Samsung Find အက်ပ် သတိပေးချက် အင်္ဂါရပ်ကို အသုံးပြုပါ

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 11.04.2024

Samsung Find ၏အင်္ဂါရပ်ဖြစ်သည့် Notify when left behind သည် အသုံးပြုသူများ၏ နားကြပ်ကဲ့သို့ အရေးကြီးပစ္စည်းများ ဆုံးရှုံးမှုမရှိစေရန် ရည်ရွယ်ထုတ်လုပ်ထားပါသည်။ ပစ္စည်းနှင့် သုံးစွဲသူ၏ဖုန်းကြား ချိတ်ဆက်မှု ပြတ်တောက်သွားချိန် နှင့် အဝေးသို့ရောက်သွားချိန်တွင် သုံးစွဲသူထံ သတိပေးချက် ပို့ပေးပါသည်။

ကျွန်ုပ်၏ကိုယ်ရေးကိုယ်တာပစ္စည်းများကိုပြသနေသည့် Samsung Find

ဝေးလံသည့်နေရာသို့ရောက်သွားသောအခါ အသိပေးချက်ပို့ခြင်း

Samsung Find သို့မဟုတ် SmartThings Find မှ Notify when left behind ကို ဖွင့်ထားပါက သင့်ဖုန်းနှင့်ချိတ်ဆက်ထားသည့် Galaxy စက်ပစ္စည်းတစ်ခု အဆက်ပြတ်သွားသောအခါတွင် အသိပေးချက်များကို သင်လက်ခံရရှိနိုင်ပါသည်။

မှတ်ချက်များ :

  • Samsung Find သည် One UI 6.1 မှစတင်၍ ရနိုင်သောအက်ပ်တစ်ခုဖြစ်ပြီး 2024 ခုနှစ်မတ်လနောက်ပိုင်းတွင် အက်ပ်ပြုပြင်မွမ်းမံမှုအဖြစ် ပံ့ပိုးပေးမည်ဖြစ်သည်။ ထိုအချိန်မတိုင်မီအထိ Notify when left behind ကိုချက်ချင်းစတင်အသုံးပြုလိုသော သုံးစွဲသူများသည် SmartThings Find မှတဆင့် အသုံးပြုနိုင်ပါသည်။

  • ပံ့ပိုးပေးထားသော စက်များ : Galaxy နာရီ၊ Galaxy Buds၊ S Pen Pro၊ Galaxy SmartTag

  • Notify when left behind ကို ပံ့ပိုးထားသော အင်္ဂါရပ်များသည် SmartThings Find ၏ လုပ်ဆောင်ချက်များနှင့် အတူတူပင်ဖြစ်ပါသည်။

  • ဘေးကင်းသောနေရာ စနစ်ထည့်သွင်းထားပါက သင့်စက်ပစ္စည်းနှင့် ဝေးကွာသွားသည့်အခါ သင့်ကို အကြောင်းကြားမည်မဟုတ်ပါ။

  • သင့်ဖုန်း သို့မဟုတ် တက်ဘလက်တွင် တည်နေရာကိုဖွင့်ထားရန် လိုအပ်ပါသည်။

  • Galaxy Smart Tag သည် Android 12 နှင့်အထက်သုံးထားသော Galaxy ဖုန်းများနှင့် တက်ဘလက်များတွင်သာ ဤအင်္ဂါရပ်ကို ပံ့ပိုးပေးပါသည်။

  • သင်၏ tag သည် ပြင်ပကုမ္ပဏီ ထုတ်ကုန်တစ်ခုဖြစ်ပါက သင်ထွက်ခွာသွားသောအခါတွင် အသိပေးချက်ပေးပို့မှုကို ပံ့ပိုးပေးမည့် ဖမ်းဝဲလ်ဗားရှင်းတစ်ခုရှိရန်လိုအပ်ပါသည်။ အသေးစိတ်အချက်အလက်များအတွက် ထုတ်လုပ်သူထံ ဆက်သွယ်ပါ။

SmartThings အက်ပ် Life တက်ဘ် SmartThings အက်ပ် Life တက်ဘ်

အဆင့် ၁ SmartThings အက်ပ်ကိုဖွင့်ပါ။ > Life တက်ဘ်ကိုရွေးပါ။ > Find ကဒ်ကို နှိပ်ပါ။

Buds2 Pro ကဒ်ပြသထားသော SmartThings Find Buds2 Pro ကဒ်ပြသထားသော SmartThings Find

အဆင့် ၂ သင် အသိပေးချက်ရယူလိုသောစက်၏ ကဒ် ကို ဘယ်ဘက်သို့ ပွတ်ဆွဲပါ။ > More ကိုနှိပ်ပါ။

ရွေးချယ်ထားသော စက်အတွက် တည်နေရာနှင့် ဦးတည်ချက်ရွေးချယ်စရာများ။ ရွေးချယ်ထားသော စက်အတွက် တည်နေရာနှင့် ဦးတည်ချက်ရွေးချယ်စရာများ။

အဆင့် ၃Notify when left behind ခလုတ်ကို ဖွင့်ပါ။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ