SmartThings (ကျွန်ုပ်၏မိုဘိုင်းဖုန်းကိုရှာဖွေပါ) ဆိုသည်မှာအဘယ်နည်း။

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 22.02.2023

Find My Mobile သည် သင့်စက်၏တည်နေရာကိုရှာဖွေရန် ကူညီပေးသည့်ဝန်ဆောင်မှုတစ်ခုဖြစ်သည်။ Samsung မိုဘိုင်းလ်ဖုန်း၊ တက်ဘလက် သို့မဟုတ် ဝတ်ဆင်နိုင်သော စက်ပစ္စည်းကဲ့သို့သော သင့်စက်ပစ္စည်းကို ပျောက်ဆုံးသွားသောအခါ၊ သင်သည် သင်၏စက်ပစ္စည်းကို ခြေရာခံပြီး သင့်ဒေတာကို ကာကွယ်ရန် Find My Mobile ကို ဖွင့်နိုင်သည်။

SmartThings Find နှင့်တကွ စက်ပစ္စည်းတည်နေရာမြေပုံကို မြင်ရပုံ။

SmartThings Find သည်မည်သို့အလုပ်လုပ်သနည်း

SmartThings Find ကိုအသုံးပြုကာ မိုဘိုင်းဖုန်း၊ တက်ဘလက်နှင့် ဝတ်ဆင်၍ရသောစက်ပစ္စည်းများ (နာရီ, နားကြပ် စသည်) တို့ကို မှတ်ပုံတင်ထားသော Samsung အကောင့်များဖြင့် ရှာဖွေနိုင်ပါသည်။ သင်သည် စက်ပစ္စည်းများစွာသုံးပါက SmartThings Find ဝဘ်ဆိုက်တွင်သင့် Samsung ထဲသို့ဝင်သောအခါ မှတ်ပုံတင်ထားသော စက်ပစ္စည်းစာရင်းကို ရှာတွေ့နိုင်ပါသည်။

 

SmartThings Find တွင် ပျောက်ဆုံးစက်ပစ္စည်းများကိုရှာဖွေခြင်း၊ ဖုန်းမြည်သံဖွင့်ခြင်း၊ ဖုန်းများကိုလော့ချခြင်း၊ သင့်ဖုန်းကိုစီမံခြင်းနှင့် သင့်အချက်အလက်ကို ကာကွယ်ခြင်းအတွက် ဒေတာကိုဖျက်ခြင်း/သိမ်းခြင်းတို့ကို ကူညီပေးရန် စနစ်များပါရှိပါသည်။ သင့်ထံတွင် စက်ပစ္စည်းတစ်လုံးထပ်ပိုရှိပါက ၎င်းတို့ကို အခြားစက်ပစ္စည်းများရှိ SmartThings Find တွင်ရှာဖွေနိုင်ပါသည်။

ကျေးဇူးပြု၍မှတ်သားပါ - ဒေတာကွန်ယက် (မိုဘိုင်းဒေတာ သို့မဟုတ် ဝိုင်ဖိုင်ကဲ့သို့သော အင်တာနက်ချိတ်ဆက်မှု) ကို၎င်းလုပ်ဆောင်ချက်အတွက် အသုံးပြုရန်လိုအပ်ပါသည်။

SmartThings Find ကိုအထောက်အပံ့ပေးသည့် စက်ပစ္စည်းများ (ကျွနန်ုပ်၏မိုဘိုင်းဖုန်းကိုရှာဖွေပါ)

  • Samsung မိုဘိုင်းဖုန်း၊ တက်ဘလက်နှင့် Galaxy Watch, Galaxy Buds စသည်တို့ကဲ့သို့ အခြားသောဝတ်ဆင်နိုင်သည့်ပစ္စည်းများ။ (SmartThings တွင်မှတ်ပုံတင်ထားသည့် တတိယအဖွဲ့အစည်း SmartTag နှင့် SmartTag နှင့်ကိုက်ညီသောပစ္စည်းများ)။

ကျေးဇူးပြု၍မှတ်သားပါ - ကျွန်ုပ်၏မိုဘိုင်းဖုန်းကိုရှာပါ ဆက်တင်ကို စက်တွင်ဖွင့်ထားရပါမည်။ (စက်ပစ္စည်းဆက်တင်များ > Samsung အကောင့် > ကျွန်ုပ်၏မိုဘိုင်းဖုန်းကိုရှာပါ)။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ