Samsung နှစ်ခန်းတွဲ ရေခဲသေတ္တာတစ်လုံးအား တပ်ဆင်ပုံ

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 23.10.2020

ထုတ်ကုန်၏ စွမ်းဆောင်ရည်ကောင်းစေရန်အတွက် သင့်ရေခဲသေတ္တာကို သင့်လျော်သောနေရာတွင် ထားရန်အရေးကြီးပါသည်။ ယင်းအပြင် ရွှေ့ခြင်း၊ ပြုပြင်ခြင်း သို့မဟုတ် ကိစ္စတခုခုအတွက် သင့်ရေခဲသေတ္တာတံခါးကို ဖြုတ်ရန် သို့မဟုတ် ပြောင်းပြန်တပ်ဆင်ရန် လိုအပ်ခြင်း ရှိလာနိုင်ပါသည်။ Samsung နှစ်ခန်းတွဲ ရေခဲသေတ္တာအတွက် အောက်ပါ တပ်ဆင်ပုံဗွီဒီယိုအတိုင်း လိုက်လုပ်ပါ။ သတင်းအချက်အလက် ပို၍လိုအပ်ပါက အသုံးပြုသူလက်စွဲစာအုပ်တွင် ကြည့်ပေးပါ သို့မဟုတ် Samsung ဝန်ဆောင်မှုစင်တာသို့ ဆက်သွယ်ပေးပါ။

မှတ်ချက် -

  • ဤဗွီဒီယိုတွင် ပြထားသော ရေခဲသေတ္တာဒီဇိုင်းများသည် သင့်တွင်ရှိသော အမျိုးအစား၊ မော်ဒယ်တို့နှင့် ကွဲပြားခြင်း ရှိနိုင်ပါသည်။
  • အသုံးပြုသူ လက်စွဲစာအုပ်တွင် ရေးသားထားသော အရေးကြီးသည့် သတိပေးချက်များနှင့် ဘေးကင်းရေး လမ်းညွှန်ချက်များ အားလုံးကို နှံ့စပ်စွာဖတ်ပေးပါ။ 
  • လုပ်ဆောင်စဉ်အတွင်း သင့်ကိုယ်သင် မထိခိုက်မိစေရန် ဂရုပြုပါ
  • ရေခဲသေတ္တာ ပါဝါမဖွင့်မီတွင် လျှပ်စစ်ဘေးကင်းရှင်းရေး အတွက် နားလည်တတ်ကျွမ်းသူ ဖြင့် ဗို့အား နှင့် ပလက်ဆော့ကတ် များကို စမ်းသပ်စစ်ဆေးမှုကို ပြုလုပ်သင့်ပါသည်။

မှန်ကန်သော တပ်ဆင်ရန်နေရာ
၁။ ကော်ဇော်မရှိဘဲ တောင့်တင်းကာ ပြင်ညီဖြစ်သော မျက်နှာပြင်
၂။ လေဝင်လေထွက် ကောင်းမွန်သောနေရာ
၃။ တံခါးများကို အဖွင့်အပိတ်လုပ်ရန် လုံလောက်သောနေရာ


မမှန်ကန်သော တပ်ဆင်ရန်နေရာ
၁။ စိုထိုင်းသောနေရာ
၂။ အပူရင်းမြစ်အနီး
၃။ နေရောင်တိုက်ရိုက် ကျရောက်သောနေရာ

မှတ်ချက် - ညွှန်းထားသော အခန်းအပူချိန်မှာ ၅ °C နှင့် ၄၃ °C အကြား ဖြစ်ပါသည်။

နေရာလုံလောက်စွာ ထားရှိခြင်း
၁။ တပ်ဆင်မည့် ရေခဲသေတ္တာ၏ ဘေးနှစ်ဖက်စလုံး (ဘယ်နှင့်ညာ) တွင် အနည်းဆုံး ၁၀ စင်တီမီတာ ချန်ထားပါ။
၂။ တပ်ဆင်မည့် ရေခဲသေတ္တာ၏ အပေါ်ဖက်တွင် အနည်းဆုံး ၅ စင်တီမီတာ ချန်ထားပါ။

မှတ်ချက် - အတိုင်းအတာများသည် အသုံးပြုထားသော တိုင်းတာသည့်နည်းလမ်းအလိုက် ကွဲပြားခြင်း ရှိနိုင်ပါသည်။

၃။ တံခါးများကို အဖွင့်အပိတ်လုပ်ရန်အတွက် ရေခဲသေတ္တာ၏ အမှန်တကယ်အရွယ်အစားထက် ပိုကျယ်သောနေရာကို လိုအပ်ပါသည်။
၄။ သင့်ရေခဲသေတ္တာ၏ အရွယ်အစား၊ အမျိုးအစားနှင့် မော်ဒယ်ကို စစ်ဆေးပါ။ 
၅။ ရေခဲသေတ္တာ၏ အနောက်ဖက်တွင် နံရံနှင့် အနည်းဆုံး ၅ စင်တီမီတာ ခွာထားပါ။

မှတ်ချက် - အတိုင်းအတာများသည် အသုံးပြုထားသော တိုင်းတာသည့်နည်းလမ်းအလိုက် ကွဲပြားခြင်း ရှိနိုင်ပါသည်။

ဝင်ရောက်ရန်ကျဉ်းမြောင်းသည့် တပ်ဆင်သောနေရာတစ်ခုသို့ ရေခဲသေတ္တာကို ရွှေ့ရန်လိုအပ်ပါက 'ရေခဲသေတ္တာ တံခါးများအား ဖြုတ်ပုံနှင့် ပြန်လည်တပ်ဆင်ပုံ' ပါ လမ်းညွှန်ချက်များကို ကြည့်ပေးပါ။

မှတ်ချက် - 

  • ဘေးကင်းရေးအတွက် တပ်ဆင်သောလုပ်ငန်းစဉ်အတွင်း လိုအပ်သော မည်သည့်အလုပ်ကိုမဆို လူနှစ်ဦးနှင့်အထက် လုပ်ဆောင်ရန် အလေးအနက် တိုက်တွန်းပါသည်။
  • ဤအဆင့်များအနက် မည်သည့်အဆင့်တွင်မဆို တံခါးများပြုတ်ကျခြင်း သို့မဟုတ် လန်ကျခြင်းဖြစ်နိုင်ပြီး ထိခိုက်ဒဏ်ရာရနိုင်သော အန္တရာယ်ရှိပါသည်။ 
  • မတော်တဆဖြစ်မှုများကို ကာကွယ်ရန်အတွက် ဤအဆင့်များကို လုပ်ဆောင်စဉ်တွင် အလွန်အမင်း သတိပြုပါ။

လိုအပ်သော ကိရိယာများ (မပါရှိပါ)
၁။ ဖိလစ်ခေါင်း ဝက်အူလှည့်
၂။ ခေါင်းပြား ဝက်အူလှည့်
၃။ အစွပ်ဂွ (၁၀ မီလီမီတာ)
၄။ အယ်လန်ဂွ (၄ / ၅ မီလီမီတာ)
၅။ လျှပ်စစ်လွန်ဖောက်စက်

မှတ်ချက် - ကိရိယာများကို ရေခဲသေတ္တာနှင့်အတူ ထည့်မပေးထားပါ။

ကြမ်းခင်းထိခိုက်မှုကို ကာကွယ်ရန်
၁။ ဘေးကင်းရေးအတွက် တပ်ဆင်သောလုပ်ငန်းစဉ်အတွင်း လိုအပ်သော မည်သည့်အလုပ်ကိုမဆို လူနှစ်ဦးနှင့်အထက် လုပ်ဆောင်ရန် တိုက်တွန်းပါသည်။
၂။ ကြမ်းခင်းထိခိုက်မှုကို ကာကွယ်ရန်အတွက် မည်သည်ကိုမျှ မလုပ်ဆောင်မီတွင် ကြမ်းပြင်ကို ကာကွယ်ထားရန် တိုက်တွန်းပါသည်။ (ကြမ်းပြင်အခင်း သို့မဟုတ် တဘက်၊ သေတ္တာ အစရှိသည်)

ရေပေးသည့်လိုင်းကို ဖြုတ်ပါ
၁။ ရေခဲသေတ္တာ၏ နောက်ပိုင်းအောက်ဖက်မှ ရေပိုက်လိုင်းကို ရှေ့သို့ဆွဲထုတ်ပါ။
၂။ ပိုက်ခေါင်းများကို ဖြုတ်ရန်အတွက် ပိုက်ဆက်အကြည်ကို ဖိနှိပ်ထားပြီး ပိုက်ခေါင်းကိုဖြုတ်ပါ။

မှတ်ချက် - ရေပိုက်လိုင်းတည်နေရာသည် သင့်တွင်ရှိသော မော်ဒယ်အမျိုးအစားအလိုက် ကွဲပြားခြင်း ရှိနိုင်ပါသည်။

ပတ္တာအဖုံးများကို ဝက်အူဖြုတ်ကာ ပတ္တာများကို ဖယ်ပါ
၁။ ဖိလစ်ခေါင်း ဝက်အူလှည့်တစ်ခုဖြင့် ဘယ်ဖက်တံခါး၏ အပေါ်ဖက်ရှိ ပတ္တာအဖုံးများကို ဝက်အူဖြုတ်ပါ။
၂။ ပတ္တာအဖုံးကိုဖယ်ပါ။
၃။ လျှပ်စစ်ကွန်နက်တာကို ဖြုတ်ပါ။
၄။ အထိန်းကို ငြင်သာစွာမပါ။
၅။ ပတ္တာကို ဖြုတ်ရန်အတွက် အထိန်းကိုဆွဲပါ။
၆။ တံခါးကို ၉၀ ဒီဂရီဖွင့်ပါ။
၇။ တံခါးကို ကိုင်ထားစဉ်တွင် ပတ္တာကိုဖြုတ်ပါ။

မှတ်ချက် -

  • ဤအဆင့်များအနက် မည်သည့်အဆင့်တွင်မဆို တံခါးများပြုတ်ကျခြင်း သို့မဟုတ် လန်ကျခြင်းဖြစ်နိုင်ပြီး ထိခိုက်ဒဏ်ရာရနိုင်သော အန္တရာယ်ရှိပါသည်။ 
  • ဘေးကင်းရေးအတွက် တပ်ဆင်သောလုပ်ငန်းစဉ်အတွင်း လိုအပ်သော မည်သည့်အလုပ်ကိုမဆို လူနှစ်ဦးနှင့်အထက် လုပ်ဆောင်ရန် အလေးအနက် တိုက်တွန်းပါသည်။

၈။ ဘယ်ဖက်တံခါးကိုဖြုတ်ရန် အပေါ်သို့ ငြင်သာစွာမပါ။
၉။ ရေပိုက်လိုင်းပိုက်ခေါင်းကို ဆွဲထုတ်ရာတွင် ဂရုပြုပါ။

မှတ်ချက် - ဤအဆင့်များအနက် မည်သည့်အဆင့်တွင်မဆို တံခါးများပြုတ်ကျခြင်း သို့မဟုတ် လန်ကျခြင်းဖြစ်နိုင်ပြီး ထိခိုက်ဒဏ်ရာရနိုင်သော အန္တရာယ်ရှိပါသည်။

၁၀။ ဖုံးအုပ်ထားသော ကြမ်းပြင်ပေါ်တွင် ဖြုတ်ထားသောတံခါးကို ငြင်သာစွာချပါ။

မှတ်ချက် - ဘေးကင်းစေရန်အတွက် လူနှစ်ဦးနှင့်အထက် လုပ်ဆောင်ရန် တိုက်တွန်းပါသည်။

ညာဖက်တံခါးကိုဖြုတ်ပါ
၁။ ဖိလစ်ခေါင်း ဝက်အူလှည့်တစ်ခုဖြင့် ညာဖက်တံခါး၏ အပေါ်ဖက်ရှိ ပတ္တာအဖုံးများကို ဝက်အူဖြုတ်ပါ။
၂။ ပတ္တာအဖုံးကိုဖယ်ပါ။
၃။ လျှပ်စစ်ကွန်နက်တာကို ဖြုတ်ပါ။
၄။ အထိန်းကို ငြင်သာစွာမပါ။
၅။ ပတ္တာကို ဖြုတ်ရန်အတွက် အထိန်းကိုဆွဲပါ။
၆။ တံခါးကို ၉၀ ဒီဂရီဖွင့်ပါ။ တံခါးကို ကိုင်ထားစဉ်အတွင်း ပတ္တာကိုဖယ်ရှားပြီး တံခါးကိုဖြုတ်ပါ။

မှတ်ချက် - ဤအဆင့်များအနက် မည်သည့်အဆင့်တွင်မဆို တံခါးများပြုတ်ကျခြင်း သို့မဟုတ် လန်ကျခြင်းဖြစ်နိုင်ပြီး ထိခိုက်ဒဏ်ရာရနိုင်သော အန္တရာယ်ရှိပါသည်။

၇။ ဖုံးအုပ်ထားသော ကြမ်းပြင်ပေါ်တွင် ဖြုတ်ထားသောတံခါးကို ငြင်သာစွာချပါ။ 

မှတ်ချက် - ဘေးကင်းစေရန်အတွက် လူနှစ်ဦးနှင့်အထက် လုပ်ဆောင်ရန် တိုက်တွန်းပါသည်။

တံခါး၏ ညာဖက်အောက်ခြမ်းကို ဖြုတ်ပါ
၁။ အယ်လန်ဂွဖြင့် အလယ်ပတ္တာကို ဝက်အူဖြုတ်ပါ။
၂။ သင့်လျော်သော ဝက်အူလှည့်ကို အသုံးပြု၍ အလယ်ပတ္တာကို ဝက်အူဖြုတ်ပါ။
၃။ တံခါးမှ အလယ်ပတ္တာကို ဖြုတ်ပါ။
၄။ တံခါးကို ငြင်သာစွာမ၍ ဖြုတ်ပါ။
၅။ ဖုံးအုပ်ထားသော ကြမ်းပြင်ပေါ်တွင် ဖြုတ်ထားသောတံခါးကို ငြင်သာစွာချပါ။

မှတ်ချက် - 

  • လုပ်ဆောင်စဉ်အတွင်း သင့်ကိုယ်သင် ထိခိုက်မှုမရှိစေရန် အထူးဂရုပြုပါ။
  • ဘေးကင်းစေရန်အတွက် လူနှစ်ဦးနှင့်အထက် လုပ်ဆောင်ရန် တိုက်တွန်းပါသည်

ရေခဲသေတ္တာအား သင်ထားရှိအသုံးပြုလိုသည့် နေရာအနီးတွင်ထားပါ။ ရေခဲသေတ္တာကို ရွှေ့စဉ်တွင် ကြမ်းခင်း သို့မဟုတ် ဘေးဖက်နံရံများတွင် အခြစ်ရာမထင်စေရန် အထူးဂရုပြုပါ။ 

မှတ်ချက် - ဘေးကင်းစေရန်အတွက် လူနှစ်ဦးနှင့်အထက် လုပ်ဆောင်ရန် တိုက်တွန်းပါသည်။

တံခါး၏ ညာဖက်အောက်ခြမ်းကို ပြန်လည်တပ်ဆင်ပါ
၁။ ရေခဲသေတ္တာပတ္တာကို တံခါးရှိအပေါက်နှင့် အညီဖြစ်စေရန်အတွက် အထိုင်ချသည့်အပေါက်တွင် တွန်းထည့်ကာ ဖိချပါ။
၂။ အောက်ဖက်တံခါး၏ အပေါ်ဖက်ရှိ အလယ်ပတ္တာကို ထည့်ပါ။
၃။ အယ်လန်ဂွကို အသုံးပြု၍ အလယ်ပတ္တာကို ဝက်အူတပ်ပါ။
၄။ ပတ္တာကို တပ်ဆင်ပြီးသည်နှင့် သင့်လျော်သော ဝက်အူလှည့်ကို အသုံးပြု၍ ပတ္တာ၏ အပြင်ဖက် ချုပ်သည့်ဝက်အူကို တပ်ဆင်ကာကျပ်ပါ။
၅။ ရေခဲသေတ္တာပတ္တာကို တံခါးရှိအပေါက်နှင့် အညီဖြစ်စေရန်အတွက် အထိုင်ချသည့်အပေါက်တွင် တွန်းထည့်ကာ ဖိချပါ။
၆။ တပ်ဆင်ရန် တံခါးကို ငြင်သာစွာတွန်းပါ။
၇။ သင့်လျော်သော ဝက်အူလှည့်တစ်ခုဖြင့် ညာဖက်တံခါး၏ အပေါ်ဖက်ရှိ ပတ္တာအဖုံးများကို ဝက်အူတပ်ပါ။
၈။ တပ်ရန်အတွက် ပတ္တာကိုတွန်းပါ။ 

မှတ်ချက် - လုပ်ဆောင်စဉ်အတွင်း သင့်ကိုယ်သင် ထိခိုက်မှုမရှိစေရန် အထူးဂရုပြုပါ။

၉။ လျှပ်စစ်ကွန်နက်တာကို ချိတ်ဆက်ပါ။
၁၀။ ပတ္တာအဖုံးဖြင့် ပတ္တာကိုဖုံးပါ။

ဘယ်ဖက်တံခါးကို ပြန်လည်တပ်ဆင်ပါ
၁။ တံခါးကို အောက်ဖက်ပတ္တာပေါက်တွင် ထည့်သွင်းကာ တံခါးကိုတွန်းထည့်ပါ။
၂။ တံခါးအောက်ရှိ ရေပိုက်ခေါင်းများသည် အောက်ဖက်ပတ္တာအပေါက်နှင့် ကောင်းစွာညီနေစေရန် သေချာလုပ်ပါ။

မှတ်ချက် - ဘေးကင်းစေရန်အတွက် လူနှစ်ဦးနှင့်အထက် လုပ်ဆောင်ရန် တိုက်တွန်းပါသည်။

၃။ ပတ္တာကို ပြန်လည်တပ်ဆင်ကာ တံခါးကိုပိတ်ပါ။

၄။ ပတ္တာကို တပ်ရန်အတွက် အထိန်းကို ငြင်သာစွာ တွန်းထည့်ပါ။

၅။ လျှပ်စစ်ကွန်နက်တာကို ချိတ်ဆက်ပါ။

၆။ ပတ္တာအဖုံးဖြင့် ပတ္တာကိုဖုံးပါ။

၇။ သင့်လျော်သော ဝက်အူလှည့်တစ်ခုဖြင့် အပေါ်ဖက် ပတ္တာအဖုံးကို ဝက်အူတ

၈။ ပိုက်ခေါင်းများကို ချိတ်ဆက်ရန်အတွက် ပိုက်ဆက်အကြည်ကို အရောင်တူသော ရေပိုက်ခေါင်းထဲသို့ တွန်းထည့်ပါ။

  • ရေယိုစိမ့်မှုကို ကာကွယ်ရန်အတွက် ရေပိုက်ခေါင်းတစ်ခုစီကို ပိုက်ဆက်အကြည်၏ အလယ်အထိ အပြည့်အဝ ထည့်ရပါမည်။
  • ရေပိုက်ခေါင်းများကို ပြန်လည်ချိတ်ဆက်ပြီးနောက် ယင်းတို့ကို ကက်ဘိနက်အောက်သို့ တွန်းထည့်ကာ ချိတ်ပေါ်တွင် နေရာချပါ။

ကြားခံကို တပ်ဆင်ပါ
၁။ တံခါးကိုဖွင့်ကာ ပေးထားသောကြားခံကိုရှာပါ။
၂။ ကြားခံအထုပ်ကို ဖွင့်ဖောက်ကာ ပြထားသည့်အတိုင်း ရေခဲသေတ္တာ၏ နောက်ဖက်တွင် ယင်းကိုတပ်ဆင်ပါ။

မှတ်ချက် - သက်ဆိုင်ရာမော်ဒယ်များအတွက် ကြားခံကိုသာ တပ်ဆင်ပါ။

ရေခဲသေတ္တာတစ်လုံးကို ရွှေ့ခြင်းသည် ကြမ်းခင်းကို ထိခိုက်မှုဖြစ်နိုင်စေပါသည်။ ထိခိုက်မှုကို ကာကွယ်ရန်အတွက် ကြမ်းခင်းပေါ်တွင် ကြမ်းပြင်အခင်း သို့မဟုတ် သေတ္တာကို အသုံးပြုရန် တိုက်တွန်းပါသည်။ လူနှစ်ယောက်နှင့်အထက်က ရေခဲသေတ္တာကို ဘေးနှစ်ဖက်မှ သယ်ယူရန် တိုက်တွန်းပါသည်။

အနိမ့်အမြင့်ချိန်ခြင်း
ရေခဲသေတ္တာ၏ အပေါ်ဖက်တွင် ရေချိန်တစ်ခုကိုထားကာ အနိမ့်အမြင့်ကို စစ်ဆေးပါ။ အနိမ့်အမြင့် မမှန်ပါက နောက်ထပ်အဆင့်များကို လိုက်လုပ်ပါ။

တံခါးအမြင့်အပြင် တံခါးကြားကိုပါ ချိန်ညှိပါ
၁။ ချိန်ညှိရန် တံခါးကိုဖွင့်ကာ ပေးထားသော နပ်ခေါင်းများနှင့် စပန်နာကို ထုတ်ယူပါ။
၂။ တံခါး၏ အရှေ့ခြမ်းအောက်ဖက်တွင် နပ်နှစ်လုံးကို နေရာချပါ။
၃။ စပန်နာတစ်ချောင်းဖြင့် အချုပ်နပ်ကိုလျော့စေရန် နာရီလက်တံအတိုင်း လှည့်ပါ။

  • တံခါးကိုမြင့်စေရန် အမြင့်နပ်ကို နာရီလက်တံပြောင်းပြန်အတိုင်း လှည့်ပါ။
  • တံခါးကိုနိမ့်စေရန် အမြင့်နပ်ကို နာရီလက်တံအတိုင်း လှည့်ပါ။

၄။ ပြီးစီးပါက အချုပ်နပ်ကို နာရီလက်တံပြောင်းပြန်အတိုင်း လှည့်ခြင်းဖြင့် ကျပ်ပါ။
၅။ ရေခဲသေတ္တာဖက်ခြမ်း အရှေ့ဖက်ခြေထောက်ရှိ အနိမ့်အမြင့်ချိန်သည့်နေရာတွင် ခေါင်းအပြား ဝက်အူလှည့်တစ်ချောင်း ထည့်သွင်းပါ။
၆။ မြင့်စေရန်အတွက် ချိန်ညှိသည့်အရာကို နာရီလက်တံအတိုင်း သို့မဟုတ် နိမ့်စေရန်အတွက် နာရီလက်တံပြောင်းပြန်အတိုင်း လှည့်ပါ။
၇။ ရေခဲသေတ္တာ၏ အပေါ်ဖက်တွင် ရေချိန်တစ်ခုကိုထားကာ အနိမ့်အမြင့်ကို ပြန်လည်စစ်ဆေးပါ။ 

ရေခဲသေတ္တာကိုဖွင့်ရန် ပါဝါကြိုးကို ပလပ်ပေါက်တွင်တပ်ပါ။

မှတ်ချက် - ရေခဲသေတ္တာ ပါဝါမဖွင့်မီတွင် လျှပ်စစ်ဘေးကင်းရှင်းရေး အတွက် နားလည်တတ်ကျွမ်းသူ ဖြင့် ဗို့အား နှင့် ပလက်ဆော့ကတ် များကို စမ်းသပ်စစ်ဆေးမှုကို ပြုလုပ်သင့်ပါသည်။

လည်ပတ်မှုကို စစ်ဆေးရန်အတွက် အပူချိန်ထိန်းချုပ်ခုံရှိ ခလုတ်ကိုနှိပ်ပါ။ အတွင်းပိုင်း မီးလင်းမလင်းကို စစ်ဆေးရန် တံခါးများကိုဖွင့်ပါ။

မှတ်ချက် - ရေခဲသေတ္တာ၏ စွမ်းဆောင်ရည်ကို အကောင်းဆုံးဖြစ်စေရန်အတွက် သင့်စိတ်ကြိုက်အပူချိန်အား မသတ်မှတ်မီတွင် အနိမ့်ဆုံးဆက်တင်ဖြင့် ရေခဲသေတ္တာကို ၁ နာရီကြာအောင် ဖွင့်ထားရန် တိုက်တွန်းပါသည်။ 

တပ်ဆင်မှုကို အပြီးသတ်ပါ

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ