Galaxy Book ရှိ Samsung Pass အား အသုံးပြုနည်း

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 23.02.2024

သင့် Galaxy Book ၌ပင် သင်၏အကောင့်သို့ဝင်ရောက်ခြင်းအတွက်အချက်အလက်များကို မှတ်မိရန် မလိုအပ်တော့ပါ။ Samsung Pass ဖြင့်ပိုမိုလျင်မြန်စွာနှင့် လွယ်ကူစွာ အကောင့်သို့ဝင်ရောက်ပါ။ မိုဘိုင်းဖုန်းနှင့် တက်ဘလက်တို့တွင် အသုံးပြုခဲ့သည့် အကောင့်သို့ဝင်ရောက်ခြင်းအတွက်အချက်အလက်များကို လွှဲပြောင်းအသုံးပြုနိုင်ပြီး ၎င်းကို Galaxy Bookတွင် အသုံးပြုနိုင်ပါသည်။

Samsung Pass သင်္ကေတအား Galaxy Book နှင့် SamsungDevice တွင်မြင်တွေ့ရမှု။

ကျေးဇူးပြု၍မှတ်သားရန်−

  • PC အတွက် Samsung Pass ကို Galaxy Book 3 နှင့်အထက်တွင် ပံ့ပိုးထားသည်။

  • Samsung Pass ကို အသုံးပြုရန် Samsung အကောင့်တစ်ခုလိုအပ်ပါသည်။

  • မိုဘိုင်းဖုန်း သို့မဟုတ် တက်ဘလက်တို့တွင် Samsung Passကိုအသုံးပြုလျက်ရှိသော လက်ရှိအသုံးပြုသူများသာ PC အတွက် Samsung Pass ကို အသုံးပြုနိုင်မည်ဖြစ်ပါသည်။

မျက်နာပြင်ပေါ်တွင် မြင်တွေ့ရမည့် Samsung Pass PC အက်ပ်၏ပုံစံ

အဆင့် ၁ သင်၏ Samsung အကောင့်ဖြင့်ဝင်ရောက်ပါ။

Samsung Pass PC အက်ပ် ကျူအာ ကုတ် ကို မြင်တွေ့ရမှု။

အဆင့် ၂ Samsung မိုဘိုင်းဖုန်း သို့မဟုတ် တက်ဘလက်ဖြင့် ကျူအာကုတ်ကို Scanဖတ်ပါ။

Samsung Pass မိုဘိုင်း အက်ပ်၏ စိစစ်အတည်ပြုခြင်း မျက်နှာပြင်အား မြင်တွေ့ရမှု။

အဆင့် ၃။ သင်၏ အထောက်အထားအားအတည်ပြုပါ။ 

Samsung Pass မိုဘိုင်း အထောက်အထား စိစစ်အတည်ပြုမှု မျက်နှာပြင်အား မြင်တွေ့ရမှု။

အဆင့် ၄။ အထောက်အထားအား စိစစ်အတည်ပြုပြီးသည်နှင့် တစ်ပြိုင်နက် ဆောင်ရွက်ပြီးပါပြီ ကို နှိပ်ပေးပါ။

ဤလုပ်ငန်းစဉ်အား လုပ်ဆောင်ပြီးစီးချိန်တွင် Windows Hello အား သင်၏ PC တွင်ထည့်သွင်းအသုံးပြုရန်ဤအဆင့်များကို လိုက်နာဆောင်ရွက်ပါ။ 

ကျေးဇူးပြု၍မှတ်သားရန်− သင်က Windows Hello ကို ထည့်သွင်းတပ်ဆင်ထားပြီး ၎င်းကို အသုံးပြုလျက်ရှိပါက ဤအဆင့်ကို ကျော်လိုက်ပါမည်။

Samsung Pass တိုးချဲ့တပ်ဆင်မှု စခရင် ပုံ။

အဆင့် ၅။ အိတ်စတန်းရှင်း ကို အင်စတောပြုလုပ်ရန် မျက်နှာပြင်သည် ချက်ချင်းပေါ်လာပါသည်။ ၎င်းကို Chrome နှင့် Edge ဘရောက်ဇာ များအတွက် ရရှိနိုင်ပါသည်။

ကျေးဇူးပြု၍မှတ်သားရန်

  • အိတ်စတန်းရှင်း အသုံးပြုရန် PC အတွက် Samsung Pass နှင့်တူညီသော Samsung အကောင့်ကို မဖြစ်မနေအသုံးပြုရမည်။

  • မိုဘိုင်း ပစ္စည်း နှင့် PC နှစ်ခုစလုံးတွင် Samsung အကောင့်တစ်ခုတည်းကိုသာအသုံးပြုထားပါက Samsung Cloud မှတစ်ဆင့် ဝင်ရောက်မှုဆိုင်ရာ ဒေတာများကို ရွှေ့ပြောင်း၍ ရပါသည်။ 

Samsung Pass မှတစ်ဆင့် ဝက်ဘ်ဆိုဒ် သို့ ဝင်ရောက်သည့်မျက်နှာပြင် အား မြင်တွေ့ရမှု Samsung Pass မှတစ်ဆင့် ဝက်ဘ်ဆိုဒ် သို့ ဝင်ရောက်သည့်မျက်နှာပြင် အား မြင်တွေ့ရမှု

အဆင့် ၁။ လော့ဂ်အင်စာမျက်နှာရှိ ID သို့မဟုတ် PW အကွက် ကိုနှိပ်ပြီး လိုအပ်သောအကောင့်ကို ရွေးချယ်ပါ။

Samsung Pass မှတစ်ဆင့် ဝက်ဘ်ဆိုဒ် သို့ဝင်ရောက်သည့်မျက်နှာပြင် အား မြင်တွေ့ရမှု Samsung Pass မှတစ်ဆင့် ဝက်ဘ်ဆိုဒ် သို့ဝင်ရောက်သည့်မျက်နှာပြင် အား မြင်တွေ့ရမှု

အဆင့်၂။ သင်၏ အသုံးပြုသူအမည်နှင့် လျှို့ဝှက်စကားလုံးတို့ကို အလိုအလျောက် ဖြည့်ပေးပါမည်။ လုပ်ငန်းစဉ်အားပြီးမြောက်အောင်ဆောင်ရွက်ရန် ဝင်ရောက်မည်ကို နှိပ်ပါ။

ကျေးဇူးပြု၍မှတ်သားရန်− Galaxy Bookတွင် အလိုအလျောက် ဖြည့်ပေးခြင်းကို အသုံးပြုချိန်တွင် စစ်မှန်ကြောင်းအထောက်အထားပြခြင်း(authentication) မလိုအပ်ဘဲ Samsung Pass အက်ပ်ကို ဝင်ရောက်ချိန်မှသာ Windows Hello စစ်မှန်ကြောင်းအထောက်အထားပြခြင်း ကို လိုအပ်ပါသည်။ 

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ