ကျွန်ုပ်ရေခဲသေတ္တာအတွက် ရေသန့်ကိရိယာကို ဘယ်လိုပြန်လည်တပ်ဆင်ရမလဲ။

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 22.09.2020

Samsung ရေခဲသေတ္တာများကို ရေသန့်စေရန် ရေသန့်ကိရိယာ သို့မဟုတ် အနံ့ပျောက်ကိရိယာများတပ်ဆင်ထားပါသည်။ အများဆုံးအသုံးပြုနိုင်သည့်ကန့်သတ်ချက်ရောက်သွားသည့်အခါတွင် သင့်အနေဖြင့် ရေသန့်ကိရိယာကို ပြန်လည် အစားထိုးရန်အသိပေးသည့် မီးအနီရောင်ပေါ်လာပါမည်။ ရေသန့်ကိရိယာပြန်လည်အစားထိုးခြင်းအတွက် အောက်ဖော်ပြပါလမ်းညွှန်ချက်များကိုကြည့်ပါ။ နောက်ထပ်အချက်အလက်များအတွက် သင့်ရေခဲသေတ္တာ၏ အသုံးပြုသူလက်စွဲကို ဖတ်ကြည့်ခြင်းကလည်း ကောင်းပါသည်။

အချက်ပြနေရာတွင် ရေသန့်ကိရိယာအချက်ပေးမီး လင်းလာသည့်အခါ။

ရေသန့်ကိရိယာအချက်ပြမီးအား ငါးလအကြာ သို့မဟုတ် ၄၅၀ ဂါလံပြည့်သွားသောအခါ လိမ္မော်ရောင်နှင့် ခြောက်လအကြာ သို့မဟုတ် ၅၀၀ ဂါလံပြည့်သောအခါ အနီရောင်ပြနေရန် ကြိုတင်ထုတ်လုပ်ထားပါသည်။

ရေသန့်ကိရိယာအချက်ပြမီးအား ပုံမှန်အတိုင်းပြန်ဖြစ်စေရန်အတွက် ကိရိယာအား ပြန်လည်ထည့်သွင်း၍ ထိန်းချုပ်နေရာရှိ ပြန်စခြင်းလုပ်ဆောင်ချက်အား လုပ်ဆောင်ရန်လိုပါသည်။ မော်ဒယ်အလိုက် မူလမီးအရောင်မှာ အပြာ သို့မဟုတ် အစိမ်းရောင်လည်းဖြစ်နိုင်ပါသည်။

ရေသန့်ကိရိယာလဲရန် အချက်ပြမီးပြနေပုံ။

မှတ်ချက်။

  • သင့်တွင်ရှိသည့်မော်ဒယ်အလိုက် ပါရှိသည့် အချက်ပြစနစ် ဒီဇိုင်းသည် ကွဲပြားနိုင်ပါသည်။
  • ယခုပုံအား နမူနာအဖြစ်အင်္ဂလိပ်ဘာသာဖြင့်ဖော်ပြထားသော်လည်း သင်နေထိုင်ရာနိုင်ငံ၏ ဘာသာစကားဖြင့်လည်း ရရှိနိုင်ပါသည်။

ပုံမှန်အားဖြင့် ရေသန့်ကိရိယာသည် ရေခဲသေတ္တာအတွင်းဘက်၏ အလယ် သို့မဟုတ် ရေခဲသေတ္တာအောက်ခြေတွင် ပါရှိပါသည်။

ရေသန့်ကိရိယာရှိသည့်နေရာကိုရှာဖွေခြင်း။

မှတ်ချက် ။ ရေခဲသေတ္တာမော်ဒယ်အလိုက် ရေသန့်ကိရိယာရှိသည့်နေရာများ ကွဲပြားနိုင်ပါသည်။  

ရေသန့်ကိရိယာ လဲနည်း။

သန့်စင်ပြီးပိုးမွှားကင်းသည့် ရေ သို့မဟုတ် ရေခဲကို အမြဲရရှိစေရန်အတွက် အချက်ပြနေရာတွင် ရေသန့်ကိရိယာအချက်ပြမီး လင်းလာသည်နှင့် ချက်ချင်းရေသန့်ကိရိယာကိုလဲပေးရန် အကြံပြုပါသည်။ ရေသန့်ကိရိယာလဲပြီးသည့်နောက်တွင် ၅၀၀ မီလီလီတာအထက် သွန်ပြီးမှ ရေကိုအသုံးပြုရန် အကြံပြုပါသည်။

 

ရေသန်ကိရိယာလဲသည့်အခါတွင် ရေပေးသည့်ခလုတ်ကို အရင်ဆုံးပိတ်ထားရမည်ဖြစ်သည်။ လဲလှယ်ပြီးသည်နှင့်တစ်ပြိုင်နက် ရေပေးသည့်ခလုတ်ကို သေချာစွာ ပြန်လည်ဖွင့်ထားပေးပါ။

အဆင့် ၁။ ရေသန့်ကိရိယာကို ပုံမှန်အတိုင်းပြန်ဖြစ်စေရန်အတွက် ထိန်းချုပ်သည့်နေရာရှိ ရေခဲအမျိုးအစား သို့မဟုတ် ရေသန့်ကိရိယာလဲမည် ဆိုသည့်ခလုတ်ကို ၃ စက္ကန့်ခန့်ဖိနှိပ်ထားပေးပါ။
အဆင့် ၂။ ရေသန့်ကိရိယာအဖုံးကိုဖွင့်၍ ရေသန့်ကိရိယာအား နာရီလက်တံဆန့်ကျင်ဘက်အတိုင်းလှည့်ပါ။ တပ်ဆင်ထားသည့်နေရာမှ ရေသန့်ကိရိယာကို ဆွဲဖြုတ်ပါ။
အဆင့် ၃။ တပ်ဆင်ရမည့်နေရာတွင် ရေသန့်ကိရိယာအသစ်ကိုထည့်၍ နာရီလက်တံအတိုင်း အံကိုက်ဖြစ်သည်အထိ လှည့်ပါ။

ရေသန်ကိရိယာအား အကောင်းဆုံးပြန်လည်တပ်ဆင်နေပုံ။

မှတ်ချက်။

  • ယခုပုံအား နမူနာအဖြစ် အင်္ဂလိပ်ဘာသာဖြင့်ပြသထားသော်လည်း သင်နေထိုင်ရာနိုင်ငံ၏ ဘာသာစကားဖြင့်လည်း ရရှိနိုင်ပါသည်။
  • ရေသန့်ကိရိယာအား အပြင်သို့ထုတ်သည့်အခါ ဒေါင်လိုက်အတိုင်းထားပေးပါ။

လှဲလှယ်ပြီးနောက် ရေသန့်ကိရိယာအချက်ပြမီးအား ပြန်လည်စတင်ခြင်း။

ရေသန့်ကိရိယာအသစ်လဲလှယ်ပြီးသည့်နောက်တွင် ရေသန့်ကိရိယာလဲလှယ်ခြင်း ကာလကို အသိပေးခလုတ်အား ၃ စက္ကန့်ခန့်ဖိနှိပ်ထား၍ ပြန်လည်စတင်ရမည်ဖြစ်သည်။ အကောင်းဆုံးစွမ်းဆောင်ရည်နှင့် ကောင်းမွန်သော လဲလှယ်ပေးရမည့်ကာလကို အကောင်းဆုံးပြန်လည်ရရှိပါပြီ။ ပြန်လည်စတင်သည့်အခါတွင် ရေသန့်ကိရိယာအချက်ပေးမီးသည် အနီရောင်မှ အစိမ်းရောင်သို့ပြောင်းသွားပါမည် ( သို့မဟုတ် “ရေသန့်ကိရိယာလဲလှယ်ရန်” ဆိုသည့်စာသား ပျောက်သွားပါမည်)။

လဲလှယ်ရန်အချက်ပြမီးအား သေချာပေါက် ပြန်လည်စတင်ပေးပါ။

မှတ်ချက်။ ယခုပုံအား နမူနာအဖြစ် အင်္ဂလိပ်ဘာသာဖြင့်ဖော်ပြထားသော်လည်း သင်နေထိုင်ရာနိုင်ငံ၏ ဘာသာစကားဖြင့်လည်း ရရှိနို်ငပါသည်။

ရေသန်ကိရိယာပြန်လည်တပ်ဆင်ရန်အတွက် သင့်ရေခဲသေတ္တာမော်ဒယ်အလိုက် သက်ဆိုင်ရာထုတ်ကုန်အမှန်ကို စစ်ဆေးရန်လိုအပ်မည်ဖြစ်သည်။ Samsung ရေခဲသေတ္တာအားလုံး၏ အပြင်ဘက်ရှိ နေရာနှစ်ခုတွင် တံဆိပ်များကပ်ထားပါသည်။

 

  • ထုတ်ကုန်အမှတ်ကို ဘယ်အပေါ်ခြမ်းတံခါးကိုဖွင့်၍ အရှေ့ဘက်တွင်တွေ့နိုင်ပါသည်။ သို့မဟုတ် ဘယ်ဘက်အောက်တွင်လည်းတွေ့နိုင်ပါသည်။
  • သင့်ရေခဲသေတ္တာ၏ မော်ဒယ်အမည်နှင့်ထုတ်ကုန်အမှတ်ကို တံဆိပ်ပေါ်တွင် ရေးထားပါသည်။

 

ရရှိနိုင်သည့် ရေသန့်ကိရိယာများစာရင်းကို ကာစတန်မာဝန်ဆောင်မှုစင်တာသို့ ဆက်သွယ်၍လည်းကောင်း ရေခဲသေတ္တာထုတ်ကုန်အမှတ်ကို အွန်လိုင်းမှတစ်ဆင့် ရှာဖွေဝယ်ယူခြင်းဖြင့်လည်းကောင်း ရရှိနိုင်ပါသည်။

သင့်ရေခဲသေတ္တာ၏ ထုတ်ကုန်အမှတ်ကိုကြည့်ပါ။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ