ်ပတ္တာကို တပ်ဆင်ပါ။

မှတ်ချက် - အလယ်ပတ္တာတွင်ရှိသော ချောဆီကို မသုတ်ပစ်ပါနှင့်။

အဆင့် ၁၇။ ၅ မီလီမီတာ အယ်လန်ဂွကို အသုံးပြု၍ အလယ်ပတ္တာကို တပ်ဆင်ပါ။

မှတ်ချက် - တံခါးကို အဖွင့်အပိတ်လုပ်ချိန်တွင် အသံအနည်းငယ်ထွက်ခြင်း ရှိနိုင်ပါသည်။

အဆင့် ၁၈။ အောက်ဖက်ပတ္တာနှင့် ခြေထောက်ကို နေရာပြောင်းတပ်ပါ။
အဆင့် ၁၉။ တံခါး၏ ဝါယာကြိုးချိတ်ဆက်မှုကို အခြားဖက်သို့ ပြောင်းတပ်ပါ။

မှတ်ချက် - လုပ်ဆောင်စဉ်အတွင်း သင့်ကိုယ်သင် မထိခိုက်မိစေရန် ဂရုပြုပါ။

အဆင့် ၂၀။ ရေခဲသေတ္တာကို မတ်တပ်ပုံစံပြန်ဖြစ်အောင် မပါ။
အဆင့် ၂၁။ အဖုံးတံခါးကို တပ်ဆင်ပါ။
အဆင့် ၂၂။ ရေခဲသေတ္တာနှင့် ရေခဲခန်းတံခါး ဂက်စကက်နေရာကို ပြောင်းလဲပါ။
အဆင့် ၂၃။ ရေခဲသေတ္တာနှင့် ရေခဲခန်း ဂက်စကက်များကို ခွာကာ ၁၈၀° လှည့်ပြီးနောက် တပ်ပါ။
အဆင့် ၂၄။ တံခါးဝါယာကြိုးအဖုံးကို ထည့်ပါ။
အဆင့် ၂၅။ အပေါ်ပတ္တာကို ထည့်ပါ။

မှတ်ချက် -

  • တံခါးဂက်စကက်များကို သင့်လျော်စွာ နေရာချထားကြောင်း သေချာအောင် ပြုလုပ်ပါ။ ယင်းသို့မဟုတ်ပါက အသံထွက်ခြင်း သို့မဟုတ် ရေမှုန်ရေစက် ဖြစ်ပေါ်ခြင်းရှိနိုင်ပြီး ယင်းသည် ယူနစ်၏စွမ်းဆောင်ရည်အပေါ် သက်ရောက်မှုရှိပါသည်။
  • တံခါးသည် လေးလံပါသည်။ သင့်ကိုယ်သင် ထိခိုက်ဒဏ်ရာမရစေရန် သတိပြုပါ။
  • လူနှစ်ဦးနှင့်အထက် အတူတကွလုပ်ဆောင်ရန် တိုက်တွန်းပါသည်။

အဆင့် ၂၆။ ဝါယာကွန်နက်တာကို ပြန်ဆက်ပါ။
အဆင့် ၂၇။ ဝါယာကြိုးကို ထည့်သွင်းပါ။
အဆင့် ၂၈။ အဖုံးထိန်းချုပ်မှုကို တပ်ဆင်ပါ။

မှတ်ချက် - တံခါးပြောင်းပြန်တပ်ပြီးပြီးချင်း ရေခဲသေတ္တာကို ပလပ်မထိုးပါနှင့်။ အနည်းဆုံး ၁ နာရီကြာအောင် စောင့်ပါ။

မှတ်ချက် - 

  • ဤလုပ်ဆောင်မှုအတွက် လူ ၂ ဦးလိုအပ်ကြောင်း ကျွန်ုပ်တို့ တိုက်တွန်းပါသည်။
  • ဖြစ်နိုင်ပြီး ဥပဒေအရ လိုအပ်ပါက ပါဝါမဖွင့်မီတွင် လျှပ်စစ်ဘေးကင်းရေး စမ်းသပ်မှုတစ်ခုကို ပြုလုပ်သင့်ပါသည်။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ