ဘက်ထရီ ချွေတာခြင်းကို ဖွင့်နည်း

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 12.06.2023

သင့်တော်သော အသုံးပြုခြင်းနှင့် လုံလောက်သော အားသွင်းခြင်းဖြင့် Galaxy Book ဘက်ထရီ နည်းပညာသည် လုပ်နိုင်သမျှ အကောင်းဆုံး ဘက်ထရီသက်တမ်းကို ပေးရန် ကူညီပါသည်။ သင့် Galaxy Book ဘက်ထရီကို ပို၍ တိုးမြှင့်ရန် ဘက်ထရီချွေတာခြင်းက ကူညီပါလိမ့်မည်။

 ဘက်ထရီ ချွေတာခြင်း သင်္ကေတဖြင့် Galaxy book ပုံ။

သတိပြုရန်- ဤအရာသည် ဝိုင်ဖိုင်နှင့် မိုဘိုင်းဒေတာကွန်ယက်လုပ်ဆောင်ခြင်းကို ရပ်တန့်လိုက်မည်ဖြစ်သော်လည်း ရွေးချယ်ထားသည့် ဖုန်း၊ စာတိုပေးပို့ခြင်းနှင့် အကြောင်းကြားခြင်းများသည် ဘလူးတွတ်မှတဆင့် ဆက်လက်လုပ်ဆောင်နေမည် ဖြစ်ပါသည်။ စခရင်သည်လည်း မီးခိုးရောင် ပြသခြင်းအဖြစ် ပြောင်းသွားမည်ဖြစ်ပြီး Galaxy Book၏ CPU သည် နိမ့်သွားလိမ့်မည်။

Windows အိုင်ကွန် ပုံ။

အဆင့် ၁။ Windows မီနူးကို ဖွင့်ပါ။

ဆက်တင်များ ပုံ။

အဆင့်၂။ဆက်တင်များကို ဖွင့်ပါ။

စွမ်းအင်နှင့် ဘက်ထရီ ဆက်တင်များ ပုံ။

အဆင့် ၃။"စွမ်းအင်နှင့် ဘက်ထရီ"ကို ရွေးပါ။ 

ဘက်ထရီ ချွေတာခြင်း ပုံ။

အဆင့် ၄။ဘက်ထရီ ချွေတာခြင်းကို ရွေးပါ။

ပိတ်ခြင်းကို ဟိုက်လိုက်လုပ်ထားသည့် ဘက်ထရီ ချွေတာခြင်း ပုံ။

အဆင့် ၅။ဖွင့်ရန် (သို့မဟုတ် ပိတ်ရန်) အတွက် နှိပ်ပါ။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ