Samsung Pass OTP အသုံးပြုနည်

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 21.04.2023

Samsung Pass OTP (တစ်ခါသုံး စကားဝှက်) သည် Galaxy သုံးစွဲသူများအတွက် သီးခြားအက်ပ် သို့မဟုတ် SMS စာတိုပေးပို့ခြင်းဝန်ဆောင်မှုကို မလိုအပ်ဘဲ အွန်လိုင်း အကောင့်များ သို့မဟုတ် ဝန်ဆောင်မှုများကို ရယူရန် ပိုမို အဆင်ပြေသောနည်းလမ်းဖြင့် အဆင့်မြင့် လုံခြုံရေး တစ်ခုကို ပံ့ပိုးပေးပါသည်။

Samsung Pass လိုဂို ပုံ။

အက်ပ်သို့မဟုတ် ဝဘ်ဆိုဒ်အတွက် Samsung Pass OTP ကို စာရင်းသွင်းပုံ

အက်ပ်သို့မဟုတ် ဝဘ်ဆိုဒ်၏ နှစ်ဆင့် လုံခြုံရေး ဆက်တင်များ ပုံ။ အက်ပ်သို့မဟုတ် ဝဘ်ဆိုဒ်၏ နှစ်ဆင့် လုံခြုံရေး ဆက်တင်များ ပုံ။

အဆင့် ၁။ သင့်အက်ပ် သို့မဟုတ် ဝဘ်ဆိုက်ရှိ လုံခြုံရေး ဆက်တင်များကို ဖွင့်ပြီး “Two Step verification (နှစ်ဆင့် အတည်ပြုခြင်း)” ကို ရွေးချယ်ပါ။

အတည်ပြုခြင်း အက်ပ် ဆက်တင်ဖြင့် အက်ပ်သို့မဟုတ် ဝဘ်ဆိုဒ်၏ နှစ်ဆင့် လုံခြုံရေး ဆက်တင်များ ပုံ။ အတည်ပြုခြင်း အက်ပ် ဆက်တင်ဖြင့် အက်ပ်သို့မဟုတ် ဝဘ်ဆိုဒ်၏ နှစ်ဆင့် လုံခြုံရေး ဆက်တင်များ ပုံ။

အဆင့် ၂။ ထို့နောက် သင်၏ အတည်ပြုရန် နည်းလမ်းအဖြစ် “Verification app အတည်ပြုခြင်း အက်ပ်” ကိုရွေးချယ်ပါ။

နှစ်ဆင့် အတည်ပြုခြင်း OTP ကုဒ်အတွက် အက်ပ်သို့မဟုတ် ဝဘ်ဆိုဒ်၏ ဆက်တင်များ ပုံ။ နှစ်ဆင့် အတည်ပြုခြင်း OTP ကုဒ်အတွက် အက်ပ်သို့မဟုတ် ဝဘ်ဆိုဒ်၏ ဆက်တင်များ ပုံ။

အဆင့် ၃။ ၂-ဆင့် အတည်ပြုခြင်းမှ ထုတ်ပေးသော OTP ကုဒ်ကို ကူးယူပါ။.

Samsung Pass စာရင်းသွင်း ဝင်ရောက်ခြင်း အချက်အလက် ပုံ။ Samsung Pass စာရင်းသွင်း ဝင်ရောက်ခြင်း အချက်အလက် ပုံ။

အဆင့် ၄။ Samsung Pass အက်ပ်ကို ဖွင့်ပြီး “sign-in info စာရင်းသွင်းဝင်ခြင်း အချက်အလက်” ကိုနှိပ်ပါ။

ကုဒ်သို့မဟုတ် စကားဝှက် ထည့်ရန် Samsung Pass ဆက်တင်များ ပုံ။ ကုဒ်သို့မဟုတ် စကားဝှက် ထည့်ရန် Samsung Pass ဆက်တင်များ ပုံ။

အဆင့် 5။ စာရင်းသွင်းဝင်ခြင်းအတွက် သင့်အက်ပ် သို့မဟုတ် ဝဘ်ဆိုဒ်မှ OTP ကုဒ်ကို ထည့်ပါ။

အတည်ပြုခြင်း ပြီးဆုံးသော မျက်နှာပြင် ပုံ။ အတည်ပြုခြင်း ပြီးဆုံးသော မျက်နှာပြင် ပုံ။

အတည်ပြုခြင်းနှင့် စာရင်းသွင်းဝင်ခြင်း ပြီးဆုံးသွားပြီ။

မှတ်ချက်။ Samsung Pass မှ အက်ပ် သို့မဟုတ် ဝဘ်ဆိုက်တစ်ခုကို မှတ်ပုံတင်ခြင်းမှ ပယ်ဖျက်ရန် အက်ပ် သို့မဟုတ် ဝဘ်ဆိုက်များ လုံခြုံရေး ဆက်တင်များကို ဖွင့်ပြီး အဆင့်နှစ်ဆင့် အတည်ပြုခြင်းကို ပိတ်လိုက်ပါ။  ပြီးနောက် အက်ပ် သို့မဟုတ် ဝဘ်ဆိုက်ကို Samsung Pass မှ ဖယ်ရှားနိုင်သည်။

အက်ပ် သို့မဟုတ် ဝဘ်ဆိုဒ်အတွက် ဝင်ရောက်ခွင့် ကုဒ်/OTP ကို အလိုအလျောက် ထည့်သွင်းပုံ

အက်ပ် သို့မဟုတ် ဝဘ်ဆိုဒ်၏ စာရင်းသွင်းဝင်ရောက်ခြင်း မျက်နှာပြင် ပုံ။ အက်ပ် သို့မဟုတ် ဝဘ်ဆိုဒ်၏ စာရင်းသွင်းဝင်ရောက်ခြင်း မျက်နှာပြင် ပုံ။

အဆင့် ၁။ စာရင်းသွင်း ထားသော အက်ပ် သို့မဟုတ် ဝဘ်ဆိုက်ကိုဖွင့်ပြီး Samsung Pass မှအတည်ပြုကုဒ်ကို နှိပ်ပါ။ .

Samsung Pass စာရင်းသွင်း ဝင်ရောက်ခြင်း ပုံစံ။ Samsung Pass စာရင်းသွင်း ဝင်ရောက်ခြင်း ပုံစံ။

အဆင့် ၂။ သင်၏ အသေးစိတ် အချက်အလက်များကို အတည်ပြုပါ။ Samsung Pass သည် သင်၏ဝင်ရောက်ခွင့်ကို အတည်ပြုပေးပါမည်။

အက်ပ် သို့မဟုတ် ဝဘ်ဆိုက် လော့ဂ်အင် စာမျက်နှာသို့ အလိုအလျောက် ထည့်သွင်းသော ဝင်ရောက်ခွင့်ကုဒ်၏ပုံ။ အက်ပ် သို့မဟုတ် ဝဘ်ဆိုက် လော့ဂ်အင် စာမျက်နှာသို့ အလိုအလျောက် ထည့်သွင်းသော ဝင်ရောက်ခွင့်ကုဒ်၏ပုံ။

အဆင့် ၃။ သင်၏ OTP အကောင့်ဝင်ကုဒ်ကို အလိုအလျောက် ထည့်သွင်းပေးလိမ့်မည်။

အတည်ပြုခြင်း ပြီးဆုံးသော မျက်နှာပြင် ပုံ။ အတည်ပြုခြင်း ပြီးဆုံးသော မျက်နှာပြင် ပုံ။

အတည်ပြုခြင်း ပြီးဆုံးပြီ။

မှတ်ချက်။  OTP ကုဒ်များကို အလိုအလျောက်ထည့်သွင်းခြင်းအား အချို့သောအက်ပ်များ သို့မဟုတ် ဝဘ်ဆိုက်များတွင် ပံ့ပိုးမပေးသဖြင့် လူကိုယ်တိုင်ထည့်သွင်းရန် လိုအပ်နိုင်ပါသည်။

အက်ပ် သို့မဟုတ် ဝဘ်ဆိုက်အတွက် လော့ဂ်အင်ကုဒ်/OTP ကို ကိုယ်တိုင်ရိုက်ထည့်နည်း

Samsung Pass စာရင်းသွင်း ဝင်ရောက်ခြင်း အချက်အလက် ပုံ။ Samsung Pass စာရင်းသွင်း ဝင်ရောက်ခြင်း အချက်အလက် ပုံ။

အဆင့် ၁။ Samsung Pass အက်ပ်ကို ဖွင့်ပြီး “sign-in info စာရင်းသွင်းဝင်ခြင်း အချက်အလက်” ကိုနှိပ်ပါ။

အတည်ပြုကုဒ်ကို ကူးယူရန် ရွေးချယ်မှုဖြင့် Samsung Pass အကောင့်ဝင်ခြင်း အသေးစိတ် အချက်အလက်များ ပုံ။ အတည်ပြုကုဒ်ကို ကူးယူရန် ရွေးချယ်မှုဖြင့် Samsung Pass အကောင့်ဝင်ခြင်း အသေးစိတ် အချက်အလက်များ ပုံ။

အဆင့် ၂။ အတည်ပြုကုဒ်ကို ကူးယူပါ။

ဝင်ရောက်ခွင့်ကုဒ် ထည့်သွင်းနိုင်သော အက်ပ်သို့မဟုတ် ဝဘ်ဆိုဒ် မျက်နှာပြင်ပုံ။ ဝင်ရောက်ခွင့်ကုဒ် ထည့်သွင်းနိုင်သော အက်ပ်သို့မဟုတ် ဝဘ်ဆိုဒ် မျက်နှာပြင်ပုံ။

အဆင့် ၃။ အက်ပ်သို့မဟုတ် ဝဘ်ဆိုဒ် တွင် ကုဒ်ကို ထည့်သွင်းပါ။

အတည်ပြုခြင်း ပြီးဆုံးသော မျက်နှာပြင် ပုံ။ အတည်ပြုခြင်း ပြီးဆုံးသော မျက်နှာပြင် ပုံ။

အတည်ပြုခြင်း ပြီးဆုံးပြီ။

သင်၏ စက်ကို အစားထိုးသည့်အခါ ဘာလုပ်သင့်သနည်း။

Samsung Pass တွင် စာရင်းသွင်းထားသော နှစ်ဆင့်အတည်ပြုကုဒ်များပါရှိသော အက်ပ်များ သို့မဟုတ် ဝဘ်ဆိုက်များအတွက် စင့်ခ်လုပ်ခြင်းကို Samsung Cloud မှတဆင့် လုပ်ဆောင်နိုင်သည်။ ထို့ကြောင့် စက်ပစ္စည်းကို အစားထိုးထားသော်လည်း Samsung Cloud မှတစ်ဆင့် အကောင့်ဝင် အချက်အလက်နှင့်အတူ စာရင်းသွင်းထားသော နှစ်ဆင့် အတည်ပြုခြင်းအချက်အလက်များကို တစ်ပြိုင်တည်း စင့်ခ်လုပ်ပြီး အသုံးပြုနိုင်ပါသည်။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ